backup og meta

သင့်ရဲ့လက်တွဲဖော်နဲ့ လိင်မှုရေးရာအကြောင်း ဘယ်လိုဆွေးနွေးမလဲ

သင့်ရဲ့လက်တွဲဖော်နဲ့ လိင်မှုရေးရာအကြောင်း ဘယ်လိုဆွေးနွေးမလဲ

ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အကြောင်းအရာမှန်သမျှ တခြားသူကိုပေးမသိဘဲ လျှို့ဝှက်ထား သင့်တယ်ဆိုပေမယ့်ဘဝလက်တွဲဖော်ရယ်လို့ ရှိလာပြီဆိုရင်တော့ပြောသင့်ဆိုသင့်တဲ့ကိစ္စတွေ အထူးသဖြင့် အိမ်ထောင်မှုကိစ္စတွေကို နှစ်ဦးနှစ်ဖက် ညှိနှိုင်း တိုင်ပင်တာက ပျော်ရွှင်သာယာတဲ့ ဆက်ဆံရေး ဖြစ်ဖို့အတွက်အရေးကြီးပါတယ်။ မြန်မာ့လူနေမှုပုံစံမှာ လိင်မှုရေးရာ ကိစ္စတွေဆိုတာက ပြောဆိုဖို့မသင့်တဲ့အရာတွေအဖြစ် တင်းတင်းကျပ်ကျပ် သတ်မှတ်ထားလို ဒီအကြောင်းအရာမျိုးတွေ ပွင့်ပွင့်လင်းလင်းပြောဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီအတွက် လိင်မှုရေးရာကိစ္စတွေ ဘယ်လိုပြောဆိုကြမလဲဆိုတာ ဒီဆောင်းပါးက အကြံပေးထားပါတယ်။

ပွင့်ပွင့်လင်းလင်းရှိပါ။

တစ်ယောက်နဲ့ တစ်ယောက် စိတ်ထဲရှိတာ သိဖို့ဆိုတာမလွယ်ပါဘူး။ တစ်ခါတစ်လေမှာ လူတွေဟာ သူတို့ရဲ့လက်တွဲဖော်တွေကသူတို့ကို တကယ်မချစ်ဘူး၊ ဂရုမစိုက်ဘူးလို့ ထင်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါမျိုးတွေမဖြစ်စေဖို့နဲ့ နှစ်ဦးကြားဆက်ဆံရေး အဆင်ပြေစေဖို့အရေးကြီးဆုံးက ပွင့်ပွင့်လင်းလင်းရှိဖို့ပါ။

သူ့အကြိုက် ကိုယ့်အကြိုက် ဆွေးနွေးပါ။

လိင်မှုရေးရာကိစ္စမှာ တစ်ဦးနဲ့တစ်ဦး ဘယ်အကျင့်တွေကို ကြိုက်တယ်။ ဘယ်လိုဟာမျိုးတွေကိုတော့ဖြင့် မကြိုက်ဘူးဆိုတာကိုပြောပြာထားဖို့လိုပါတယ်။ မြန်မာအမျိုးသမီးအများစုက လိင်ပိုင်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့ နှုတ်မရဲတာတွေ၊ ရှက်ရွံ့တာမျိုးတွေရှိပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေကပြောမှသိနိုင်တာမျိုးတွေပါ။ ဒီလိုဆွေးနွေးပြီး သူ့အကြိုက် ကိုယ့်အကြိုက် သိအောင်လုပ်ထားမှသာ ချစ်ခရီးလမ်းမှာ သာယာပျော်ရွှင်စရာကောင်းပါလိမ့်မယ်။

အကောင်းမြင်စိတ်နဲ့ကြည့်ပါ။

အကောင်းမြင်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်အိမ်ထောင်ဖက်ရဲ့ကောင်းကွက်တွေကို အမြဲတွေးပေး တာက နှစ်ဦးကြား ပိုနီးစပ်စေနိုင်မှာဖြစ်ပြီး လိင်မှုဘဝမှလည်း ပိုအဆင်ပြေစေမှာပါ။ အပြုသဘောရှိမှသာ အားနည်းချက်လေးတွေကိုဖြည့်တွေးပေးနိုင်တာကြောင့် ပိုပြီး အဆင်ပြေအောင်ပျော်ရွှင်သော လိင်မှုဘဝဖြစ်လာနိုင်မှာပါ။

လိင်မှုရေးရာအကြောင်း ပုံမှန်ဆွေးနွေးပါ။

မိမိအဖော်နဲ့ လိင်မှုရေးရာအကြောင်းကို ပုံမှန်ဆွေးနွေးတဲ့ အလေ့အကျင့်ရှိဖို့လိုပါတယ်။ လိင်ဆက်ဆံမှုကနေရလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလိုမျိုး ကိစ္စတွေနဲ့ လိင်မှုရေးရာပညာပေးဆောင်းပါးတွေအကြောင်းဆွေးနွေးတာမျိုးတွေလုပ်နိုင်ပါတယ်။ ဒီလိုမျိုးဆွေးနွေးတာက စိတ်ကျေနပ်မှုရှိပြီးပျော်ရွှင်တဲ့ ဆက်ဆံရေးကိုရရှိစေနိုင်ပါတယ်။ ရုပ်ရှင်တွေအကြောင်းပြောရင်းဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ရင်းဖြစ်ဖြစ်ကနေအစပြုပြီးတော့လည်း လိင်မှုရေးရာအကြောင်းတွေဆွေးနွေးလို့ရပါတယ်။ နှစ်ယောက်အတူတူရုပ်ရှင်ကြည့်တာက နှစ်ဦးကြား လိင်မှုရေးရာနဲ့ပတ်သက်ပြီး ပွင့်ပွင်းလင်းလင်းဆွေးနွေးလို့ရစေနိုင်ပါတယ်။ ပွင့်လင်းတဲ့ လိင်မှုရေးရာဆွေးနွေးမှုတွေက လိင်ဆက်ဆံမှုအပေါ် ရင်ခုန်စိတ် လှုပ်ရှား စေနိုင်ပြီးပျော်ရွှင် ကြည်နူးစေပါတယ်။

အဆင်သင့်ဖြစ်တဲ့အချိန်အထိ သားဆက်ခြားထားဖို့ဆွေးနွေးပါ။

ကလေးယူဖို့ အဆင်သင့်ဖြစ်တဲ့အချိန်ထိ ဘယ်သားဆက်ခြားနည်းက နှစ်ဦးစလုံးအတွက် အဆင်ပြေစေမလဲဆိုတာတိုင်ပင်ပါ။ မိဘဖြစ်ဖို့ အဆင်သင့်ဖြစ်တဲ့အချိန်ထိ သင့်လျော်မယ့် သားဆက်ခြားနည်း တစ်ခုခုသုံးဖို့ ရွေးချယ်တဲ့အခါမှာလည်း စိတ်တူကိုယ်တူနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ရွေးချယ်သင့်ပါတယ်။

ရွေးချယ်စရာ သားဆက်ခြားနည်းတွေဟာ ဈေးကွက်တွင်းမှာ အမျိုးမျိုး ရှိနေပါ တယ်။ ဟော်မုန်း ပါနည်းလား /ဟော်မုန်းကင်းနည်းလားဆိုတာ ရွေးချယ်နိုင်ပါတယ်။ ဟော်မုန်းပါနည်းတွေဆို (၃)လခံထိုးဆေး ၊နေ့စဉ်သောက်ဆေးနဲ့ လက်မောင်းတွင်းထည့်သားဆက်ခြားနည်းတို့ဖြစ်ပါတယ်။ ဟော်မုန်းကင်းနည်းတွေကတော့ ကွန်ဒုံးသုံးခြင်းနဲ့ သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း ကြေးနီ IUD တို့ဟာ မြန်မာနိုင်ငံမှာ တော်တော်များများသုံးတဲ့ သားဆက်ခြား နည်းတွေဖြစ်ပါတယ်။

မြန်မာလူမျိုးတွေဟာ အရှက်အကြောက်ကြီးလို့ လိင်မှုဆက်ဆံရေးကိစ္စတွေဟာ ပွင့်လင်းစွာ ပြောဆိုရမယ့်အရာတွေအဖြစ် မသတ်မှတ်ကြပါဘူး။ တကယ်တော့ လိင်မှုဆက်ဆံရေးကိစ္စတွေမှာ အခုလိုနှစ်ဦးနှစ်ဖက် တိုင်ပင်ဆွေးနွေးမှ ကျန်းမာပျော်ရွှင်တဲ့ ချစ်ခရီးလမ်းဖြစ်လာမှာပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.ashasexualhealth.org/sexual-health/talking-about-sex/

https://www.healthline.com/health/healthy-sex-partner-communication#Takeaway9

ယခုပုံစံ

10/02/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသမီးများမေးရန်ကြောက်ရွံ့ကြသည့် လိင်နှင့်ပတ်သက်သည့်မေးခွန်းများ

အမျိုးသမီးများတွင် တွေ့ရသော လိင်မှုဆိုင်ရာပြဿနာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement