backup og meta

အသားအရေခြောက်တဲ့သူတွေ ရွေးချယ်သင့်တဲ့ မျက်နှာသစ်ဆေး၊ အစိုဓါတ်ထိန်းခရင်မ်နဲ့ အစားအစာ

အသားအရေခြောက်တဲ့သူတွေ ရွေးချယ်သင့်တဲ့ မျက်နှာသစ်ဆေး၊ အစိုဓါတ်ထိန်းခရင်မ်နဲ့ အစားအစာ

အသားအရေခြောက်တဲ့သူတွေ ရွေးချယ်သင့်တဲ့ မျက်နှာသစ်ဆေး၊ အစိုဓါတ်ထိန်းခရင်မ်နဲ့ အစားအစာ

ပျိုမဒီလေးတွေရဲ့ အသားအရေတွေဟာ တစ်ယောက်နဲ့ တစ်ယောက် တော်တော်လေးကို မတူညီကြပါဘူးနော်။ အသားအရေ အမျိုးအစားကလည်း အမျိုးမျိုး ကွဲနေပါတယ်။ ခြောက်သွေ့တဲ့ အသားအရေ၊ အဆီပြန်တတ်တဲ့ အသားအရေ၊ ပေါင်းစပ်အသားအရေနဲ့ ထိခိုက်လွယ်တဲ့ အသားအရေဆိုပြီး ရှိပါတယ်။ ပျိုမဒီလေးရဲ့ အသားအရေက ဘယ်အမျိုးအစားလဲဆိုတာ သိထားဖို့ လိုအပ်ပြီး သင့်တော်တဲ့ မျက်နှာသစ်ဆေးနဲ့ အစိုဓါတ်ထိန်းခရင်မ်ကိုလည်း ရွေးချယ်တတ်ဖို့ လိုပါတယ်နော်။ ဒီတစ်ခါမှာတော့ အသားအရေခြောက်တဲ့ ပျိုမဒီလေးတွေအတွက် လမ်းညွန်ပေးမယ်နော်။

မျက်နှာသစ်ဆေး

ပျိုမဒီလေး အသားအရေနဲ့ ပတ်သက်ပြီးတော့ မျက်နှာမှာ တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေတာနဲ့ အလွှားလိုက်လိုမျိုး ဖြစ်တာကို ခံစားမိနေတယ်ဆိုရင်တော့ ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်ပါ။ အသားအရေခြောက်ပြီး အမြဲလိုလို မွဲခြောက်နေတာကို ဘယ်သူမှ ကြိုက်မှာ မဟုတ်ဘူးနော်။ လိုအပ်တဲ့ အဆီ မရှိခြင်း ဒါမှမဟုတ် ရေဓါတ် နည်းတာတွေကြောင့် ဖြစ်နိုင်သလို နှစ်မျိုးစလုံးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရေများများသောက်နော်။

အသားအရေခြောက်သွေ့တဲ့အတွက် အဆင်ပြေတဲ့ မျက်နှာသစ်ဆေးကိုတော့ သုံးလို့ မရဘူးနော်။ ပိုဆိုးသွားမှာ စိုးရိမ်ရတယ်လေ။ Alchol နဲ့ mineral oils ပါဝင်တဲ့ မျက်နှာသစ်ဆေးတွေကို ရှောင်ဖို့ လိုပါတယ်။ ခြောက်သွေ့တဲ့အသားအရေ ပိုင်ရှင်အနေနဲ့တော့ milk ပါဝင်တဲ့ မျက်နှာသစ်ဆေးလေးတွေ ပိုပြီး အသုံးပြုသင့်ပါတယ်။

အစိုဓါတ်ထိန်းခရင်မ်

ပျိုမဒီလေးတို့ရေ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင် ဖြစ်တဲ့အတွက် အစိုဓါတ် ထိန်းဖို့တော့ လိုတာပေါ့နော်။ ဒါဆိုရင် Moisturizerရွေးတဲ့ အခန်းကဏ္ဍကို ရောက်ရှိလု့ိ လာပါပြီ။ Hyaluronic acid နဲ့ Dimethicone ပါဝင်တဲ့ အစိုဓါတ်ထိန်းခရင်မ်လေး ရှာသုံးရင်တော့ ကောင်းပါတယ်။ သူတို့က အစိုဓါတ် ပေးနိုင်တယ်လေ။ Glycerin၊ propylene glycol၊ proteins နဲ့ urea တွေကတော့ အသားအရေကို ရေဓါတ် ပေးစွမ်းနိုင်ပါတယ်။ အကယ်လို့များ Moisturizer မလိမ်းချင်ဘဲ Night cream လိမ်းချင်တယ်ဆိုရင်တော့ သဘာဝအတိုင်း အသားအရေကို စိုစိုပြေပြေလေး ဖြစ်စေတဲ့ linolenic၊ linoleic acid နဲ့ ceramides လိုမျိုး fatty acid ပါဝင်တဲ့ Night Cream လေး သုံးနိုင်ပါတယ်။

အစားအစာ

အသားအရေထိန်းသိမ်းတဲ့အထဲမှာလည်း အစားအစာတွေက အဓိက ကျပါသေးတယ်နော်။ အသားအရေ ခြောက်သွေ့ရင်တော့ ရေ၊ ငါး၊ အသီးအနှံ၊ အစေ့အဆံ၊ ထောပတ်သီး၊ လိမ္မော်ရောင် အသီးအနှံနဲ့ FLAXSEED တွေ စားသင့်ပါတယ်။ အသားအရေ ခြောက်သွေ့တာကို အလဲထိုးနိုင်တာကတော့ ရေဓါတ်ပါပဲ။ ရေများများ သောက်ဖို့ လိုပါတယ်။ ရေများများသောက်တာက အရည်ရွှမ်းတဲ့ ပန်းသီး၊လိမ္မော်သီးနဲ့ သခွားသီးတွေ စားသလိုပါပဲ။ ဒါဆိုရင်တော့ အသားအရေလည်း သိသိသာသာ တိုးတက်လာမှာ အသေအချာပါပဲနော်။

ထောပတ်သီးက ဗီတာမင် E၊ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်ပြီးတော့ အဆီဓါတ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ အသားအရေကို စိုပြေစေနိုင်တဲ့ အသီးပါ။ နောက်တစ်ခုကတော့ ထောပတ်သီးမှာ oleic acid ပါဝင်ပြီး အပေါ်ယံအရေပြား နူးညံ့ဖို့နဲ့ ရေဓါတ်ရဖို့ အထောက်အကူပေးပါတယ်။ လိမ္မော်ရောင်နဲ့ အဝါရောင် ရှိတဲ့ အသီးတွေမှာ ဗီတာမင် အေ တွေ ပေါပေါများများ ပါဝင်ပြီး အသားအရေ မွဲခြောက်ပြီး ပျက်စီးတာတွေကို လျင်လျင်မြန်မြန် သက်သာစေပါတယ်။

အစေ့အဆံတွေကလည်း ဗီတာမင် E ပါဝင်ပြီး အသားအရေကို ခြောက်သွေ့စေတဲ့ UV ဒဏ်တွေကနေ ကာကွယ်ပေးပါတယ်။ စားသုံးပေးဖို့ လိုပါတယ်နော်။ ကဲ ပျိုမဒီလေးတို့ရေ အသားအရေခြောက်လို့ စိတ်မညစ်တော့နဲ့နော်။ သုံးရမယ့် မျက်နှာသစ်ဆေး၊ အစိုဓါတ်ထိန်းခရင်မ်တွေနဲ့ အစားအစာတွေ သိရပြီဆိုတော့ အသားအရေခြောက်တာတွေကို ကျော်ဖြတ်နိုင်လောက်ပါပြီ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Choose and Use the Best Face Wash for Healthy, Great-Looking Skin

https://vitals.lifehacker.com/how-to-choose-and-use-the-best-face-wash-for-healthy-g-1762299731

Choosing the Right Moisturizer for Your Skin

https://www.webmd.com/beauty/features/moisturizers#2

Find Your Perfect Night Cream

https://www.prevention.com/beauty/skin-care/find-your-perfect-night-cream/slide/1

https://bioeffect.co.uk/thebuzz/7-best-foods-nourish-dry-skin/#

ယခုပုံစံ

12/05/2020

Eaindray Kha မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပျိုပျိုမေတို့ရဲ့ ခေါင်းအစခြေအဆုံးအလှကို သံပုရာသီး နဲ့ပြင်ကြမယ်

မျက်ခုံးမွေးထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement