backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သတို့သားလောင်း၊သတို့သမီးလောင်းတို့ ရွှေလက်မတွဲခင် ဘာတွေပြင်ဆင်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သတို့သားလောင်း၊သတို့သမီးလောင်းတို့ ရွှေလက်မတွဲခင် ဘာတွေပြင်ဆင်ကြမလဲ။

ဝါကျွတ်ပြီဖြစ်တဲ့အတွက် လက်ထပ်ကြတော့မယ့် ကိုကိုမမတို့အားလုံးရင်ခုန်နေကြပြီထင်ပါတယ်။ မင်္ဂလာဆောင်အတွက် နှစ်ယောက်လုံး လုံးပန်းပြင်ဆင်နေရင်း တကယ်အရေးကြီးတဲ့ ကျန်းမာရေးစစ်ဆေးတာတွေ၊ သွေးစစ်တာတွေ၊ ကာကွယ်ဆေးထိုးရမှာတွေကို မေ့လျော့နေကြပြီလား။

ဒါဆိုရင် မင်္ဂလာဆောင်ခင် အနည်းဆုံး ကျန်းမာရေးအတွက် လုပ်သင့်၊ စစ်သင့်တာလေးတွေကိုဖော်ပြလိုက်ပါတယ်။

၁။ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများအတွက် စစ်ဆေးမယ်။

အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးအိပ်ဂျ်အိုင်ဗီပိုး၊ ကာလသားရောဂါ စသဖြင့် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများအတွက် နှစ်ယောက်လုံး စစ်ဆေးဖို့လိုပါတယ်။ ကိုယ့်ချစ်သူကို အကြွင်းမဲ့ယုံကြည်ပါတယ်ဆိုရင်တောင် ဒီလိုရောဂါတွေဟာ လိပ်ဆက်ဆံခြင်းကနေသာ ကူးစက်နိုင်တာ မဟုတ်ဘဲ မသန့်တဲ့သွေးသွင်းမိတာတွေ၊ အလှပြင်ဆိုင်က မသန့်တဲ့ခြေသည်းညှပ်၊ ဆံပင်ညှပ်ဆိုင်က ဘရိတ်ဓား၊ တက်တူးထိုးတာတွေကနေ ကူးစက်နေနိုင်တာကြောင့် လက်မထပ်သေးခင် စစ်ဆေးထားပြီး လိုအပ်တဲ့ကုသမှုတွေခံယူထားတာအကောင်းဆုံးပါ။

၂။ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထားမယ်။

(က)အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး

အသည်းရောင်အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေးဟာ ကလေးဘဝထဲက အပြည့်ထိုးရပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတဲ့ချိန်မှာလည်း ဘီပိုးကာကွယ်ဆေး ပြန်ထိုးဖို့လိုပါတယ်။ မထိုးခင်မှာ ဘီပိုးကို ခုခံနိုင်တဲ့ အန်တီဘော်ဒီလို့ခေါ်တဲ့ ပဋိပစ္စည်းတွေ သွေးထဲမှာ အလုံအလောက် ရှိမရှိကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီး လိုအပ်ရင် အပြည့်ပြန်ထိုးရပါမယ်။

(ခ) သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး

သားအိမ်ခေါင်းကင်ဆာဟာ မြန်မာနိုင်ငံမှာ အဖြစ်များဆုံးကင်ဆာတစ်မျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တဲ့အကြောင်းရင်းများကြီးရှိတဲ့ထဲကမှ သားအိမ်ခေါင်းကင်ဆာရဲ့ အဓိကတရားခံ အိပ်ဂျ်ပီဗီဗိုင်းရပ်စ် ၁၆ နဲ့ ၁၈ (Human Papilloma Virus Type 16 and 18) အတွက် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

၃။ သင့်တော်တဲ့သားဆက်ခြားနည်းကိုရွေးချယ်မယ်။

နှစ်ဦးနှစ်ဖက် သဘောတူတဲ့ မိသားစုစီမံကိန်းဟာလည်း အိမ်ထောင်ရေးတစ်ခုမှာအရေးကြီးပါတယ်။

ကလေးလိုချင်တာလား၊ မလိုချင်တာလား၊ ကလေးကိုဘယ်အချိန်မှစယူမှာလဲ စသဖြင့် မေးခွန်းတွေကို လက်မထပ်ခင်တိုင်ပင်ထားသင့်ပါတယ်။ ကလေးမယူသေးဘူးဆိုရင်လည်း ရေတိုတားဆေး သုံးမှာလား ရေရှည်တားမှာလား၊ ဘယ်လိုတားဆေးသုံးမှာလဲ၊ တားဆေးသုံးရင်ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုး စသဖြင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး သတို့သမီးလောင်းတွေအနေနဲ့ ကိုယ်နဲ့သင့်တော်ရာ ရွေးချယ်သင့်ပါတယ်။

နှစ်ဦးနှစ်ဖက် သာယာပျော်ရွှင်ကျန်းမာတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်စေဖို့အတွက် ဒီအခြေခံကျန်းမာရေး စစ်ဆေးတာတွေ၊ ကာကွယ်ဆေးတွေဟာ အရမ်းအရေးကြီးပါတယ်။

မင်္ဂလာဆောင်တစ်ခုအတွက် ပြင်ဆင်တဲ့ဆိုတာလွယ်တဲ့အလုပ်မဟုတ်တဲ့အတွက် မင်္ဂလာဆောင်အတွက် လုံးပန်းရင်း ဒီအချက်တွေကို အလွယ်တကူ မေ့လျော့သွားနိုင်ပါတယ်။

ဒါကြောင့်လည်း ဒီဆောင်ပါးလေးကနေ သတိပေးတိုက်တွန်းရင်း သတို့သား၊သတို့သမီးလောင်းလေးတွေ သာယာချမ်းမြေ့စွာ ရွှေလက်တွဲတွေ မြဲနိုင်ကြပါစေလို့ Hello Sayarwon ကဆုတောင်းပေးလိုက်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement