backup og meta

ဘာကြောင့် HIV ဆေးသောက်ဖို့ အရေးကြီးသလဲ

ART (HIVရောဂါကုထုံး)တွင် ထိုပိုးကိုသေစေနိုင်သောဆေးများပေါင်းထားပါသည။် HIV ရောဂါပိုးကို အထူးတားမြစ်ပြီၤး ရောဂါကို ဆက်လက်မကြီးထွားအောင် လုပ်ဆောင်ပေးပါသည်။ ဆရာဝန်များသည် HIVဟုသိသိရချင်း CD4 ပမာဏမည်မျှရှိသည်ဖြစ်စေ ထိုကုထုံးကို အရင်ဦးဆုံးပေးလေ့ရှိပါသည်။

ဘာကြောင့် HIV ဆေးသောက်ဖို့ အရေးကြီးသလဲ

ART ဆေးမှာအမြစ်ပြတ်ကုသသောဆေးမဟုတ်ပါ။ သို့သော်ထိုဆေးများသည်ရောဂါဆက်လက်မပျံ့ပွားအောင် ကူညီပေးပါသည်။ ထို့ကြောင့် ခန္ဓါကိုယ်ထဲမှ ပိုးမွှားပမာဏလျော့နည်းစေပါသည်။ ဗိုင်းရပ်စ်ပိုးမွှားပမာဏလျော့နည်းပြီး ရောဂါပိုးကို အခြားသောသူများသို့ကူးစက်ခြင်းမှ ကာကွယ်ပေးပါသည။် အသက်ရှည်စွာကျန်းကျန်းမာမာနှင့် နေထိုင်နိုင်ပြီးကူးစက်နှုန်းကိုလျော့နည်းစေပါသည။်

ထို့ပြင် အခြားသောရောဂါများဖြစ်သည့် တီဘီ၊ နမိုးနီးယား နှင့်ကင်ဆာစသောရောဂါများ ကူးစက်နှုန်းကိုလည်းလျော့နည်းစေပါသည်။ ခန္ဓါကိုယ်ထဲမှရောဂါပိုးမွှားပမာဏကိုလျော့ကျခြင်းဖြင့် အခြားသောသူများသို့ကူးစက်နှုန်းကိုလျော့နည်းစေပါသည်။ ထို့ပြင်ARTဆေးမှာအသက်ပေါင်းများစွာကို ကာကွယ်ပေးနိုင်ရုံမျှမက ရောဂါပိုးမွှားပမာဏကိုလျော့နည်းစေခြင်းဖြင့် အခြားသူများကိုကူးစက်နှုန်းလည်းကျဆင်းစေပါသည်။

ARTဆေးသည် HIV ရောဂါဝေဒနာရှင်များအတွက် အကောင်းဆုံးဆေးဖြစ်ပါသည်။ ရောဂါခံစားနေရသောအချိန်ကာလနှင့် ကျန်းမာရေးအခြေအနေပေါ်မမူတည်ပါ။ မကုသလျှင် HIV ရောဂါမှ မိမိ၏ခုခံအားကိုထိခိုက်စေပြီး AIDS ရောဂါသို့ပြောင်းလဲသွားစေနိုင်ပါသည်။

သုံးလေ့ရှိသောဆေးအမျိုးအစားများမှာ

• zidovudine (Retrovir)၊ abacavir (Ziagen)၊ emtricitabine (Emtriva) စသောHIV ရောဂါပိုးမွှားကို ဆဲလ်ထဲတွင်မပွှားအောင် အင်ဇိုင်းတစ်မျိုးကိုတားသော ဆေးများ

• efavirenz (Sustiva)၊ etravirine (Intelence)၊ nevirapine (Viramune) စသော အင်ဇိုင်းတစ်မျိုးကိုတားပြီး HIV ရောဂါပိုးမွှားကို ဆဲလ်ထဲ မဝင်အောင်တားသောဆေးများ

• Atazanavir(Reyataz), Ritonavir(Norvir) နှင့် Tipranavir(Aptivus) စသောHIV ရောဂါပိုးမွှားဖြစ်ပေါ်စေသောဓါတ်တစ်မျိုးကိုတားသောဆေးများ

• ရောဂါပိုးမွှားအဝင်ကိုတားသောဆေးများ ထိုဆေးကိုနှစ်မျိုးနှစ်စားထပ်ပြီးခွဲခြားနိုင်ပါသည်။ တစ်မျိုးမှာ အဝင်တားသောဆေးများ ဥပမာ Maraviroc(Selzentry) ထိုဆေးမှာ CCR5ဟုခေါ်သောCD4 ဆဲလ်ပေါ်တွင်ရှိသည့် ပရိုတင်းကိုတားဆီးပေးပါသည်။ နောက်တစ်မျိုးမှာ ပေါင်းစည်းခြင်းကိုတားသော ဆေးဖြစ်ပါသည်။ ဥပမာ Enfuvirtide(Fuzeon) ထိုဆေးမှာ HIV ရောဂါပိုးကို ဆဲလ်ထဲမဝင်အောင်တားပေးပါသည်။

• dolutegravir (Tivicay)၊ elvitegravir (Vitekta)၊ raltegravir (Isentress) စသောဆေးများသည် HIV ရောဂါပိုးမှ DNA အစိတ်အပိုင်းကို မိမိဆဲလ်ထဲမဝင်အောင်တားပေးပါသည်။

ARVဆေးသည်သွေးထဲရှိ ရောဂါပိုးမွှားပမာဏကိုလျော့နည်းစေပါသည်။ စစ်ဆေးရာတွင် ပိုးမွှားပမာဏမပေါ်သောသူများသည် ကျန်းကျန်းမာမာနှင့်အသက်ရှည်စွာနေထိုင်သွားနိုင်ပါသည်။ အခြားသောသူများကိုလည်းကူးစက်နိုင်ခြေနည်းပါသည်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Benefits of Using Antiretroviral Treatment as an Effective Prevention Tool Must Not Be Overlooked
http://blog.iasociety.org/post/2011/01/17/Benefits-of-Using-Antiretroviral-Treatment-as-an-Effective-Prevention-Tool-Must-Not-Be-Overlooked.aspx
Accessed on October 30, 2016

ယခုပုံစံ

14/11/2019

Dr. Zin Thu Thu Win မှ ရေးသားသည်။


ဆက်စပ် အကြောင်းအရာများ

လိင်မှုဘဝ ချောမွေ့စေဖို့ သုံးလေ့ရှိတဲ့ ချောဆီရဲ့ ဘေးထွက်ဆိုးကျိုး အချို့

လိင်ဆက်ဆံရင် ဝိတ်ကျ သလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Zin Thu Thu Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/11/2019 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။