backup og meta

သင်ဟာ လိင်စိတ်အထွတ်အထိပ်ရောက်ပြီး အချိန်ဘယ်လောက်အကြာတွင် နောက်တစ်ကြိမ် ပြန်စနိုင်သလဲ

အမျိုးသားနှင့် အမျိုးသမီးများတွင် ဘယ်သူက လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ပိုစိတ်ဝင်စားမှု ရှိတယ်ဆိုတာကို ပြောရခက်ပါတယ်။ လိင်တစ်ခါဆက်ဆံတိုင်းမှာ အကြိမ်များစွာ ဆန္ဒပြီးမြောက်နိုင်တယ်လို့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူ အမျိုးသမီး အချို့ကပြောလေ့ရှိကြပါတယ်။ အချို့အမျိုးသားများကတော့ သူတို့ရဲ့ လိင်တံ ထောင်မတ်မှု ဆုံးရှုံးသွားခြင်းမရှိဘူးဆိုရင် အကြိမ်ပေါင်းများစွာ စိတ်ဆန္ဒ ပြီးမြောက်နိုင်တယ်လို့ ဆိုကြပါတယ်။ အခြားသူများကတော့ လိင်စိတ်အထွတ်အထိပ် နောက်ထပ် မဖြစ်ခင် အချိန်စောင့်ရတယ်လို့ ဆိုကြပါတယ်။

လိင်ဆန္ဒပြီးမြောက်သွားတဲ့နောက် အမျိုးသားနှင့် အမျိုးသမီးတွေ နောက် တစ်ကြိမ်ပြန်စဖို့ အချိန်ယူရသော ကာလ။

အမျိုးသားများဟာ ဒီ ပြန်စောင့်ရသော အချိန်ကာလသည် အနည်းဆုံး မိနစ် ၃၀ မှ ၄၀ ကြား လိုအပ်တယ်လို့ လူအများက ယုံကြည်ကြပါတယ်။ သို့သော် လွတ်လပ်စွာ တွေးခေါ်နိုင်ပါတယ်။ ကျွန်ုပ်တို့မှာ ၎င်းနှင့် ပတ်သက်ပြီး အချက်အလက် အတိအကျမရှိပါဘူး။ ဒါကြောင့် မတူညီသော ကြာချိန်များကို ပုံမှန် မဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ ပြဿနာကတော့ ဒီကြာတဲ့ အချိန်ကို ကျွန်ုပ်တို့ဟာ မစစ်ဆေးနိုင်ပါဘူး။ အခြေအနေပေါ်မူတည်ပြီး ဒီ ကြာချိန်ဟာ အမျိုးမျိုး ကွဲပြားခြားနားနိုင်ပါတယ်။

ဒီ လိင်စိတ်အထွတ်အထိပ် တစ်ခု နှင့် တစ်ခု ကြားကြာချိန်ဟာ လိင်စိတ်ဆန္ဒပြီးမြောက်ချိန် နှင့် ဟာ မိမိရဲ့ လိင်ဆက်ဆံဖော်က နောက်တစ်ကြိမ် လိင်ဆက်ဆံလိုစိတ်ပေါ်မှာလည်း မူတည်ပါသေးတယ်။ ဘယ်လိုအကြောင်းပြချက်မျိုးပဲ ရှိနေပါစေ ကိစ္စ မရှိပါဘူး။ တကယ်လို့ အမျိုးသားဟာ မိမိရဲ့ ဆက်ဆံဖော် အကြောင်းကို သေချာအားလုံး သိနေမယ်ဆိုရင် နောက်ပိုင်းမှာ အမျိုးသားရဲ့ လိင်စိတ်အထွတ်အထိပ်ကြား ကြာချိန်ဟာလည်း တိုတောင်းလာနိုင်ပါတယ်။

တကယ်တမ်း လိင်စိတ်ဆန္ဒ ပြီးမြောက်ခြင်းဟာ ရုပ်ရှင်တွေထဲကနဲ့ မတူပါဘူး။

အမျိုးသမီးများနှင့် မတူတာကတော့ အမျိုးသားများဟာ နောက်တစ်ကြိမ် အတူမနေခင်မှာ အချိန်ယူရပါတယ်။ ၎င်းအချိန်ဆိုတာ သင့်ရဲ့ ပထမဆုံး လိင်စိတ်ပြီးမြောက်ခြင်း အချိန်ကနေ စပြီးနောက်တစ်ကြိမ် သုက်ရည်ထွက်ကာ လိင်စိတ်ပြီးမြောက်သွားတဲ့ အချိန်ကြား ကြာတဲ့ ကာလကို ပြောတာဖြစ်ပါတယ်။ တစ်ဖက်ကပြောရမယ်ဆိုရင် ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ လိင်မှု ဆိုင်ရာ အခြေအနေတွေဟာ တကယ်ဘဝနဲ့ အရမ်းကို ကွာခြားပါတယ်။ ရုပ်ရှင်တွေထဲမှာ ဆိုရင် မင်းသားဟာ တစ်ညမှာ အကြိမ်ပေါင်းများစွာ ချစ်တင်းနှော ပြီး နာရီအနည်းငယ်အတွင်းမှာပင် ၃၊ ၄ ကြိမ်လောက် တောင် ထပ်ပြီး ချစ်တင်းနှော နိုင်ပါတယ်။ သို့သော် ဒါဟာ မမှန်ကန်ပါဘူး။ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ကုသသော ဆရာဝန်များက ၎င်းမင်းသားများကဲ့သို့ လိုက်မလုပ်ကြဖို့ အကြံပေးထားပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒါဟာ အရမ်း အန္တရာယ်များလွန်းတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ သုက်ရည်ထွက်သွားပြီးလို့ နောက်တစ်ကြိမ် လိင်အဂါၤ ပြန်တောင့်တင်းလာဖို့အတွက်ကတော့ အနည်းဆုံး ၂နာရီကနေ ၃ နာရီကြား အချိန်ယူရပါတယ်။

သုက်ရည်ထွက်သွားခြင်းဟာ သုက်ပိုးပမာဏကို ချက်ချင်း ကျသွားစေနိုင်ပြီး သာမန် အမျိုးသား တစ်ယောက်ဟာဆိုရင် ၎င်းကို ပြန်ဖြည့်ဖို့ရာ အချိန်လိုပါတယ်။ တကယ်လို့ အမျိုးသား တစ်ယောက်ဟာ အချိန်တိုအတွင်းမှာပဲ သုက်ရည်ကို ၂ ကြိမ်ထက်ပိုပြီး ထုတ်လွှတ်တယ်ဆိုရင် ၎င်းဟာ မျိုးမအောင်ခြင်း၊ မြုံခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများက အမျိုးသားများဟာ သုက်ပိုးပမာဏ အမြင့်ဆုံးရအောင် နောက်တစ်ကြိမ် သုက်ရည် မထုတ်လွှတ်ခင် အနည်းဆုံး ၂ရက်လောက် စောင့်သင့်တယ်လို့ အကြံပေးထားပါတယ်။

အတိုချုံ့ပြောရမယ်ဆိုရင် အမျိုးမျိုးသော လူနေမှု ပုံစံ အချက်အလက်များက သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဥပမာ အားဖြင့် ပုံမှန် တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်း သို့မဟုတ် အရက်သောက်ခြင်းဟာဆိုရင် သင့်ကို ပြန်လည်အားပြည့်ဖို့ရာ အချိန်များစွာ လိုပါလိမ့်မယ်။ လိင်စိတ်ဆန္ဒ ပြီးမြောက်ခြင်း အချိန် ၂ခုကြားမှာ ဘယ်လိုပဲ ပုံမှန် အချိန်ကြာသည်ဖြစ်ပါစေ တစ်ရက်လောက် စောင့်လိုက်ခြင်းကတော့ အန္တရာယ် ကင်းစေနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How soon after an orgasm can you start again?.

http://www.menshealth.com/sex-women/male-refractory-period

Assessed November 27, 2016.

How soon after sex can you orgasm again?.

http://www.mensjournal.com/health-fitness/articles/how-soon- after-sex- can-you- orgasm-again- w431071

Assessed November 27, 2016.

 

ယခုပုံစံ

10/02/2022

Dr. Khin Yin Kyay မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တစ်ပတ် ဘယ်နှစ်ကြိမ်လောက် တစ်ကိုယ်တော် လိင်စိတ်ဆန္ဒဖြေဖျောက်ခြင်း ပြုလုပ်သင့်သလဲ

လိင်စိတ်ဆန္ဒကို ပြန်လည် တက်ကြွစေမယ့် အလေ့အကျင့် ၁၅ ခု


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Khin Yin Kyay မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement