backup og meta

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ။

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။

၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။

၂. လူတစ်ယောက်မှာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါ ရှိလားဆိုတာကို သိနိုင်ဖို့ စမ်းသပ်စစ်ဆေး ကြည့်ခြင်းကသာ အတိကျဆုံးပါ။

၃. လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါရှိလား သိနိုင်တယ်။

၄. လိင်ဆက်ဆံဖက် များလေလေ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါ ခံစားရနိုင်ခြေ များလေလေပါ။

၅. ကွန်ဒုံးကို ဘယ်လိုသိမ်းသိမ်း ကာကွယ်နိုင်စွမ်းက ကျမသွားဘူး။

၆. သုက်ကောင်လေးတွေက အမျိုးသမီး မျိုးပွားစနစ်ထဲမှာ ၆ ရက်အထိ အသက်ရှင်သန်နိုင်တယ်။

၇. သားဆက်ခြားနည်းတွေက ထိရောက်ကာကွယ်ပေးနိုင်စွမ်း အတူတူပါပဲ။

၈. HIV ပိုးရှိနေသူရဲ့ အဖော်မှာလည်း HIV ပိုးကူးစက်နေနိုင်ပါတယ်။

အဖြေတွေကို စိတ်မှန်းနဲ့ ဖြေကြည့်ပြီးပြီလား ….. ဒါဆိုရင်တော့ အဖြေတိုက်ကြည့်လိုက်ရအောင်နော်။

ဘာတွေ မှန်လို့ ဘာတွေမှားလဲ

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ 

အဖြေ – မှန်ပါတယ်။

တစ်ကိုယ်ရေ အာသာဖြေခြင်းက အရွယ်ရောက်ပြီးသူတော်တော်များများ လုပ်လေ့ရှိတဲ့ အပြုအမူ တစ်ခုပါ။ သုတေသနပြုချက်တွေအရ သိရတာက တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှုကို လျော့ကျစေပြီး လိင်ပိုင်းဆိုင်ရာ တင်းအားကို ဖြေလျော့ပေးနိုင်သလို ကောင်းကောင်းအိပ်ပျော်စေပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေနိုင်ပြီး လေဒီတွေမှာဆိုရင် ရာသီလာချိန် ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ တင်ပါးဆုံနဲ့ စအိုကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ တစ်ကိုယ်ရေအာသာဖြေတာက ဂရုတစိုက်လုပ်မယ်ဆိုရင် ဘေးကင်းစိတ်ချရတဲ့ လိင်မှုကိစ္စ တစ်ရပ်ဆိုတာပါ။

၂. လူတစ်ယောက်မှာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါ ရှိလားဆိုတာကို သိနိုင်ဖို့ စမ်းသပ်စစ်ဆေး ကြည့်ခြင်းကသာ အတိကျဆုံးပါ။ 

အဖြေ – မှန်ပါတယ်။

အသက် ၂၅ နှစ်အောက် လူငယ်တွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ခံစားနေရပါတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါ အများစုက လက္ခဏာ မပြဘဲ နှစ်ပေါင်းရှည်ကြာ ခန္ဓာကိုယ်ထဲမှာ ရှိနေနိုင်တာကြောင့် အကောင်းဆုံး နည်းလမ်းက သေချာ စစ်ဆေးတာပါ။

၃. လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါရှိလား သိနိုင်တယ်။ 

အဖြေ – မှားပါတယ်။

လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါ အများစုက မျက်စိနဲ့ ကြည့်ရုံနဲ့ မသိနိုင်သလို လက္ခဏာလည်း သိသိသာသာ မပြတတ်ပါဘူး။ ရောဂါ ကူးစက်ခံထားရလားဆိုတာကို သိရှိနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက စစ်ဆေးတာပါ။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ လိင်ဆက်ဆံဖော် များတယ်ဆိုရင် ၆ လ တစ်ကြိမ် ဒါမှမဟုတ် ၁ နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု ခံယူဖို့ လိုပါမယ်။

၄. လိင်ဆက်ဆံဖက် များလေလေ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါ ခံစားရနိုင်ခြေ များလေလေပါ။ 

အဖြေ – မှန်ပါတယ်။

လိင်ဆက်ဆံဖော်များတာက နည်းတဲ့သူနဲ့ ယှဉ်ရင် လိင်ကတဆင့် ကူးစက်ရောဂါခံစားရနိုင်ခြေ များပါတယ်။ အထူးသဖြင့် အကာအကွယ်ဘဲ ဆက်ဆံသူတွေမှာ ကူးစက်ရောဂါတွေအပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေပါ ကြုံရနိုင်ပါတယ်။

၅. ကွန်ဒုံးကို ဘယ်လိုသိမ်းသိမ်း ကာကွယ်နိုင်စွမ်းက ကျမသွားဘူး။ 

အဖြေ – မှားပါတယ်။

ကွန်ဒုံးကို သိမ်းဆည်းနည်း မှန်ကန်ဖို့ လိုသလို အသုံးပြုနည်း မှန်ကန်ဖို့လည်း လိုပါမယ်။ ဒါမှ ကွန်ဒုံး ပေါက်ပြီး ရောဂါပိုး ကူးစက်တာ မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိတာတွေကို တားဆီးနိုင်မှာပါ။ ကွန်ဒုံးတွေကို အေးမြခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းတာက နည်းလမ်းကောင်းပါ။

၆. သုက်ကောင်လေးတွေက အမျိုးသမီး မျိုးပွားစနစ်ထဲမှာ ၆ ရက်အထိ အသက်ရှင်သန်နိုင်တယ်။ 

အဖြေ – မှန်ပါတယ်။

သုက်ကောင်လေးတွေက မိန်းမကိုယ်ထဲရောက်သွားတဲ့အခါ သားအိမ်ခေါင်းနဲ့ သားအိမ်တို့ကို ဖြတ်သန်းကူးခတ်ပြီး သားဥပြွန်ဆီကို ရောက်ရှိအောင် ကူးခတ်ပြီး မျိုးဥလေးတွေကို ရှာဖွေပါတယ်။ သူတို့ဟာ မမျိုးဥကို ၆ ရက်အထိ ရှာဖွေပြီး မတွေ့တဲ့ အဆုံးမှာမှ သုက်ကောင်လေးတွေက သေဆုံး သွားတာပါ။

၇. သားဆက်ခြားနည်းတွေက ထိရောက်ကာကွယ်ပေးနိုင်စွမ်း အတူတူပါပဲ။ 

အဖြေ – မှားပါတယ်။

သားဆက်ခြားနည်း တစ်ခုဆီက ထိရောက်မှုအတိုင်းအတာ ကွာခြားနိုင်ပါတယ်။ အထိရောက်ဆုံး သားဆက်ခြားနည်းကတော့ သားကြောဖြတ်တာပါ။ IUD၊ လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်း၊ ထိုးဆေးတွေ၊ ကပ်ခွာ၊ ကွင်းထည့်တာတွေက 78% ကနေ 91% အထိ အသီးသီး ထိရောက်မှု ရှိပါတယ်။

၈. HIV ပိုးရှိနေသူရဲ့ အဖော်မှာလည်း HIV ပိုးကူးစက်နေနိုင်ပါတယ်။ 

အဖြေ – မှားပါတယ်။

HIV ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေကို နည်းလမ်း အမျိုးမျိုးနဲ့ လျှော့ချလို့ ရပါတယ်။ HIV ပိုးရှိတဲ့သူနဲ့ အတူနေပေမယ့်လည်း pre-exposure prophylaxis (PrEP)၊ post-exposure prophylaxis (PEP)၊ ကွန်ဒုံးသုံးတာ၊ ထိုးသွင်းမှု မပါဘဲ အတူနေတာတွေက HIV ကူးစက်ခံရမှုကို ကာကွယ်ပေးနိုင်ပါတယ်။

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်တာ ဘယ်နှခုလောက် မှန်ပါသလဲ!

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Myths and Facts About Sex https://whps.sdes.ucf.edu/myths-and-facts-about-sex/ Accessed Date 15 August 2022

Myths and Facts About Sex https://www.cpp.edu/health/docs/myths-facts-sexual-health-2018-11.pdf Accessed Date 15 August 2022

WHAT IS SEXUAL HEALTH? https://www.optionsforsexualhealth.org/facts/sex/what-is-sexual-health/ Accessed Date 15 August 2022

Sexual Health https://www.cdc.gov/sexualhealth/Default.html Accessed Date 15 August 2022

Sexual health https://www.who.int/health-topics/sexual-health#tab=tab_1 Accessed Date 15 August 2022

ယခုပုံစံ

11/04/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ လိင်မှုရေးရာအဖြာဖြာ

သင့်ရဲ့လက်တွဲဖော်နဲ့ လိင်မှုရေးရာအကြောင်း ဘယ်လိုဆွေးနွေးမလဲ


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/04/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။