လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့အနိုင်ကျင့်ခံရမှုဟာ လူတစ်ယောက်ရဲ့ဘဝကို အရမ်းကိုဆိုးရွားတဲ့ သက်ရောက်မှုပေးနိုင်တာကြောင့် တားဆီးကာကွယ် ကြရမယ့် ပြစ်မှုကြီးတစ်ခုဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်ပါဆောင်းပါးက အကြံဉာဏ်အချက်အလက်တွေ ဖော်ပြပေးထားပါ တယ်။
လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် အကူအညီတောင်းခံရန်
- တရားခံလက်က ထွက်ပြေးပြီး ရဲစခန်း အရေးပေါ်ဖုန်းကိုခေါ်ဆိုအကူအညီတောင်းပါ။
- သင့်ခန္ဓါကိုယ်ပေါ်မှာ တရားခံဆီကကျန်ရစ်ခဲ့ တဲ့ သက်သေအထောက်အထားတွေကို ကာကွယ်ပါ။ ဒါမှ ရဲစခန်းမှာအမှုဖွင့်တဲ့အခါ တရားမျှတမှုတောင်းဆိုရာမှာပိုလွယ်ကူစေမှာပါ။
- အတိအကျပြောရရင် စစ်ဆေးမှုမခံယူ ရခင် ခေါင်းမဖြီးပါနဲ့၊သင့်ခန္ဓါကိုယ် ဘယ်အစိတ်အပိုင်းကိုမှ သန့်ရှင်းရေးမလုပ်ပါ နဲ့၊ အဝတ်တွေမလဲပစ်ပါနဲ့။ အခင်းဖြစ်ရာ နေရာကို မထိပါနဲ့၊ လက်ရာခြေရာမပျက် ပါစေနဲ့ဦး။
- တော်တော်လေးနေရခက်မယ်ဆိုရင်တောင်မှ အနီးဆုံးအရေးပေါ်ခန်းကို တန်းသွားပါ။ တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းနိုင်ဖို့ သုက်ရည်၊တံထွေး၊ဆံပင်၊နဲ့ အဝတ်အစားချည်စ၊ စတဲ့ သင့်ခန္ဓါကိုယ်ပေါ် တရားခံဆီကနေ ကျန်ရစ်ခဲ့တဲ့ သက်သေအထောက်အထား တွေကို ဆရာဝန်တွေက စုဆောင်း စစ်ဆေး ပေးပါလိမ့်မယ်။
- သင်ကိုယ်တိုင်တောင်မသိတဲ့ ထိခိုက်ဒဏ်ရာမှန် သမျှကို ဆရာဝန်တွေက သိရှိကုသပေးနိုင်ဖို့ အတွက် အသေးစိတ်စစ်ဆေးမှုခံယူပါ။
- စော်ကားခံရစဉ်အတွင်းမှာ လိင်မှတဆင့်ကူးစက် တတ်တဲ့ရောဂါတွေ ကူးစက်ခံခဲ့ရသလား ဆိုတာ သိရှိနိုင်ဖို့ သင့်ကိုစစ်ဆေးမှုတာဝန်ယူထားတဲ့ ဆရာဝန်တွေ၊ သက်ဆိုင်ရာဝန်ထမ်းတွေကို မေးမြန်းပါ။ ဒါ့အပြင် ကိုယ်ဝန်မရစေဖို့ အရေးပေါ်ကိုယ်ဝန်တားဆေးကို တောင်းပါ။
- ရဲစခန်းမှာ အမှုဖွင့်ဖို့စဉ်းစားပါ။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့သူတွေဟာ ရှက်ရွံ့စိတ်၊ရွံရှာ စက်ဆုပ်စိတ်တွေကြောင့် အမှုဖွင့်တိုင်ကြားဖို့ တွန့်ဆုတ်လေ့ရှိပါတယ်။ ဖြစ်ခဲ့သမျှဟာ ကိုယ့်အမှားမဟုတ်ကြောင်း၊ ပြစ်မှုကျူးလွန်တဲ့ တရားခံကြောင့်သာဖြစ်ကြောင်း စိတ်ထဲမှာ အမြဲသိထားပါ။
- ရဲစခန်းမှာအမှုဖွင့်ဖို့ ဆွေးနွေးပါ။
လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုအန ္တရာယ်မှ ကင်းဝေးစေဖို့
လိင်ပိုင်းဆိုင်ရာစော်ကား၊အနိုင်ကျင့်ခံရမှု ကြုံရနိုင်တဲ့ အန္တရာယ်နည်းပါးစေဖို့ အောက်ပါအချက်တွေကို လုပ်ဆောင်ပါ။
- အရက်သေစာမသောက်စားပါနဲ့။ အရက်မူးနေရင် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ အားအနည်းဆုံးနဲ့ အန္တရာယ်ရင်ဆိုင်ရနိုင်ခြေအများဆုံး အချိန်ဖြစ်တာကြောင့်ပါ။ ရလဒ်ကတော့ အရက်မူးနေသူတစ်ယောက်ရဲ့ ပြန်ခုခံနိုင်စွမ်းက ပုံမှန်လူတွေထက် အရမ်းအားနည်းတာကြောင့် သင်ဟာ တရားခံရဲ့ လွယ်ကူတဲ့ပစ်မှတ်တစ်ခု ဖြစ်နေနိုင်လို့ပါပဲ။
- အလင်းရောင်ကောင်းကောင်းရှိပြီး လူထူတဲ့နေရာမှာ ကားပါကင်ထိုးပါ၊ လမ်းလျှောက်ပါ။
- သင့်ရဲ့ကားနဲ့အိမ်ကို လုံခြုံစွာသော့ခတ်ထားပါ။ ကိုယ်နဲ့မသိတဲ့လူတွေ၊ မျက်မှန်းတန်းရုံပဲ သိသူတွေ၊ ဒါမှမဟုတ် သိတာကြာပြီဖြစ်ပေမယ့် လုံခြုံရေးအတွက် သင့်စိတ်ထဲမယုံကြည်တဲ့လူ တွေကို ပေးမဝင်ပါနဲ့။
- သော့တွေကို တံခါးလို အလွယ်ကူဆုံးနေရာတွေမှာ အသင့်ထားပါ။ ဒါမှ တခုခုပြဿနာရှိလာရင် သင်အမြန်ဆုံးတုံ့ပြန် နိုင်မှာပါ။
- သူစိမ်းတွေခေါ်ရာမလိုက်ပါနဲ့ ၊ ကိုယ်သိရုံသာသိတဲ့(မရင်းနှီးတဲ့) တစ်စုံတစ်ယောက်နဲ့အတူ ပွဲတွေ၊ပါတီတွေ မသွားပါနဲ့။
- ဝေးလံပြီး ချောင်ကျတဲ့တစ်နေရာရာကို ဖိတ်ကြားခံရရင် အန္တရာယ်ကိုစွန့်စားပြီး မသွားလိုက်ပါနဲ့။ ဒီလိုနေရာမျိုးမှာ ပြဿနာ ဖြစ်လာခဲ့ရင် လမ်းသွားလမ်းလာတွေ၊ အိမ်နီးချင်း တွေ ဒါမှမဟုတ် အနီးကတခြားသူတွေကို သင်အကူအညီတောင်းဖို့ အခွင့်အလမ်းနည်း နိုင်တာကြောင့်ဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အနိုင်ကျင့်ခံရမှုတို့က လူတိုင်းမှာဖြစ်လာနိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ် တင်မနေသင့်ပါဘူး။ အတိတ်ကို အတိတ်မှာထားခဲ့ပြီး ပုံမှန်ဘဝကို ပြန်လည်စတင်နိုင်ဖို့အတွက် ဘာတွေလုပ်သင့်သလဲဆိုတာ ဆရာဝန်တွေ၊ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြံဉာဏ်ရယူပါ။
[embed-health-tool-ovulation]