backup og meta

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း နှင့် ပိုးကူးစက်ခြင်းများ

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း နှင့် ပိုးကူးစက်ခြင်းများ

လတ်တလော လေ့လာတွေ့ရှိချက်များအရ လိင်ပိုင်းဆိုင်ရာ တက်ကြွမှုရှိတဲ့ လူအများဟာ သူတို့ရဲ့ လိင်မှုဆိုင်ရာ ဘဝမှာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို အကြိမ်ပေါင်းများစွာ ပြုလုပ်တယ်လို့ ဆိုကြပါတယ်။ ဒီလို လိင်ဆက်ဆံခြင်း အမျိုးအစားဟာဆိုရင် စုံတွဲတွေကြားက ရင်းနှီးဆက်သွယ်မှုကို ပိုပြီး ကောင်းမွန်လာစေနိုင်ပါတယ်။ သို့သော် အကာအကွယ်မဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာဆိုရင် တချို့သော ရောဂါပိုးကူးစက်ခြင်းတွေ ဖြစ်စေနိုင်တယ်ဆိုတာကို သိရပါမယ်။ ဒီဆောင်းပါးမှာတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ ဖြစ်လာနိုင်တဲ့ ရောဂါပိုးကူးစက်ခြင်း အန္တရာယ်တွေကို ပြောပြမှာ ဖြစ်ပါတယ်။

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း အမျိုးအစားများ

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ ပါးစပ်၊ နှုတ်ခမ်းနဲ့ လျှာ စတာတွေကို သုံးပြီး လိင်ဆက်ဆံဖက်ရဲ့ မျိုးပွားအင်္ဂါနဲ့ အင်္ဂါတဝိုက်ကို လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ လိင်ဆက်ဆံခြင်းကို လိင်တူ ဆက်ဆံခြင်းမှာရော လိင်ကွဲဆက်ဆံခြင်းမှာပါ တွေ့ရလေ့ရှိပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းနှင့် ပတ်သက်ပြီး အဓိကအမျိုးအစား အချို့ရှိပါတယ်။ ဒါတွေကတော့

  • Cunnilingus – အမျိုးသမီးရဲ့ မိန်းမကိုယ် အင်္ဂါစပ် အထူးသဖြင့် မိန်းမကိုယ်ရှိ အစေ့ငယ် စတာတွေ ပါဝင်တဲ့ အမျိုးသမီးရဲ့ လိင်အင်္ဂါကို သူမရဲ့ လိင်ဆက်ဆံဖော်က ပါးစပ်ဖြင့် လှုံ့ဆော်ပေးခြင်း
  • Fellatio – ပါးစပ်နဲ့ အမျိုးသားရဲ့ လိင်တံကို စုပ်ခြင်း၊ လျှာနဲ့ လျက်ခြင်း
  • Nippling – လိင်ဆက်ဆံဖော်ရဲ့  နို့သီးခေါင်းတွေကို လျှာဖြင့် လှုံဆော်ပေးခြင်း
  • Anilingus – လျှာနဲ့ နှုတ်ခမ်းကို အသုံးပြုပြီး လိင်ဆက်ဆံဖော်ရဲ့ စအိုကို လှုံ့ဆော်ပေးခြင်း

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းနှင့် ပိုးကူးစက်ခြင်းများ

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ကြောင့် အခုလို ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။

  • ဆီးပူညောင်းကျ ရောဂါ

ဆီးပူညောင်းကျ ရောဂါဟာ Neisseria gonorrhoeae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပါတယ်။ ဒီပိုးဟာ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။

လည်ချောင်း ၊ လိင်အင်္ဂါ၊ ဆီးလမ်းကြောင်းနဲ့ စအို စတဲ့ နေရာတွေက ဘက်တီးရီးယားပိုး အများဆုံး ကူးစက်နိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ဆီးပူညောင်းကျ ရောဂါ ဖြစ်တဲ့အခါ ခံစားရလေ့ရှိတဲ့ လက္ခဏာအချို့ကတော့

−အမျိုးသမီးတွေမှာ မိန်းမကိုယ်မှာဖြစ်စေ၊ အမျိုးသားများရဲ့ လိင်တံမှာဖြစ်စေ များသောအားဖြင့် အစိမ်းရောင် သို့မဟုတ် အဝါရောင် အရည်များ ဆင်းခြင်း၊

−ဆီးသွားသည့်အခါ နာကျင်ခြင်း၊

အမျိုးသမီးများမှာ ရာသီစက်ဝန်း နှစ်ခုကြား သွေးဆင်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ပိုးသတ်ဆေး တစ်ကြိမ်ထိုးပြီး ဆေးသေချာသောက်မယ်ဆိုရင် လက္ခဏာအများစုဟာ သက်သာသွားပါလိမ့်မယ်။ တကယ်လို့သာ မကုသဘဲ နေမယ်ဆိုရင်တော့ ဆီးပူညောင်းကျရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ အရေပြားရောင်ရမ်းခြင်းနဲ့ အဆစ်များနာကျင်ခြင်း စတာတွေ ခံစားရနိုင်ပါတယ်။

  • ကာလသားရောဂါ

လိင်အင်္ဂါမှာ ကာလသားရောဂါပိုးဝင်နေတဲ့ အနာတွေ သို့မဟုတ် အရေပြားအကွက်တွေ ရှိတဲ့သူကို ပါးစပ်နဲ့ လိင်ဆက်ဆံမိမယ်ဆိုရင် ကာလသားရောဂါပိုး ကူးစက်နိုင်ပါတယ်။ ကာလသားရောဂါပိုး ရှိတဲ့ သူတွေဟာ

−ရောဂါပိုးဝင်နေတဲ့ နေရာမှာ နာကျင်မှု မရှိတဲ့ အနာတွေဖြစ်ခြင်း၊

−လက်ဖဝါး ခြေဖဝါး သို့မဟုတ် ခန္ဓာကိုယ်ထည်ပေါ်မှာ အနီရောင် အကွက်ပြင်လိုက်ဖြစ်ခြင်း၊

−မိန်းမကိုယ်အင်္ဂါစပ် သို့မဟုတ် စအိုပတ်လည်မှာ သေးငယ်သော အသားပိုများ ဖြစ်ခြင်း စတာတွေကို ခံစားရလေ့ရှိပါတယ်။

−ဒါ့အပြင် ပင်ပန်းခြင်း ၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်းကဲ့သို့သော တုပ်ကွေးရောဂါ လက္ခဏာတွေလည်း ခံစားရလေ့ရှိပါတယ်။

ကာလသားရောဂါကို ကုသရန် သင့်ရဲ့ တင်ပါးကို ပိုးသတ်ဆေး ထိုးပေးနိုင်ပါတယ်။ သို့မဟုတ် ပိုးသတ် ဆေးတွေကိုလည်း သောက်ပေးနိုင်ပါတယ်။ မကုသဘဲ နေမယ်ဆိုရင်တော့ ဦးနှောက်လိုမျိုး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကိုပါ ရောဂါပိုးပြန့်သွားနိုင်ပါတယ်။

  • Chlamydia ရောဂါပိုးကူးစက်ခံရခြင်း

Chlamydia (ကလက်မိုင်ဒီယား)ရောဂါပိုးရှိနေတဲ့ လိင်ဆက်ဆံဖော်ကို ပါးစပ်နဲ့ လိင်ဆက်ဆံမိတဲ့အခါ ကူးစက်ခံရတတ်ပါတယ်။ Chlamydia ရောဂါပိုး ကူးစက်ခံရနိုင်တဲ့ နေရာတွေကတော့ လည်ချောင်း၊ လိင်အင်္ဂါများ၊ ဆီးလမ်းကြောင်းနဲ့ စအိုတို့ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် Chlamydia ရောဂါပိုး ကူးစက်တဲ့ အခါမှာ လက္ခဏာ ပြလေ့မရှိပါဘူး။ သို့သော် ရောဂါပိုး ရှိလာမယ်ဆိုရင်တော့

−လည်ချောင်းနာခြင်း၊

−မိန်းမကိုယ် သို့မဟုတ် အမျိုးသားလိင်တံမှ အရည်များဆင်းခြင်း၊

−ဆီးသွားတဲ့အခါ ပူလောင်မှုကို ခံစားရခြင်း၊

−အမျိုးသားတွေမှာ ဝှေးစေ့များ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

Chlamydia ရောဂါပိုးကို ဆေးသောက်ပြီး ကုသနိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင်တော့ သင့်ကျန်းမာရေးကို ထိခိုက်လာနိုင်ပြီး သင့်ရဲ့ ဆက်ဆံဖော်ကိုလည်း ကူးစက်သွားစေနိုင်ပါတယ်။

  • လိင်အင်္ဂါတွင် ရေယုန်များ

ဒီရောဂါပိုး ဖြစ်ပေါ်စေတဲ့ အဓိက ဗိုင်းရပ်စ်ပိုးကတော့ HSV လို့ခေါ်တဲ့ ရေယုန်ရောဂါ ဗိုင်းရပ်စ်ပိုး အမျိုးအစား ၁နဲ့ ၂ ပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါ ရေယုန်ဟာဆိုရင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှတစ်ဆင့် အခြားသူကို ကူးစက်သွားစေနိုင်ပြီး နှုတ်ခမ်း၊ ပါးစပ်၊ လည်ချောင်း၊ လိင်အင်္ဂါ ၊ စအို၊ တင်ပါး စတဲ့ နေရာမှာ အများဆုံးတွေ့ရပါတယ်။

ကူးစက်ခံရတဲ့ နေရာအနီးတစ်ဝိုက်မှာ ယားယံပြီး နာကျင်စေတဲ့ အရည်ကြည်ဖုများ ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါ ရေယုန် ဖြစ်တဲ့ သူတွေမှာဆိုရင် ပိုးဝင်တဲ့အခါ အစပိုင်းမှာ ခေါင်းကိုက်ခြင်း သို့မဟုတ် ဖျားခြင်း ကို ခံစားရလေ့ရှိပါတယ်။ လိင်အင်္ဂါ ရေယုန်ကို အပြီးပျောက်အောင် ကုသလို့တော့ မရသေးပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေကို သက်သာစေဖို့အတွက်တော့ ဗိုင်းရပ်စ်သတ်ဆေးတွေကို သောက်ပေးလို့တော့ ရပါတယ်။

ဒါ့အပြင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ ကူးစက်တတ်ပေမယ့် ဖြစ်နိုင်ခြေနည်းတဲ့ အခြားရောဂါပိုးတွေကတော့ HIV ရောဂါပိုး၊ အသည်းရောင်အသားဝါ အေ ပိုး၊ ဘီ ပိုး၊ လိင်အင်္ဂါ ကြွက်နို့ နဲ့ ဆီးခုံမွေး သန်းတွယ်ခြင်း စတာတွေပါ။

ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း အားဖြင့် ရောဂါပိုး ကူးစက်ခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါက  လက်တွေ့တော့ မကျလှပါဘူး။ ဒီတော့ ပါးစပ်နဲ့ ဆက်ဆံမယ် ဒါပေမယ့် ရောဂါပိုးတော့ မကူးချင်ဘူးဆိုရင် ကွန်ဒုံး ဒါမှမဟုတ် dental dam (ပါးစပ်အကာ) ကို သုံးပါ။

နောက်ထပ်သတိထားရမှာက အပေါ်မှာပြောခဲ့တဲ့ ရောဂါပိုး ကူးစက်ခံရတဲ့သူတွေဟာ ဆေးကုသလို့ မပြီးမချင်းမှာ လုံးဝ လိင်ဆက်ဆံမှု မရှိသင့်ပါဘူး။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Infection risks associated with oral sex.

http://www.netdoctor.co.uk/conditions/sexual-

health/a12020/infection-risks- associated-with- oral-sex/.

Accessed April 19, 2017.

What infections can I catch through oral sex?

http://www.nhs.uk/chq/Pages/970.aspx?CategoryID=118.

Accessed April 19, 2017.

STD Risk and Oral Sex – CDC Fact Sheet.

https://www.cdc.gov/std/healthcomm/stdfact-
stdriskandoralsex.htm.

Accessed April 19, 2017.

 

ယခုပုံစံ

20/01/2023

Dr. Kaung Thar မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးလမ်းကြောင်းနာကျင်ခြင်း

လိင်မှုဆက်ဆံရေးမှာ အရွယ်အစားက ဘယ်လောက်အရေးပါလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Dr. Kaung Thar မှ ရေးသားသည်။ · 20/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement