backup og meta

Carbuncle (အနာပဆုပ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်

carbuncle (အနာပဆုပ်) ကဘာလဲ။

ပြည်တွေပြည့်နေတတ်တဲ့ အရေပြားမှာ ရောဂါပိုးဝင်ခြင်းတစ်မျိုးဖြစ်တယ်။ များသောအားဖြင့် အရေပြားအောက်နက်နက်ရှိုင်းရှိုင်းမှာဖြစ်တတ်ပြီး မွေးညင်းပေါက်တွေပါထိခိုက်ပါတယ်။ Staph ရောဂါပိုးဝင်ခြင်းလို့လည်းခေါ်တယ်။

တစ်ခုထက်ပိုတဲ့အနာ့ပဆုတ်တွေဟာ အရေပြားမှာ အမာရွတ်ထင်သွားစေတယ်။ ထိုအနာတွေဟာ တစ်နေရာမှ တခြားတစ်နေရာကိုပါပျံ့နှံ့ပါတယ်။

carbuncle (အနာပဆုပ်) က ဘယ်လောက်အဖြစ်များသလဲ။

အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။

လက္ခဏာများ

carbuncle (အနာပဆုပ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသိသာအထင်ရှားဆုံးကတော့ နီရဲယားယံပြီး နာတတ်တဲ့အဖုတွေဖြစ်တယ်။ ပဲနီစေ့အရွယ်ကနေ အနေတော်မှိုပွင့်အရွယ်ထိ အမျိုးမျိုးဖြစ်နိုင်တယ်။ ထိုအဖုမှာ ပြည်တွေနဲ့ပြည့်နေတတ်ပြီး အနားပတ်ဝန်းကျင်မှာလည်း ရောင်ရမ်းနေတတ်ပါတယ်။ တခြားအချက်တွေကတော့-

  • အဖုမပေါက်ခင်အရင်ယားယံခြင်း
  • တကိုယ်လုံးကိုက်ခဲခြင်း
  • နွမ်းနယ်ခြင်း
  • ဖျားခြင်း
  • အရေပြားကွဲအက်ခြင်း၊ အရည်များထွက်ခြင်း
  • အဖုပေါက်ပြီးတစ်ရက်လောက်အကြာမှာ ပြည်တည်လာခြင်း။

တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် စိုးရိမ်သည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါလက္ခဏာများဖြစ်လာပါက ဆရာဝန်ပြသင့်ပါတယ်-

အနာတစ်ခုထဲဆိုပါက မိမိဖာသာကုသလိုက်နိုင်သော်လည်း တစ်ခုထက်ပိုပါက သို့ ထိုတစ်ခုထဲသောအနာက-

  • မျက်နှာပေါ်တွင်ဖြစ်ပါက
  • အလျင်အမြန်ဆိုးလာပါက သို့ နာကျင်ပါက
  • ဖျားပါက
  • ၂ လက်မထက်ကျော်ပါက
  • ၂ ပတ်အတွင်းမကောင်းပါက
  • ပြန်ဖြစ်ပါက ဆရာဝန်ဆီသွားသင့်ပါတယ။်

ဖော်ပြပါအချက်များကြုံရပါက သို့ သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါ။

အကြောင်းရင်းများ

carbuncle (အနာပဆုပ်) ကိုဘာတွေကဖြစ်စေသလဲ

အနာပဆုပ်တွေဟာများသောအားဖြင့် Staphylococcus aureus လို့ခေါ်တဲ့ ဘတ်တီးရီးယားပိုးတစ်မျိုးက သင့်မွေးညင်းပေါက်တွေထဲ ဝင်ရောက်ရာမှဖြစ်လာရပါတယ်။ “staph.” လို့လည်းခေါ်တယ်။ ကုတ်ခြစ်မိရာတွေနဲ့ အရေပြားပေါ်က တခြားထိခိုက်မှုတစ်ခုခုဟာ ပိုးဝင်နိုင်ချေကိုအားပေးပြီး ထိုမှတဆင့် ပြည်များ၊ တစ်သျူးသေများ ပြည့်နေသော အနာများဖြစ်လာစေတယ်။

ခန္ဓါကိုယ်ရဲ့စွတ်စိုနေတတ်တဲ့ နေရာတွေဟာ ပိုးဝင်နိုင်ချေပိုများပြီး နေရာတွေကတော့-

  • နှာခေါင်း
  • ပါးစပ်
  • ပေါင်ခြံ
  • ပေါင်
  • ချိုင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ carbuncle (အနာပဆုပ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အနာပဆုပ်ဖြစ်ခြင်းကို အားပေးတဲ့အချက်တွေကတော့ –

  • သန့်ရှင်းမှုမရှိခြင်း
  • ဆီးချိုသွေးချို
  • ကိုယ်ခံအားနည်းခြင်း
  • အရေပြားရောင်ရမ်းခြင်း
  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ

မှုတ်ဆိတ်မွှေးရိတ်ခြင်းကဲ့သို့ အရေပြားထိ၇ှစေတတ်သော အလုပ်များ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

carbuncle (အနာပဆုပ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ကသင့်အရေပြားကိုစစ်ဆေးပါလိမ့်မယ်။ အနာကပြည်ကိုယူကာ ဓါတ်ခွဲစစ်ဆေးပါလိမ့်မယ်။

အနာပေါက်တာဘယ်လောက်ကြာပြီလဲသိထားဖို့က အရေးကြီးပါတယ်။ ၂ ပတ်ထက်ပိုကြာနေရင် သေချာပေါက်ဆရာဝန်ကိုပြောပြပါ။ အရင်ကဖြစ်ဖူးပါကလည်း သေချာပေါက်ပြောပြပါ။

မကြာခဏ အနာပဆုပ်တွေ ပေါက်နေတတ်တယ်ဆိုရင်တော့ ဒါဟာ ဆီးချိုသွေးချိုကဲ့သို့ တခြားရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ထိုအခါဆိုရင်တော့ ဆရာဝန်က သွေးသကြားဓါတ်၊ ဆီးသကြားဓါတ်စစ်ဖို့ လိုပါလိမ့်မယ်။

carbuncle (အနာပဆုပ်) ကို ဘယ်လိုကုသပါသလဲ

ပဋိဇီဝပိုးသတ်ဆေး – သောက်ဆေးသို့ လိမ်းဆေးသုံးရပါလိမ့်မယ်။

လိုအပ်ပါက အနာပျောက်ဆေးသုံးနိုင်ပြီး များသောအားဖြင့် အလွယ်တကူဆေးဆိုင်များမှ ဝယ်ယူရရှိတဲ့ဆေးနဲ့တင် လုံလောက်ပါတယ်။

ပဋိဇီဝပိုးသတ်ဆေးပါသောဆပ်ပြာသုံးကောင်းသုံးရနိုင်ပါတယ်။

အနာကနက်တယ် သို့ ကြီးတယ်ဆိုရင်တော့ ခွဲစိတ်မှု လိုရင်လိုနိုင်ပါတယ်။ ပြည်များကိုစုပ်ထုတ်ရနိုင်ပါတယ်။

မိမိဖာသာပြည်စုပ်မထုတ်ပါနဲ့၊ ပိုးပျံ့သွားနိုင်ပြီး သွေးကြောထဲထိရောက်သွားနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

တစ်ရက်ကိုမကြာခဏသန့်ရှင်းပြီး စိုစွတ်နွေးထွေးတဲ့အဝတ်တစ်ခု အနာပေါ်တင်တင်ပေးပါ။ ၁၅ မိနစ်လောက်ထားပါ၊ ပြည်လျော့တာမြန်စေပါတယ်။

ပဋိဇီဝပိုးသတ်ဆေးပါသောဆပ်ပြာနဲ့ အရေပြားကိုသန့်ရှင်းအောင်ထားပါ။

ခွဲစိတ်ထားပါက မကြာခဏပတ်တီးလဲပေးပါ။

အနာကိုကိုင်ပြီးပါက လက်ကိုသေချာပြန်ဆေးပါ။

တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.healthline.com/health/carbuncle#overview1. Accessed July 13, 2017.
Boils and carbuncles. http://www.mayoclinic.org/diseases-conditions/boils-and-carbuncles/home/ovc-20214754. Accessed July 13, 2017.

ယခုပုံစံ

09/01/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement