backup og meta

အပ်မသုံး မီဆိုကုထုံး နှင့် ဝက်ခြံများ

အန္တရာယ်မများတဲ့ ဝက်ခြံကုနည်းအမျိုးမျိုးဟာ ဘေးကင်းမှု၊ အာနိသင်ရှိမှုတွေကြောင့် လူကြိုက်များနာမည်ကျော်လာပါတယ်။ ဝက်ခြံတွေကိုကုချင်တယ်၊ ဒါပေမယ့် အပ်တော့ကြောက်တယ်ဆိုရင်တော့ အပ်မသုံးတဲ့ mesotherapy နည်းကိုစဉ်းစားကြည့်သင့်ပါတယ်။

ဘာကြောင့်ဝက်ခြံတွေဖြစ်ရသလဲ

ဝက်ခြံတွေဟာ အဆီပေါက်၊ ချွေးပေါက်တွေပိတ်ခြင်းရဲ့ ရလဒ်ပါ။ သင့်အရေပြားဟာ ခြောက်သွေ့မှုကို ကာကွယ်ဖို့ အဆီတွေထုတ်ရပါတယ်။ ထိုအဆီတွေ၊ ဆဲလ်အသေတွေ၊ ဖုန်အညစ်အကြေးတွေနဲ့ မိတ်ကပ်တွေက အဆီပေါက်တွေ၊ ချွေးပေါက်တွေကို သွားပိတ်တဲ့အခါ ထိုအပေါက်ငယ်တွေရောင်ရမ်းပြီး ဝက်ခြံတွေဖြစ်လာရပါတော့တယ်။

အရေပြားပေါ်မှာမြင်ရတဲ့ အမည်းစက်လေးတွေနဲ့၊ အရေပြားအောက်မှာ ဝက်ခြံဖြစ်နေတာကြောင့် အဖြူဖုငယ်လေးတွေအဖြစ်သာ မြင်နေရာတွေကတော့ ဆားဝက်ခြံတွေဖြစ်တယ်။

အပ်မသုံး mesotherapy ဆိုတာဘာလဲ

mesotherapy ဆိုတာ အပ်ငယ်လေးတွေနဲ့ အရေပြားထဲကို ဆေးထိုးထည့်သော နည်းတစ်နည်းဖြစ်ပါတယ်။ တိုးတက်လာတဲ့နည်းပညာအလျောက် ခုဆိုရင် အပ်မသုံးတဲ့ mesotherapy ရရှိနေပါပြီ၊ ထိုနည်းသစ်ကတော့ အပ်အစား လျှပ်စစ်ဓါတ်သုံးပြီး ဆေးတွေ၊ အာဟာရတွေကို သင့်အရေပြားထဲထည့်ပေးခြင်းဖြစ်တယ်။

ထိုနည်းဟာ အရေပြားအတွင်းပိုင်းထိ ဆေးထိုးထည့်ခြင်းဖြင့် အရေပြားအလယ်လွှာကို လှုံ့ဆော်ပေးခြင်းဖြစ်တယ်။ ဝက်ခြံသာမက အကြောပြတ်ရာများပါကုနိုင်တဲ့အပြင် အလေးချိန်ကျဖို့အတွက်ပါ သုံးနိုင်ပါတယ်။

ဝက်ခြံတွေကိုကုတဲ့အခါမှာ mesotherapy ကဒါတွေကို အရေပြားဆီပို့ပေးတာပါ-

· Hyaluronic acid – ဝက်ခြံအမာရွတ်များ၊ ပိုးဝင်ခြင်းများကို ကုသပေးပြီး အသားအရေစိုပြေစေပါတယ်။

· Collagen – အပေါက်ငယ်များကို ကျဉ်းပေးပြီး အညစ်အကြေးနှင့် ဘတ်တီးရီးယားများ စုပုံခြင်းကို ကာကွယ်ပေးပါတယ်။

· ဗီတာမင်နှင့် သတ္ထုဓါတ်များ – အသားအရေတောက်ပကျန်းမာစေဖို့အတွက် လိုအပ်တဲ့ တွေထောက်ပံ့ပေးပါတယ်။

· Amino acids(arginine and methionine) – ရောဂါပိုးဝင်ခြင်းများကုသပေးကာ ပျက်စီးနေသော ဆဲလ်များကိုပြုပြင်ပေးပါတယ်။

ဘယ်လိုလုပ်သလဲ

အပ်မသုံး mesotherapy ဟာ နာကျင်မှုမရှိသော ညင်သာတဲ့ နည်းတစ်နည်းဖြစ်ပါတယ်။ Ultrapeel Transderm Ionto System ဟုခေါ်သော စနစ်ကိုအသုံးပြုတယ်။ ထိုစနစ်က microdermabrasion ဟုခေါ်သော အရေပြားအပေါ်ဆုံးလွှာမှ ဆဲလ်အသေများကိုစားပစ်ခြင်းနည်းနဲ့ သင့်အရေပြားကို သန့်စင်ပေး၊ အဆိပ်ထုတ်ပေးပါတယ်။

ထို့နောက် dermoelectroporation ဟုခေါ်သောနည်းဖြင့် အားပျော့သည့်လျှပ်စစ်ဓါတ်နှင့် ဆေးများ၊ လိုအပ်သည့်အာဟာရများကို သင့်အရေပြားထဲသို့ ပို့လွှတ်ပါတယ်။

ဆေးခန်းအလိုက်အနည်းငယ်ကွာခြားနိုင်ပေမယ့် အဓိက အဆင့် ၄ ဆင့်ရှိပါတယ်-

အဆင့် ၁ – မျက်နှာမှအညစ်အကြေးများ၊ အဆီများ၊ ပိတ်နေသောအပေါက်ငယ်များကို သန့်စင်ပါလိမ့်မယ်။ မျက်နှာကိုအနည်းငယ်နှိပ်နယ်ပေးနိုင်ပါတယ်။

အဆင့် ၂ – ဂျယ်လ်တစ်မျိုးသုတ်လိမ်းပါမယ်။ ထိုဂျယ်လ်မှာ သင့်အရေပြားအတွက်လိုအပ်တဲ့ ဆေးတွေပါနိုင်ပါတယ်။ ထိုအရာဟာ လိုအပ်တဲ့ အသုံးပြုပစ္စည်းများကို သင့်အရေပြားအောက်လွယ်ကူချောမွေ့စွာ ဝင်သွားနိုင်အောင်လည်း ကူညီပေးပါလိမ့်မယ်။

အဆင့် ၃ – ပစ္စည်းများသုံးကာ သင့်အရေပြားကိုသန့်စင်ပြီး ဆေးများပို့လွှတ်ပေးပါလိမ့်မယ်။

အဆင့် ၄ – ထိုသို့ပို့လွှတ်အပြီးမှာတော့ လိမ်းထားသော ဂျယ်လ်များကိုသန့်စင်ပြီး ရောဂါပိုးမဝင်စေရန် လိုအပ်သည့်အရာသုတ်လိမ်းပေးပြီးရင်တော့ ပြီးဆုံးပါပြီ။

အကောင်းဆုံးအာနိသင်ရဖို့ အကြိမ်ရေများများယူခိုင်းပါလိမ့်မယ်။ အကြိမ်အရေအတွက်က တစ်ယောက်နဲ့တစ်ယောက်မတူဘူးဆိုတာ မမေ့ပါနဲ့။

ဒါကြောင့် သင့်ကုသမှုမခံယူမီ ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးကြည့်ဖို့က အရေးကြီးပါတယ်။

ကုသမှုအပြီးဘာတွေဖြစ်နိုင်သလဲ

ကုသမှုအပြီးမှာ သင့်လျော်တဲ့ အသားအရေစောင့်ရှောက်မှုနည်းများ ပြောပြပါလိမ့်မယ်။

· ၄၈ နာရီအတွင်း ပြင်းထန်သောလှုပ်ရှားမှုများရှောင်ပါ

· ၆ နာရီမှ ၈ နာရီအတွင်း ရေနွေးဖြင့်ချိုးခြင်းရှောင်ပါ

· ၄ နာရီခန့်အထိမိတ်ကပ်၊ အသားအရေထိန်းသိမ်းပစ္စည်းများ မသုံးပါနဲ့။

အပ်မသုံး mesotherapy ကို FDA မှလက်ခံထားပြီးပါပြီ။ ပုံမှန် mesotherapy ထက်ပိုဘေးကင်းသောနည်းဖြစ်သလို ရလဒ်က လိုချင်သလောက်မခံတာ၊ နောက်ထပ်စောင့်ရှောက်မှု ကုသမှုတွေလိုအပ်တာတွေ ဖြစ်လာနိုင်တာကြောင့် ကောင်းကျိုးဆိုးပြစ်တွေ နှိုင်းယှဉ်ချိန်ဆကြည့်ဖို့ ဆရာဝန်နဲ့အရင်သေချာဆွေးနွေးတိုင်ပင်ကြည့်သင့်ပါတယ်။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://dentox.com/botox-edu-news/add-mesotherapy-treatment-practice/
http://www.webmd.com/vitamins-supplements/ingredientmono-1062-hyaluronic%20acid.aspx?activeingredientid=1062&
http://www.buzzle.com/articles/needle-free-mesotherapy-procedure.html

ယခုပုံစံ

12/05/2020

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

နှင်းခူ အမျိုးအစား ဘယ်နှမျိုးရှိသလဲ၊ ဘယ်လိုကုသနိုင်သလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။