backup og meta

အင်ပြင်ထခြင်း နဲ့ သင့်အသားအရေ

အင်ပြင် ၊ ယားနာတွေဆိှုတာ ဖောင်းနေတဲ့ အကွက် (သို့) ယားယံသော အနီဖျော့ အဖုတွေ အရေပြားပေါ်မှာ ရုတ်တရက် ပြင်လိုက် ဖြစ်ပေါ်လာခြင်းကို ဆိုလိုပါတယ်။ ဓါတ်မတည့်သည့်အရာများနှင့်တွေ့လျှင် သို့မဟုတ် တစ်ခါတစ်ရံ အကြောင်းတိတိကျကျ မရှိဘဲ ပေါ်လာတတ်ပါတယ်။

အင်ပြင်ထခြင်း နဲ့ သင့်အသားအရေ

အင်ပြင် အကြောင်းသိကောင်းစရာ

အင်ပြင်တွေဟာ အရေပြားပေါ်မှာ ရုတ်တရက် ပြင်လိုက်အကွက်လိုက် ပေါ်လာတတ်တဲ့ ဖောင်းနေသော အနီရောင်ဖျော့ အဖုတွေ ၊ အကွက်တွေ ကို ခေါ်ပါတယ်။

အဓိက လက္ခဏာကတော့ ယားယံပြီး တစ်ခါတစ်ရံ စပ်ခြင်း၊ စူးခြင်းများလည်း ရှိနိုင်ပါတယ်။ မျက်နှာသာမက နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းများ ပေါ်မှာပါ ဖြစ်ပေါ်လာနိုင်ပြီး နာရီအနည်းငယ်မှ ရက်အတန်ကြာသည်ထိ ကြာနိုင်ပါတယ်။ အရွယ်အစားမှာ ပဲစေ့တစ်စေ့စာလောက်မှ ပန်းကန် တစ်ချပ်စာ လောက်ထိ အရွယ်ရှိပြီး တစ်ခုနဲ့ တစ်ခုဆက်ကာ အကွက်များဖြစ်သွားနိုင်ပါတယ်။

အင်ပြင် ဘာကြောင့်ဖြစ်ရသလဲ

အင်းဆက်များ ကိုက်ခြင်း၊ အစားအစာရှိ ဓါတုပစ္စည်းများ၊ ဓါတ်မတည့်ခြင်းများ၊ နေရောင်ထိခြင်း၊ ဆေးတချို့ကြောင့် ခန္ဓါကိုယ်မှ histamine ခေါ်ပစ္စည်းတစ်မျိုး ထွက်လာစေပြီး ထို histamine က သွေးကြောငယ်များကို ပါးသွားစေကာ သွေးရည်ကြည်များ စိမ့်ထွက်လာသောကြောင့် အင်ပြင်များ ဖြစ်ပေါ်ရခြင်းဖြစ်တယ်။

အမျိုးအစားများ

  • ရုတ်တရက် ဖြစ်တတ်သော အင်ပြင်များ (Acut urticaria) မှာ ပျောက်ရန် ခြောက်ပတ်ထက ်ပိုမကြာဘဲ အစားအစာ၊ ရောဂါပိုး၊ ဆေးများကြောင့် ဖြစ်လေ့ရှိပါတယ်။ အင်းဆက် ကိုက်ခြင်း နှင့် ရောဂါအချို့ကြောင့်လည်း ဖြစ်နိုင်တယ်။
  • နာတာရှည် အင်ပြင် (Chronic urticaria) မျိုးကတော့ ခြောက်ပတ်ထက် ပိုကြာနိုင်ပြီး တူညီသော လက္ခဏာများကြောင့် ရုတ်တရက်ဖြစ်တတ်သော အင်ပြင်များနှင့် မှားနိုင်ပါတယ်။ ကွဲပြားသည့်အချက်မှာ နာတာရှည်အင်ပြင်များမှာ ကိုယ်ခံအားစနစ်၊ နာတာရှည်ရောဂါ၊ ဟော်မုန်းပြဿနာ နှင့် အကျိတ်များကြောင့် ဖြစ်နိုင်ပါတယ်။
  • Physical urticarial လို့ခေါ်တဲ့ ထိတွေ့မှုကြောင့်ဖြစ်သော အခြား အင်ပြင်တစ်မျိုးကတော့ နေရောင်ခြည်၊ အေးခြင်း၊ ပူခြင်း၊ တုန်ခါခြင်း၊ ဖိအား၊ ချွေးထွက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ ကဲ့သို့ အရေပြားကို တိုက်ရိုက် ထိတွေ့မှုများကြောင့် ဖြစ်ပေါ်လာပြီး ထိတွေ့သော အရေပြားတဝိုက်မှာ ထိတွေ့ပြီး တစ်နာရီအတွင်း ပေါ်လာတတ်ပါတယ်။
  • ကုတ်ခြစ်အရေပြား အင်ပြင် (Dermatographism) တစ်မျိုးကတော့ အရေပြားကိုကုတ်ခြစ်ခြင်း၊ ရေးခြစ်ခြင်း ပြုလုပ်သောအခါ ဖြစ်လာတတ်သော အင်ပြင် တစ်မျိုးဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Hives and your skin
http://www.webmd.com/skin-problems-and-treatments/guide/hives-urticaria-angioedema#1

2. What are hives and Angiodema?
http://www.webmd.com/allergies/guide/hives-urticaria-angioedema#1

ယခုပုံစံ

15/02/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေပြားထိခိုက်စေတတ်သော အရာများကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

အရေပြားပြန်လည်ပြုပြင်ခြင်းကို ဘယ်အချိန်မှာ စဉ်းစားသင့်ပြီလဲ


Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/02/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။