backup og meta

body lice (သန်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

body lice (သန်းကိုက်ခြင်း) ကဘာလဲ။

သန်းတွေဟာ နှမ်းစေ့လောက်သာရှိတဲ့ သေးငယ်တဲ့အင်းဆက်တစ်မျိုးဖြစ်တယ်။ အဝတ်တွေ၊ အိပ်ရာခင်းတွေမှာနေတတ်ပြီး နေ့ဘက်တွေမှာ သင့်ခန္ဓါကိုယ်အနှံ့ လျှောက်သွားကာ သွေးစုပ်တတ်သူဖြစ်တယ်။ ကိုယ်သန်းတွေ အကိုက်အများဆုံးနေရာကတော့ လည်ပင်း၊ ပုခုံး၊ ဂျိုင်း၊ လက်ကောက်ဝတ်၊ ပေါင်ခြံ တို့ကဲ့သို့ အဝတ်နဲ့ခန္ဓါကိုယ် အထိအတွေများတဲ့နေရာတွေဖြစ်တယ်။

body lice (သန်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သန်းတွေဟာ ဒုက္ခသည်စခန်းတွေ၊ အိမ်ရာမဲ့ခိုလှုံရာတွေကဲ့သို့ လူထူထပ်ပြီးသန့်ရှင်းမှုနည်းတဲ့နေရာတွေမှာ အများဆုံးတွေ့ရပါတယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့ဆက်လက်တိုင်ပင်နိုင်တယ်။

လက္ခဏာများ

body lice (သန်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

စဉ်ဆက်မပြတ်ယားယံခြင်း

ခန္ဓါကိုယ်ရဲ့ဓါတ်မတည့်ခြင်းကြောင့်ယားကွက်များပေါ်ခြင်း

သန်းကိုက်ခြင်းများ

အနီဖုများ

သန်းများအချိန်ကြာနေထားပါက ပေါင်ခြံ၊ လက်ကောက်ဝတ်တို့မှာ အရေပြားထူထဲခြင်း သို့ မည်းမှောင်ခြင်း။

တခြားလက္ခဏာတွေလည်းရှိနိုင်သေးတာကြောင့် စိုးရိမ်သည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြပါလက္ခဏာတွေတွေ့မယ်ဆိုရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ အသင့်လျော်ဆုံးဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

body lice (သန်းကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကိုယ်သန်းတွေဟာ ဆံပင်ထဲမှာနေတဲ့သန်းတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမယ့်မတူညီတဲ့အကျင့်တွေရှိတယ်။ ခေါင်းထဲကသန်းတွေဟာ ဆံပင်ထဲမှာနေပြီး ဦးရေပြားကိုကိုက်ကာသွေးစုပ်တယ်၊ ကိုယ်သန်းတွေကတော့ အဝတ်၊ အိပ်ရာခင်းတွေမှာနေပြီး တစ်ရက်တစ်ရက်ကို သင့်ခန္ဓါကိုယ်အနှံ့ အကြိမ်များစွာလျှောက်သွားကာ သွေးစုပ်တယ်။

သင့်အဝတ်အစားတွေရဲ့ချုပ်ရိုးနေရာတွေဟာ သန်းများဥဥလေ့ရှိသော နေရာဖြစ်တယ်။ ကိုယ်သန်းတွေရှိနေသူနဲ့ နီးကပ်စွာထိတွေ့ရာက ဒါမှမဟုတ် သန်းတွေရှိနေတဲ့ အဝတ်အစား၊ အိပ်ရာခင်းတွေနဲ့ ထိတွေ့ရာကနေ သန်းကူးနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Body Lice (သန်းကူးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သန်းကူးခြင်းကိုအားပေးသောအချက်များ

  • စစ်ပွဲဒုက္ခသည်စခန်းများ
  • အိမ်ခြေမဲ့များ
  • ဘေးအန္တရာယ်ဒုက္ခသည်များ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

body lice (သန်းကိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သန်းကိုက်ခြင်းကို အရေပြားကိုကြည့်ခြင်း၊ အဝတ်အစားတွေမှာ သန်းဥနဲ့ တွားသွားနေကြတဲ့သန်းတွေကိုရှာခြင်းတို့ဖြင့် သိနိုင်တယ်။ ထိုအင်းဆက်လေးတွေဟာ နှမ်းစေ့လောက်ပဲရှိပေမယ့် သာမန်မျက်လုံးနဲ့မြင်ရပါတယ်။ ဒါပေမယ့်သူတို့ကိုရှာဖွေဖို့ မှန်ဘီလူးသုံးနိုင်တယ်။ သန်းဥတွေကို အဝတ်အစားတွေရဲ့ ချုပ်ရိုးတွေမှာတွေ့ရတယ်။

body lice (သန်းကိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

မိမိကိုယ်ကိုနဲ့ သန်းတွယ်နေသောအဝတ်အစား၊ အိပ်ရာခင်း စသည်ကို ဆပ်ပြာ၊ ရေနွေးနွေးတို့ဖြင့်ဆေးပါ။ လျှော်လို့မဖြစ်တဲ့ အဝတ်အစားတွေမှာ အခြောက်လျှော်ပြီး မီးပူတိုက်ခြင်းကလည်း ထိရောက်ပါတယ်။ ထိုနည်းတွေမဖြစ်မြောက်ဘူးဆိုရင်တော့ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ လိုးရှင်းများ၊ ခေါင်းလျှော်ရည်များကို ုသုံးနိင်တယ်။ သုံးသင့်တဲ့လိုးရှင်းကိုဆရာဝန်ညွှန်းပါလိမ့်မယ်။ သန်းသတ်တဲ့ပစ္စည်းတွေဟာ လူကိုလည်းအဆိပ်ရှိတာကြောင့် ညွှန်းစာကိုတော့သေချာလိုက်နာပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

မိမိကိုယ်ကိုနဲ့ သန်းတွယ်နေသောအဝတ်အစား၊ အိပ်ရာခင်း စသည်ကို ဆပ်ပြာ၊ ရေနွေးနွေးတို့ဖြင့်ဆေးခြင်းဖြင့် သန်းတွေကိုဖယ်ရှားနိုင်တယ်။ ရေနွေးနွေးနဲ့ ဆပ်ပြာနဲ့လျှော်ပြီး အခြောက်ခံပါ။

လျှော်မရနိုင်သောအဝတ်များကို အခြောက်လျှော်ပြီး မီးပူတိုက်လည်းဖြစ်ပါတယ်။

လျှော်လို့မဖြစ်တာတွေကို ပလတ်စတစ်အိတ်ထဲထည့်ကာ နွေးသောနေရာမှာ နှစ်ပတ်ခန့်သိမ်းထားပါ။ အိပ်ရာခင်းများ၊ ထိုင်ခုံများနဲ့ တခြားသော ပရိဘောဂများကို မီးပူတိုက်ခြင်း၊ သန်းသတ်ဆေးများဖြင့်ဖြန်းခြင်းဖြင့် ဥများဖယ်ရှားနိုင်တယ်။ ထိုသန်းများတွယ်နေသောအရာများကို နှစ်ပတ်ခန့်မသုံးပဲဖယ်ထားပါ။

သန်းတွယ်ခြင်းရှောင်ရန် သန်းတွယ်နေသောသူနဲ့ အဝတ်အစား၊ အိပ်ရာများတူတူမသုံးပါနဲ့။ ပုံမှန်ရေချိုးပါ၊ အိပ်ရာခင်းတွေကို တစ်ပတ်တစ်ခါလဲပါ။

တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Body lice. http://www.mayoclinic.org/diseases-conditions/body-lice/home/ovc-20165755. Accessed September 7, 2017.
Body Lice Infestation. http://www.healthline.com/health/body-lice#overview1. Accessed September 7, 2017.

ယခုပုံစံ

09/01/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်



Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement