လိင်ဆက်ဆံတဲ့အချိန် ဘာ့ကြောင့် ဗိုက်အောင့်ရတာလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 21, 2020 . 2 mins read
Share now

အမျိုးသားနဲ့ အတူနေတဲ့အခါ မိန်းမကိုယ် နာကျင်တာမျိုးတွေက ဖြစ်လေ့ရှိတဲ့ အရာတစ်ခုဆိုပေမယ့် ဗိုက်အောင့်တာမျိုးတွေကတော့ ပုံမှန်ဖြစ်လေ့ဖြစ်ထ မရှိတဲ့အရာတစ်ခုပါ။ ဒါပေမယ့် တချို့ဒီလို အတူနေချိန် ဗိုက်အောင့်တတ်တဲ့သူတွေရှိကြပါတယ်။

ဘာ့ကြောင့်ဒီလို အတူနေတဲ့အချိန် ဗိုက်အောင့်ပိုင်း အောင့်တာတွေဖြစ်ရတာလဲ ။ ။

အနေအထားမမှန်တာကြောင့်ပါ။

တချို့ ဆက်ဆံတဲ့အနေအထားတွေက မိန်းမကိုယ်ထဲ လိင်တံပိုဝင်သွားစေတဲ့အတွက်ကြောင့် ဗိုက်အောင့်တာမျိုးတွေပိုဖြစ်စေတတ်ပါတယ်။ ဒီလို အခါမျိုးတွေမှာဆိုရင်တော့ နောက်တစ်မျိုး ဆက်ဆံတဲ့ ပုံစံကို ပြောင်းလိုက်သင့်ပါတယ်။ အထူးသဖြင့် အပေါ်ကနေပြီး ဆက်ဆံတဲ့အခါမျိုးမှာ အောင့်တာတွေပေါ့ ။

သားအိမ်စောင်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သားအိမ်ခေါင်းနဲ့ယှဉ်လိုက်ရင် သားအိမ်က ရှေ့ကို အနည်းငယ်ရောက်နေရမှာပါ။ ဒါပေမယ့် နောက်ဘက်ကို သားအိမ်က ရောက်နေပြီဆိုရင်တော့ သားအိမ်စောင်းနေတာဖြစ်နိုင်ပါတယ်။ သားအိမ်စောင်းနေတဲ့ပြဿနာဟာ မိန်းကလေး ၄ ယောက်မှာ ၁ ယောက်လောက်ဖြစ်တတ်တဲ့ပြဿနာတစ်ခုပါ။ သူ့ဘာသာရှိနေရင် ဘာပြဿနာကိုမှ မဖြစ်စေပေမယ့် လိင်ဆက်ဆံတဲ့တချို့ အနေအထားတွေမှာတော့ ဗိုက်အောင့်တာမျိုးကို ဖြစ်စေတတ်ပါတယ်။

Endometriosis ( သားအိမ်အတွင်းနံရံထူခြင်း)

သားအိမ်အတွင်းနံရံကို ထူစေတဲ့ တစ်ရှူးတွေက တစ်ခါတစ်ရံ သားအိမ်အတွင်းပိုင်းတင်မဟုတ် အခြားနေရာတွေကိုပါရောက်နေတတ်တာကြောင့် လိင်ဆက်ဆံတဲ့အချိန် ဗိုက်အောင့်ဗိုက်နာခြင်းကို ဖြစ်စေတတ်ပါတယ်။ အခြားကြုံတွေ့ရနိုင်တဲ့ လက္ခဏာတွေကတော့

  • ရာသီလာချိန် ကိုက်ခဲတာ မခံမရပ်နိုင်အောင်ဆိုးတာ
  • ရာသီသွေးဆင်းတာများတာ
  • တစ်လထဲ နှစ်ခါရာသီပြန်လာတာ
  • ဝမ်းသွားချိန် ဗိုက်တအားရစ်နာတာတွေလည်း ရှိတတ်ပါတယ်။

မမျိုးဥအိမ်ရေအိတ်တည်ခြင်း။( Ovarian Cyst)

မမျိုးဥမှာ ရေအိတ်တည်တဲ့ပြဿနာဟာ မိန်းကလေးတိုင်းနီးပါး ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ ဒီလို ရေအိတ်တည်တာဟာ သိသာတဲ့လက္ခဏာမရှိသလို နာကျင်မှုလည်း မရှိတာကြောင့် ရှိနေမှန်းမသိဖြစ်ကြပါတယ်။ ဒါပေမယ့် ရေအိတ် အရမ်းကြီးတဲ့ အခါမျိုးမှာတော့ ဗိုက်အောက်ပိုင်းအောင့်တာမျိုးတွေရှိတတ်ပြီး လိင်ဆက်ဆံတဲ့အချိန်မှာ အောင့်တာပိုဆိုးတတ်ပါတယ်။

အခြားဖြစ်နိုင်တဲ့ ပြဿာနတွေကတော့

ဘယ်အချိန်မှာ ဆရာဝန် သွားပြသင့်လဲ။

အတူနေတဲ့အချိန် ဗိုက်အောင့်တာမျိုးရှိတတ်တယ်ဆိုပေမယ့် ပုံစံပြောင်းလိုက်ရင် သက်သာသွားတတ်တာကြောင့် ဆရာဝန်ဆီ သွားပြဖိုကတော့ အရမ်းကြီး အလျင်မလိုပါဘူး။ ဒါပေမယ့် နာတာအရမ်းဆိုးလာတယ်၊ ဖြစ်တဲ့အကြိမ်ကလည်း စိပ်လာတယ်၊ အခြား လက္ခဏာတွေပါရှိတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြဖို့ အကြံပေးချင်ပါတယ် ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဒီအချိန်ရောက်မှာ ကြောက်နေပြီလား။

ရာသီချိန် ကိုယ်လက်ကိုက်ခဲ ဗိုက်အောင့် ရာသီရက်တွက် ဓမ္မတာလာချိန် သံဓာတ်အားဆေး pad tampon menstrual cup ရေနွေးအိတ်ကပ် အိပ်ရေးဝဝအိပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နေလို့ထိုင်လို့ မကောင်းဘဲ ဗိုက်ထဲ မအီမသာဖြစ်နေပြီလား

ဝမ်းဗိုက် မအီမသာဖြစ်ခြင်း အစာအိမ် အူလမ်းကြောင်း ဗိုက်အောင့် ဗိုက်နာ အိမ်တွင်းကုထုံး ချင်း ရေနွေး ပျားရည် ပန်းသီးရှာလကာရည် ရင်ခေါင်းတောင့် ရင်ခေါင်းအောင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သားသားမီးမီးတို့ ဆီးလမ်းကြောင်းပိုးဝင်တာ သက်သာစေဖို့ ဘာတွေကျွေးမလဲ။

ဆီးလမ်းကြောင်း သားသားမီးမီး ဆီးလမ်းကြောင်းပိုးဝင်တာ အစားအသောက်လေး ကိုယ်ပူမယ် အန်မယ် ဗိုက်အောင့် ဆီးထွက်ကျ ရေများများတိုက်ပါ အဆိပ်အတောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကလေးရဲ့ ဝမ်းချုပ်ပြဿနာ အတွက် မေမေတို့ ရဲ့ သောက

ဝမ်းချုပ်ပြဿနာ ဝမ်းပုံမှန်မသွားလို့ ဝမ်းချုပ်ဝေဒနာ ဗိုက်အောင့် အစာခြေစနစ် အူလမ်းကြောင်း အကျိုးပြုဘက်တီးရီးယား Probiotic လေထိုးလေအောင့် အမျှင်ဓာတ် ကိုယ်ခံအား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလမှာ ဆီးလမ်းကြောင်းပိုးဝင်ခဲ့ရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read
ဆီးကျောက်ခြေတယ်ဆိုတာ

ဆီးကျောက်ခြေတယ်ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 14, 2020 . 2 mins read
ဒီအချက်တွေကြောင့် သင် ဆီးကျောက်တည် တာပါ။

ဒီအချက်တွေကြောင့် သင် ဆီးကျောက်တည် တာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 30, 2020 . 2 mins read
အစာအိမ်အနာလား၊ အူအနာလား ဘယ်လိုခွဲမလဲ။

အစာအိမ်အနာလား၊ အူအနာလား ဘယ်လိုခွဲမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 20, 2020 . 2 mins read