brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဝက်ခြံကြောင့် အသားတွေ ယားနေတဲ့အခါ

ဝက်ခြံကြောင့် အသားတွေ ယားနေတဲ့အခါ

ဝက်ခြံကြောင့် အသားတွေ ယားနေတဲ့အခါ

ဝက်ခြံက လူတိုင်းလိုလို ခံစားနေရတဲ့ အရေပြား ပြဿနာပါ။ ဆယ်ကျော်သက်တိုင်း လိုလို ရှောင်လွဲလို့ မရတဲ့​ အရေပြားပြဿနာပါ။ ဆယ်ကျော်သက်အရွယ် လူပျိုဖော်၊ အပျိုဖော်မဝင်ခင်မှာ ဝက်ခြံ ဖြစ်တာကို အများဆုံး ကြုံတွေ့ရပါတယ်။

အချို့က လူပျိုဖော်၊ အပျိုဖော် ဝင်ပြီးချိန်မှာ သက်သာသွားတတ်ကြပေမယ့် အချို့ကတော့ အရွယ်ရောက်တဲ့ အချိန်ထိ ဝက်ခြံတွေ ဆက်ပေါက်နေတတ်ကြပါတယ်။

ဝက်ခြံထွက်တဲ့အခါ အရေပြားပေါ်က ဂလင်းလေးတွေ၊ မွှေးညှင်းပေါက်လေးတွေ ရောင်ရမ်းတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာပါ။ ဒီတစ်ခေါက်တော့ ဝက်ခြံကြောင့် အသားတွေ ယားနေတဲ့အခါ ဘယ်လို သက်သာအောင်လုပ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဝက်ခြံ ဘာကြောင့် ဖြစ်ရတာလဲ ………

ဝက်ခြံ ဖြစ်ရတဲ့ အကြောင်းအရင်းက တစ်ခုမက ရှိနေပါတယ်။

ဝက်ခြံတွေ ဘာကြောင့် ယားယံရတာလဲ…..

ဝက်ခြံကြောင့် အသားတွေ ယားနေတဲ့အခါ

ဝက်ခြံတွေက ယားယံတယ်၊ နာကျင်တယ်၊ နေရထိုင်ရတာ သက်တောင့်သက်သာ မဖြစ်တာမျိုး ဖြစ်စေနိုင်တယ်ဆိုတာကို လူတိုင်းလိုလို သိပေမယ့် ဝက်ခြံတွေ ဘာကြောင့် ယားယံတာလဲဆိုတာကိုတော့ သိသူ ခပ်ရှားရှားပါ။ ဒီတော့ ဝက်ခြံတွေ ဘာကြောင့် ယားယံရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ဝက်ခြံတွေကို ယားယံစေတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ အဖြစ်အများဆုံး အကြောင်းအရင်းကတော့ အရေပြား ထိခိုက်တာနဲ့ အရေပြားခြောက်တာ၊ ချွေးပေါက်တွေ ပိတ်ဆို့တာကြောင့်ပါ။ အရေပြားရဲ့ သဘာဝကိုက ခြောက်ရင် ယားယံတာပါ။

အခြား ယားယံစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့

အကောင်းဘက်က တွေးကြည့်မယ်ဆိုရင်တော့ ဝက်ခြံကြောင့် အရေပြား ယားယံတာက ဝက်ခြံတွေ သက်သာလာတာ၊ အနာကျက်လာတာ၊ အရေပြားဆဲလ်အသစ်တွေ ဖြစ်ပေါ်လာတာကြောင့်ပါ။ ဒီဖြစ်စဉ်အတွင်းမှာ အရေပြားက ဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် အသားအရေက ခြောက်ပြီး အဖက်လန်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီကာလအတွင်းမှာ အရေပြားက မအီမသာဖြစ်တာ ယားယံတာတွေကို ခံစားရနိုင်ပါတယ်။

ဝက်ခြံကြောင့် အသားတွေ ယားနေတဲ့အခါ မကုတ်ပါနဲ့

ဝက်ခြံကြောင့် အသားတွေ ယားနေတာက တော်တော်လေး ခံစားရခက်ပါတယ်။ လက်တွေက အလိုလိုကို ကုတ်မိနေတဲ့အထိပါ။ ဒါပေမယ့် ဝက်ခြံကြောင့် အသားတွေ ယားလာတဲ့အခါ မကုတ်ပါနဲ့။ ကုတ်တာက ပိုဆိုးသွားစေနိုင်လို့ပါ။ ဒီလို ကုတ်တာ ဝက်ခြံတွေကို တစ်ကျော့ပြန် ပြန်ဖြစ်စေနိုင်ပြီး အရေပြားကို ထိခိုက်စေနိုင်ပါတယ်။

  • အရေပြားမှာ အမာရွတ်တွေ ကျန်နေတာ
  • ပိုးဝင်ကူးစက်တာ
  • ဝက်ခြံတွေကို ပိုဆိုးစေနိုင်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ဝက်ခြံကြောင့် အသားတွေ ယားနေတဲ့အခါ သက်သာစေဖို့

ဝက်ခြံကြောင့် အသားတွေ ယားနေတဲ့အခါ သက်သာစေဖို့ အခုလိုလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။

  • အစိုဓာတ် ထိန်းပေးပြီး ဆပ်ပြာ ခပ်ပျော့ပျော့ပဲ ပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာနဲ့ သန့်စင်ပါ
  • လက်တွေကို သေချာ သန့်ရှင်းအောင် ထားပါ
  • လက်တွေနဲ့ ထိတွေ့ ကိုင်တွယ်တာမျိုး မလုပ်ပါနဲ့
  • နေရောင်ဒဏ်ကနေ ကာကွယ်ပါ
  • အရေပြား ခြောက်သွေ့တာ၊ နီမြန်းတာ၊ ရောင်ရမ်းတာတွေ သက်သာစေဖို့ ရှားစောင်းလက်ပပ်လိုမျိုး အစိုဓာတ် ထိန်းပေးတာမျိုးနဲ့ လုပ်ထားတဲ့ moisturizers တွေကို လိမ်းပေးပါ
  • calamine lotion လိမ်းပေးပါ
  • ရေခဲဝတ် ကပ်ပေးပါ
  • ရေနွေးငွေ့ ခံပေးပါ
  • ဆဲလ်သေတွေ ဖယ်ရှားပေးပါ။

အရေပြားကို သေချာလေး သန့်စင်ပြီး အစိုဓာတ် ထိန်းပေးတာက ဝက်ခြံကြောင့် ယားယံတာကို ထိထိရောက်ရောက် သက်သာစေမှာပါ။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။