backup og meta

အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာ

အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာ

အရည်ကြည်ဖု၊ ငါးမျက်စိနဲ့ အသားမာများဟာအရေပြားနဲ့ မျက်နှာပြင်တခုခုပွတ်တိုက်မိနေတဲ့အခါ ဖြစ်ပေါ်လာပါတယ်။ ဒီအခြေအနေတွေကို ကြုံဖူးပါသလား။ သူတို့ဟာဘယ်လိုအရာတွေဖြစ်တယ် ဘယ်လိုပျောက်ကင်းအောင် လုပ်မယ်ဆိုတာစဉ်းစားဖူးပါသလား။ စဉ်းစားဖူးရင်တော့ ဒီစာကိုဆက်ပြီးဖတ်ကြည့်ပါ။

သူတို့ဟာဘာလဲ

အရည်ကြည်ဖု

အရည်ကြည်ဖုတခုဟာအရည်ကြည်လေးတွေပါတဲ့ အိတ်လေးတခုပုံစံနဲ့ အရေပြားပေါ်မှာပေါ်နေတတ်ပါတယ်။ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာသင်ဟာခြေအိတ်မပါဘဲ ရှူးဖိနပ်စီးမယ်ဆိုရင် ဖိနပ်နဲ့ သင့်ခြေဖဝါးဟာ ဆက်တိုက် ပွတ်တိုက်မှု ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သစ်ရွက်များကိုထွန်ခြစ်နဲ့ဆွဲတဲ့အခါ လက်အိတ်မဝတ်ထားရင် ထွန်ခြစ်လက်ကိုင်နဲ့ လက်နဲ့ ပွတ်တိုက်မှုဟာဆက်တိုက်ပဲပွတ်တိုက်လာနိုင်ပါတယ်။

အသားမာ

အသားမာဆိုတာကတော့ လက်ဖဝါးနဲ့ ခြေဖဝါးမှာ အရေပြားထူထဲလာခြင်း ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာပွတ်တိုက်မှုရှိလာရင် ဖြစ်ပွားနိုင်ပါတယ်။ အရေပြားဟာထူလာပြီးမျက်နှာပြင်မှာ အဖုဖြစ်လာနိုင်ပါတယ်။ အသားမာဟာ လက်ဖဝါးနဲ့ ခြေဖဝါးကို ကာကွယ်ဖို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် ခြေဖဝါးမှာဖြစ်တဲ့ အသားမာဟာ ကိုယ်အလေးချိန်ကို ထမ်းထားရတာကြောင့် နာကျင်လာတတ်ပါတယ်။

ငါးမျက်စိ

ငါးမျက်စိဟာ အသားမာနဲ့ ဆင်တူပါတယ်။ သူဟာခြေချောင်းများအနီး အရိုးအောက်ခံရှိတဲ့နေရာ၊ ဒါမှမဟုတ် ခြေချောင်းများ ကြားထဲမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ ခြေချောင်းတွေကို ကြပ်နေစေတဲ့ ရှူးဖိနပ်ကိုအချိန်ကြာကြာစီးတဲ့အခါ ဖြစ်ပေါ်လာတတ်ပါတယ်။

ဘယ်လိုကုသမလဲ

အရည်ကြည်ဖု

အရည်ကြည်ဖုတွေဟာ အချိန်နည်းနည်းကြာသွားရင် သူ့ဖာသာပျောက်သွားနိုင်ပါတယ်။ အရည်ကြည်ဖုကိုဖုံးထားတဲ့ အရေပြားဟာ ပိုးမဝင်အောင် ကာကွယ်ပေးပါတယ်။ ဆရာဝန်ဟာ အပ်သေးသေးသုံးပြီး အရည်ကြည်တွေကိုစုပ်ဖို့ အားပေးတာရှိနိုင်ပါတယ်။ ဒါပေမယ့် အရေပြာကိုတော့ ခွာစေမှာမဟုတ်ပါဘူး။ အရည်ကြည်ဖုတွကို

ခြောက်သွေ့သန့်ရှင်းအောင် ထားသင့်ပါတယ်။ ရေသန့်သန့်နဲ့ သိပ်မပြင်းတဲ့ ဆပ်ပြာနဲ့ ဆေးကြောသင့်ပါတယ်။ အညစ်အကြေးမပေအောင် ပတ်တီးစည်းပြီးကာကွယ်ထားနိုင်ပါတယ်။ ပတ်တီးကိုနေ့စဉ်လဲပေးဖို့တော့ လိုပါတယ်။

အသားမာ

အသားမာကို သွားမလှီးပါနဲ့။ အဲ့ဒါဟာပိုဆိုးစေပါတယ်။ ဖြစ်တဲ့နေရာကိုရေနွေးနွေးနဲ့ ၁၀မိနစ်လောက်စိမ်ထားပြီး ချေးတွန်းတဲ့ကျောက်အနုစားနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ ဆေးဖတ်တွေ ကပ်ပေးနိုင်ပါတယ်။

ငါးမျက်စိ

ငါးမျက်စိဟာလည်း ပျောက်ကင်းနိုင်ပေမယ့် အသားမာထက်စာရင် နည်းနည်းပိုကြာတတ်ပါတယ်။ ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ ရေနွေးစိမ်ပေးခြင်းစတဲ့ နည်းလမ်းတွေနဲ့ ငါးမျက်စိကိုပျော့နူးစေနိုင်ပါတယ်။ အဲ့ဒီနောက် ချေးတွန်းကျောက်နဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ မုန့်လက်ကောက်ပုံစံ ဆေးဖတ်ကိုဆေးဆိုင်တွေမှာ ဝယ်နိုင်ပါတယ်။ အဲဒီနည်းဟာ ငါးမျက်စိကိုပိုပြီး မြန်မြန်ဆန်ဆန် ပျောက်ကင်းစေနိုင်ပါတယ်။ salicylicအက်ဆစ်ပါတဲ့ ဆေးဖတ်တွေကိုလည်းသုံးနိုင်ပါတယ်။ salicylicအက်ဆစ်ဟာငါးမျက်စိအရေပြားကိုဖယ်ရှားပေးနိုင်ပါတယ်။

အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာမဖြစ်အောင် ဘယ်လိုကာကွယ်ပေးနိုင်လဲ

အောက်ပါအချက်တွေကိုလိုက်နာပြီးကာကွယ်နိုင်ပါတယ်။

• သင့်ခြေထောက်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ရှူးဖိနပ်ကိုပဲရွေးချယ်ပါ။ အဲ့ဒီအခါ သက်တောင့်သက်သာ ဖြစ်စေပြီးပွတ်တိုက်မှုတွေကိုကာကွယ်နိုင်ပါတယ်။ မဝယ်ခင် သေချာရွေးပါ။

• ခြေအိတ်စီးဖို့မမေ့ပါနဲ့။

• သန့်ရှင်းရေးလုပ်ရာမှာ၊ အလေးအပင်မရာမှာလက်အိတ်စွပ်ထားသင့်ပါတယ်။

အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာတွေဟာအဖြစ်များတဲ့ အရေပြားဆိုင်ရာ ပြသနာတွေ ဖြစ်ပါတယ်။ ကောင်းတာက ပျောက်အောင်ကုပြီး ရိုးရှင်းတဲ့နည်းတွေနဲ့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဆေးကုသမှုခံယူဖို့ မမေ့ပါနဲ့။ သင့်ဆရာဝန်ဟာ ကူညီနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Blisters, Corns, Calluses, and Your Skin. http://www.webmd.com/skin-problems-and-treatments/blisters-corns-calluses. Accessed March 15, 2017.
  2. https://medlineplus.gov/blisters.html. Accessed March 15, 2017.
  3. https://www.betterhealth.vic.gov.au/health/conditionsandtreatments/blisters. Accessed March 15, 2017.
  4. Corns and calluses. https://medlineplus.gov/ency/article/001232.htm. Accessed March 15, 2017.

ယခုပုံစံ

03/11/2022

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေပြားဖြည့်တည်းခြင်း

ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement