backup og meta

မီဆိုကုထုံးက ဝက်ခြံတွေအတွက်ဘယ်လိုထိရောက်သလဲ

ဝက်ခြံတွေဟာ ဆယ်ကျော်သက်ဘဝမှာရော၊ အသက်ကြီးသည်ထိတိုင်အောင် ကြုံရအများဆုံး အရေပြားပြဿနာတစ်ခုပါ။ မြန်မြန်ကုလေလေ၊ ပိုသက်သာလေလေဆိုတာသိပါသလား။

Mesotherapy ဆိုတာ ဝက်ခြံတွေအတွက် လွယ်ကူပြီး ထိရောက်မှုရှိတဲ့ ကုသနည်းတစ်ခုပါ။ လေ့လာကြည့်ရအောင်-

ဝက်ခြံဖြစ်စေသောအရာများ

ဝက်ခြံတွေဟာနာမည်ကြီးလွန်းပြီးသားပါ။ သင်လည်းသိပြီးသားဖြစ်မှာပေါ့။ ဒါပေမယ့် ဘာတွေက ဝက်ခြံတွေဖြစ်လာစေနိုင်လဲဆိုတာရော သိပါသလား။ သင့်ချွေးပေါက်၊ အဆီပေါက်တွေမှာ အဆီတွေ၊ ဆဲလ်အသေတွေနဲ့ ပြည့်သွားတဲ့အခါ ဝက်ခြံတွေဖြစ်လာတတ်ပါတယ်။ ဆဲအသေတွေဟာ အပေါက်ငယ်တွေထဲမှာပြည့်နေမယ်၊ ဒါမှမဟုတ် မျက်နှာပြင်ပေါ်လျှံတက်လာပါလိမ့်မယ်။

ဝက်ခြံဖြစ်စေတဲ့အချက်တချို့ကတော့-

· ဟော်မုန်းတွေ– ဟော်မုန်းတွေက အဆီတွေထွက်စေပါတယ်။ ဒါကြောင့် သင့်ဟော်မုန်းတွေ မငြိမ်ချိန် ဆယ်ကျော်သက်ဘဝမှာ ဝက်ခြံတွေပေါက်လေ့ရှိတာပေါ့။

· အစားအသောက်– နို့ထွက်ပစ္စည်း၊ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝတဲ့စားစရာတွေဟာ ဝက်ခြံတွေဖြစ်စေပါတယ်။

· ဆေးတွေ– တချို့ဆေးတွေဟာ ဝက်ခြံတွေပိုပေါက်စေတယ်။ ပိုသိရှိဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။

· အသားအရေညစ်ညမ်းတဲ့အခါ- ချွေးပေါက်၊ အဆီပေါက်တွေ လေမရတဲ့အခါ ဝက်ခြံတွေပိုဆိုးနိုင်ပါတယ်။ ချွေးထွက်ခြင်း၊ အရေပြားကိုထိတွေ့ကိုင်တွယ်ခြင်းတွေက ချွေးပေါက်၊ အဆီပေါက်တွေကိုမသန့်စေပါဘူး။ မိတ်ကပ်အကျွင်းအကျန်တွေကိုလည်း ရှင်းလင်းပစ်သင့်ပါတယ်။

Mesotherapy နဲ့ဝက်ခြံတွေကုနိုင်သလား

Mesotherapy ဆိုတာ ခွဲစိတ်စရာမလိုဘဲ အရေပြားအောက် တစ်သျူးများကို ဆေးထိုးကုသနည်းတစ်နည်းပါ။ ဆေးအမျိုးမျိုးနဲ့ အခြေအနေအမျိုးမျိုးအတွက် အန္တရာယ်မရှိဘဲ အံဝင်ခွင်ကျဖြစ်စေမယ့် နည်းတစ်မျိုးဖြစ်တယ်။ အကျိုးကျေးဇူးတွေကြောင့် ဥရောပနဲ့ အမေရိကတခွင်မှာ mesotherapy ကိုရွေးချယ်အသုံးပြုနေကြပါတယ်။

Mesotherapy က ဝက်ခြံတွေကို ရုပ်ပိုင်းဆိုင်ရာရော ဓါတုဗေဒပိုင်းဆိုင်ရာ နည်းတွေနဲ့ပါ ကုသပေးနိုင်ပါတယ်။ ထိုးလိုက်တဲ့ဆေးတွေက အဆီထုတ်မှုလျှော့စေတဲ့ antioxidant တွေထွက်စေတယ်။ အဆီထွက်ခြင်းနည်းတဲ့အခါ ဝက်ခြံတွေသက်သာလာပါတယ်။

ဒါ့အပြင် ဆေးထိုးခြင်းကြောင့် ဆဲလ်အဟောင်းတွေအစားဝင်မယ့် ဆဲလ်အသစ်တွေဖြစ်လာပြီး သင့်အသားအရေကို ဝင်းလက်တောက်ပစေပါလိမ့်မယ်။

ဝက်ခြံတွေကို သင့်လျော်သောကုသမှု၊ မျှတသော နေထိုင်မှုပုံစံတွေနဲ့ ကောင်းကောင်းကုသနိုင်ပါတယ်။ သင့်အတွက် အကောင်းဆုံး၊ အသင့်လျော်ဆုံးတွေ ရစေဖို့အတွက် အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.mayoclinic.org/diseases-conditions/acne/basics/causes/con-20020580
http://www.webmd.com/skin-problems-and-treatments/acne/acne-vulgaris-what-increases-your-risk
http://www.vietura.com/acne-treatment-and-acne-scars

ယခုပုံစံ

12/05/2020

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

နှင်းခူ အမျိုးအစား ဘယ်နှမျိုးရှိသလဲ၊ ဘယ်လိုကုသနိုင်သလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement