အိပ်ရာပေါ်က ကိစ္စတွေကို စုံတွဲတိုင်းကြုံရနိုင်ပေမယ့် ပွင့်ပွင့်လင်းလင်းမေးတဲ့သူက ရှားပါတယ်။ ဖြစ်နိုင်တာကတော့
- ဘယ်မှာမေးရမလဲ။
- ဒီလိုမျိုး မေးတာ စိတ်ချရပါ့မလား။
- ငါ့များ လှောင်နေမလားဆိုပြီး စိုးရိမ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အိပ်ရာပေါ်က ကိစ္စဆိုတာ မျိုသိပ်ထားရုံနဲ့ အလိုလိုဖြေရှင်းသွားတဲ့ ကိစ္စမဟုတ်ပါဘူး။
- အမျိုးသားတွေ လိင်တံနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အလိုမကျဖြစ်တာ
- အမျိုးသမီးတွေရဲ့ ပြီးမြောက်ခြင်း ပြဿနာတွေ
- လိင်ကတဆင့် ကူးစက်ရောဂါနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ရသွားမှာတွေ
ဒါတွေက စုံတွဲတိုင်း သိချင်နေကြတဲ့ အကြောင်းတွေပါ။
ပွင့်ပွင့်လင်းလင်း မပြောဖြစ်ကြလို့သာ လူသိပ်မသိတာပါ။ စုံတွဲတွေမှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သိချင်တာတွေ၊ မေးချင်တာတွေ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဒါကြောင့် အပေါ်က မေးခွန်းတွေကို ပြန်ဖြေရရင်
- ဘယ်မှာမေးရမလဲ။
အောက်က ‘မှတ်ချက်’ဆိုတဲ့နေရာမှာ အခမဲ့ မေးနိုင်ပါတယ်။ အသေးစိတ်ကို ပုံမှာကြည့်ပါ။
- ဒီလိုမျိုး မေးတာ စိတ်ချရပါ့မလား။
ကိုယ်ရဲ့ နာမည်ကို သူများတွေ မမြင်စေချင်ဘူးဆိုရင် ‘အမည်မသိ’ အနေနဲ့ မေးခဲ့နိုင်ပါတယ်။ ‘အမည်မသိသူမှ ပို့စ်တင်ရန်’ ဆိုတာကို အမှန်ခြစ်ခဲ့ရုံပါပဲ။
- ငါ့များ လှောင်နေမလား
Helloဆရာဝန်ရဲ့ အယ်ဒီတာချုပ် ဒေါက်တာသူရိန်လှိုင်ဝင်းကနေ ဖြေကြားပေးသွားမှာဖြစ်ပါတယ်။ ဆရာ့အနေနဲ့ ဒီလိုလူနာတွေကို အများကြီး ကြုံဖူးတာဖြစ်တဲ့အတွက် ဒါက လှောင်စရာကိစ္စဘူး။ ကူညီရမယ့်ကိစ္စဆိုတာ သိထားပြီးသား ဖြစ်သလို လူအများကိုလည်း ပညာပေးနေတာ ဖြစ်ပါတယ်။
မတ်လ ၂၀ရက်နေ့ အထိ မေးနိုင်ပြီး နောက်ရက်တွေမှာ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။
[embed-health-tool-ovulation]