backup og meta

ခါးနာရှိသောသူတွေအတွက် လိင်ဆက်ဆံနိုင်မည့် ခန္ဓါကိုယ်အနေအထားများ

နာတာရှည်ခါးနာခြင်းက လိင်မှုကိစ္စတွေမှာ အနှောက်အယှက်ပေးနိုင်ပါတယ်။ နာကျင်ကိုက်ခဲနေတဲ့အချိန်မှာ ဖီးလ်တက်ဖို့ ခက်ခဲပါတယ်။ လိင်မှုကိစ္စဟာ အချစ်ရေးအချစ်ရာရဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။ ခါးနာတာလေးနဲ့ သာယာမှုကို အဖျက်စီးမခံလိုက်ပါနဲ့။ ဒါတွေကတော့ ခါးနာတဲ့လူတွေအတွက်လိင်ဆက်ဆံရာမှာ အဆင်ပြေစေမယ့် ကိုယ်နေကိုယ်ဟန်တွေပဲ ဖြစ်ပါတယ်။

၁။ mQUAD1

mQUAD 1 က အနောက်ဘက်ကနေ လိင်ဆက်ဆံတာပါ။ ဒေါ်ဂီစတိုင် လို့သိကြပါတယ်။ အမျိုးသမီးက ဒူးထောက်ထားရမှာပါ။ ထိုကိုယ်နေကိုယ်ဟန်က ခါးကုန်းရတဲ့အခါ သို့မဟုတ် အကြာကြီးထိုင်ရတဲ့အခါ ခါးအရမ်းနာတတ်တဲ့ ယောက်ျားတွေ အတွက် သင့်တော်ပါတယ်။

၂။ mQUAD 2

ဒေါ်ဂီစတိုင်နောက်တစ်မျိုးပါပဲ။ mQUAD 1 နဲ့ mQUAD 2 နဲ့ ကွဲပြားတာက အမျိုးသမီး လက်ထောက်ခြင်းနဲ့ မထောက်ခြင်းပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ ထိုကိုယ်နေကိုယ်ဟန်က ကျောရိုးပေါ်မှာ ဖိအားအနည်းငယ်ပဲ သက်ရောက်တယ်လို့ သိရပါတယ်။

၃။ mMISS 1

mMISS 1 က လှေကြီးထိုး အနေအထားပါ။ အမျိုးသားက သူ့ခန္ဓါကိုယ်ကို လက်ဖြင့် ထောက်ထားပြီး အမျိုးသမီးက ပေါင်ကား၊ ဒူးကွေးပေးရတာပါ။ ကျောရိုးပြဿနာရှိတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ လှုပ်ရှားမှုကြောင့်ဖြစ်လာတဲ့ နာကျင်ကိုက်ခဲမှုတွေကို မဆိုးရွားစေနိုင်ပါဘူး။

၄။ mMISS 2

mMISS 2 က လှေကြီးထိုးရဲ့ အခြားပုံစံတစ်မျိုးပါပဲ။ အမျိုးသားက တံတောင်ဆစ်ဖြင့် ထောက်ပြီး အမျိုးသမီးမှာ ပေါင်ပိုကားပြီး ဒူးအနည်းငယ်ပိုကွေးတာက ကွဲပြားမှုပါ။ ကျောရိုးရှေ့သို့ဆွဲရင် နာသောယောက်ျားတွေအတွက် အဆင်မပြေနိုင်သော်လည်း ခါးမကော့နိုင်သောသူတွေအတွက်တော့ တော်တော်အထောက်အကူပြုနိုင်ပါတယ်။

၅။ mSIDE

ဘေးတိုက်လိင်ဆက်ဆံတဲ့ ပုံစံကိုတော့ ကြားဖူးလောက်မှာပါ။ သူ့နာမည်လိုပဲ ဒီပုံစံမှာ အမျိုးသားကော အမျိုးသမီးပါ ဘေးတိုက်စောင်းအိပ်လိုက်ကြပါတယ်။ အမျိုးသားက အမျိုးသမီးနောက်မှာ ရှိနေရပါမယ်။ နှစ်ယောက်လုံးရဲ့ ပေါင်နဲ့ဒူးတို့ကို ကွေးလိုက်ရင် ပြီးပါပြီ။ ဒါပေမယ့်လည်း ခါးနာရှိတဲ့လူတွေအတွက် နောက်ဆုံးဦးစားပေးထားသင့်တဲ့ ကိုယ်နေကိုယ်ဟန်တစ်ခုဖြစ်နေပါတယ်။

ခါးနာရှိသော အမျိုးသမီးများအတွက် အကြံပေးချက်များ

ယခုအချိန်အထိ လိင်မှုကိစ္စနဲ့ ခါးနာခြင်းတို့နဲ့ ပတ်သက်ပြီး လေ့လာမှုတွေက ယောက်ျားတွေအတွက်အသာ အာရုံစိုက်ပြုလုပ်လျက်ရှိပါတယ်။ ခါးနာရှိသော မိန်းမတွေအတွက်တော့ အသင့်တော်ဆုံး ကိုယ်နေကိုယ်ဟန်ကို တွေ့ရှိဖို့ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ရန်လိုဦးမှာပါ။ လေ့လာနေစဉ်အတောအတွင်းမှာတော့ သိပ္ပံပညာရှင်တွေ ပေးတဲ့ အကြံအဉာဏ်လေး အချို့ကို လိင်မှုကိစ္စမှာ အသုံးချကြည့်နိုင်ပါတယ်။

ခါးကုန်းလိုက်ရင် သို့မဟုတ် အကြာကြီးထိုင်ရင် ခါးနာတတ်တဲ့မိန်းမတွေအတွက် ဘေးတိုက်လိင်ဆက်ဆံခြင်းလိုမျိုး ကျောရိုးကွေးစရာမလိုတဲ့ ပုံစံကို အသုံးပြုသင့်ပါတယ်။

ခါးကော့လိုက်ရင် ခါးနာတတ်တဲ့ မိန်းမတွေက လှေကြီးထိုးလိုမျိုး ပုံစံကို အသုံးပြုသင့်ပါတယ်။

အချုပ်ပြောရမယ်ဆိုရင် သင်အကောင်းဆုံးလုပ်နိုင်တာက အလိုက်သင့်လေး သွားခြင်းပါပဲ။ ကိုယ်နေကိုယ်ဟန်ကို သိပ်စိတ်ထဲမထားပါနဲ့။ လူတစ်ယောက်အတွက် အလုပ်ဖြစ်တဲ့ပုံစံက အခြားသူတစ်ယောက်အတွက် အလုပ်မဖြစ်တာမျိုးတွေ ရှိနေတတ်ပါတယ်။ ဒါ့အပြင် လူတစ်ယောက်နဲ့ တစ်ယောက်က ကိုယ်နေကိုယ်ဟန်ကို တုံ့ပြန်မှုတွေလည်း မတူညီကြပါတယ်။ ဒါကြောင့် ကိုယ်လိင်ဆက်ဆံနေတဲ့ပုံစံတစ်ခုမှာ ခါးမနာတော့ဘူးဆိုရင် အဲဒီပုံစံအတိုင်းသာ ဆက်သွားလိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Best and Worst Sex Positions for Back Pain. http://www.everydayhealth.com/news/best-worst-sex-positions-for-back-pain/. Accessed May 10, 2017.

Men – Best and Worst Sexual Positions for Low Back Pain. http://basicspine.com/men-best-and-worst-sexual-positions-for-low-back-pain/. Accessed May 10, 2017.

ယခုပုံစံ

28/01/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သာယာတဲ့ လိင်မှုဘဝပိုင်ဆိုင်နိုင်စေဖို့အတွက် လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်းများ

သင့်လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို ဒီအရာကဖျက်ဆီးနိုင်ပါတယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement