backup og meta

အရေးအကြောင်းများကိုဘယ်လိုကာကွယ်မလဲ

အရေးအကြောင်းများကိုဘယ်လိုကာကွယ်မလဲ

ကော်လာဂျင်ဓါတ်သည်အရေပြားကိုတင်းရင်းစေပြီး ချော မွေ့စေသောအရေးပါသည့်ပရိုတင်းဓါတ်တစ်မျိုးဖြစ်ပါ တယ်။ မျက်နှာတွင်ကော်လာဂျင်ဓါတ်များလျော့နည်းလာပါ ကအရေးအကြောင်းများနှင့် အမဲစက်များပေါ်လာနိုင်ပါတယ် အရေးအကြောင်းများသည် အိုမင်းရင့်ရော်ခြင်း၏ ပထမဆုံး လက္ခဏာဖြစ်ပါတယ်။ ၎င်းတို့ကိုဘယ်လိုကာကွယ်ရမည်ကို သင်သိပါသလား။

နေရောင်နှင့်တိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။

နေရောင်ခြည်သည်အရေးအကြောင်းများကိုဖြစ်စေသောအ ဓိကအကြောင်းအရင်းဖြစ်သည်။ နေရောင်ခြည်နှင့်ထိတွေ့ ပါက ၎င်းတွင်ပါဝင်သောခရမ်းလွန်ရောင်ခြည်များသည်အ ရေပြားတွင်ကာကွယ်ထားသော ကော်လာဂျင်နှင့် elastin များကိုပျက်စီးစေပြီးအရေးအကြောင်းများဖြစ်ပေါ်စေနိုင်ပါ တယ်။

နေရောင်နှင့်ထိတွေ့မှုများသောမျက်နှာ၊ လည်ပင်း နှင့်လက်များတွင်အဖြစ်များပါတယ်။ ထို့ပြင်နေရောင်ခြည် ကြောင့်အရေပြားပျက်စီးပြီးကင်ဆာဖြစ်ပွားနိုင်သောအန္တ ရာယ်လည်းရှိပါတယ်။ ထို့ကြောင့်အပြင်ထွက်မည်ဆိုပါက နေလောင်ခံခရင်လိမ်းရန်နှင့် အင်္ကျ ီအကာဝတ်ရန်သတိရ ပါ။

သင့်အိပ်စက်ပုံအနေအထားကိုပြောင်းလဲပါ။

အသက်အရွယ်ကြီးလာသည်နှင့်အမျှ သင့်မျက်နှာတွင် တွယ်ဆက်ထားသောတစ်ရှူးများနှင့် ကော်လာဂျင်များ လျော့ရဲလာလေဖြစ်သည်။ အနေအထားတစ်မျိုးထဲတွင်အ ကြာကြီးအိပ်ပါက ခေါင်းအုံးနှင့်မကြာခဏပွတ်မိပြီးငယ်ရွယ် စဉ်မှာပင်အသားအရေကိုအိုမင်းရင့်ရော်စေနိုင်ပါတယ်။

ဒါ ကြောင့်အရေးအကြောင်းမဖြစ်ပေါ်စေရန်အိပ်စက်မှုပုံစံကို ပြောင်းလဲသင့်ပါတယ်။ ပက်လက်အနေအထားဖြင့်အိပ်စက် ခြင်းကအကောင်းဆုံးဖြစ်ပြီး ကောင်းမွန်သောအိပ်စက်ခြင်း အတွက်နူးညံ့သောပိုးခေါင်းအုံးကိုရွေးချယ်သင့်ပါတယ်။

ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာကိုစားပါ။

သင့်အသားအရေကျန်းမာလှပစေရန်အစားအစာဟာအလွန် အရေးပါပါတယ်။ လုံလောက်သော antioxidants ကိုစား သုံးပါကအိုမင်းရင့်ရော်ခြင်းကိုနှေးကွေးစေနိုင်သာမကအ ရေးအကြောင်းများကိုလည်းတားဆီးနိုင်ပါတယ်။ အရေပြား ကို ပရိုတင်း၊ ရေ နှင့် အဆီဓါတ်များနှင့်ပြုလုပ်ထားသော ကြောင့် ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာများက သင့်အသားအရေကိုပြန်လည်လှပစေနိုင်မှာပါ။

အသီးအရွက်များ( raspberries၊ blueberries၊ ငရုတ်ပွ သီးနှင့် ဟင်းနုနယ်ရွက်) သည်antioxidants ကြွယ်၀ သောကြောင့်အရေပြားပျက်စီးမှုကိုခုခံကာကွယ်နိုင်ပြီး သင့် အသားအရေကိုလှပစေနိုင်မှာပါ။

ရေဓါတ်ပြည့်ဝအောင်နေပါ။

ရေဓါတ်ပြည့်ဝပါကအရေးအကြောင်းဖြစ်ခြင်းကိုထိရောက် စွာကာကွယ်နိုင်ပြီး ရေဓါတ်မပြည့်ဝပါကအရေပြားခြောက် သွေ့ကာအရေးအကြောင်းများပေါ်လာနိုင်ပါတယ်။ ဒါကြောင့်ရေများများသောက်ဖို့မမေ့သင့်ပါဘူး။

ဗီတာမင် စီ ပြည့်ဝစွာစားသုံးပါ။

ငယ်ရွယ်စဉ်တွင်အရေပြားတွင်ဗီတာမင်လုံလောက်စွာရှိ သော်လည်းကြီးလာတာနှင့်အမျှတဖြည်းဖြည်းလျော့နည်း လာနိုင်ပါတယ်။ ဗီတာမင် စီ ကကျန်းမာလှပ၍အရေးအ ကြောင်းကင်းသောအသားအရေအတွက်မရှိမဖြစ်လိုအပ်ပါ တယ်။ ဗီတာမင်စီကို သောက်ဆေး သို့ လိမ်းဆေးဖြင့်မနက် တိုင်းအသုံးပြုနိုင်ပါတယ်။

ကာကွယ်ခြင်းကကုသခြင်းထက်ပို၍ထိရောက်သောကြောင့် အရေပြားထိန်းသိမ်းမှုကိုစောလျင်စွာပြုလုပ်လေအရေး အကြောင်းများကိုကာကွယ်နိုင်လေဖြစ်ပါတယ်။ သင်မသေ ချာသောကုထုံးများ ကုန်ပစ္စည်းများကိုစမ်းသုံးမည်ဆိုပါက အရေပြားဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

20 ways to reduce wrinkles

http://www.webmd.boots.com/healthy-skin/features/20-ways-to-reduce-wrinkles Accessed Jul 1 2016

Wrinkle treatment: 12 hacks and home remedies to naturally prevent wrinkles

http://www.medicaldaily.com/wrinkle-treatment-12-hacks-and-home-remedies-naturally-prevent-wrinkles-298594 Accessed Jul 1 2016

ယခုပုံစံ

27/10/2022

Dr. Sandar Lin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်



Dr. Sandar Lin မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement