HIV ရောဂါပိုးသည် ခုခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ် ရောဂါပိုးတစ်မျိုး ဖြစ်ပါသည်။ AIDS ရောဂါသည် HIV ရောဂါပိုးမှဖြစ်ခြင်း ဖြစ်ပါသည်။ AIDS သည် နောက်ဆုံးအဆင့် ဖြစ်ပါသည်။ အောက်ပါ အချက်များသည် HIV နှင့် AIDS ကွာခြားပုံ အကြောင်းကို ဖော်ပြသောအချက်များ ဖြစ်ပါသည်။
HIV နှင့် AIDS ကွာခြားပုံ
HIV သည် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါသည်။ AIDS သည် HIV ရောဂါကြောင့်ဖြစ်သော ခုခံအားကျဆင်းသော ရောဂါဖြစ်သည်။ လူသားများ၏ ခုခံအားစနစ်ကို ထိခိုက်ပါသည်။ ခုခံအားစနစ်က လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို ထိခိုက်စေပါသည်။
ခုခံအားကျဆင်းမှု AIDS ရောဂါသည် HIV ဗိုင်းရပ်စ် ပိုးဝင်ရောက်ပြီး နှစ်ပေါင်းများစွာ ကြာသောအခါ ဖြစ်လေ့ရှိပါသည်။ AIDS ရှိသော လူများသည် ခုခံအားစနစ် ပျက်စီးနေတတ်ပါသည်။ ထို့ကြောင့် ရောဂါပိုးမွှားများ (ဥပမာ – တီဘီရောဂါ၊ နမိုးနီးယားရောဂါ၊ ကင်ဆာနှင့် တခြားသော ရောဂါပိုးများ) ဝင်ရောက်နိုင်ပါသည်။
AIDS မရှိသော HIV ပိုး သယ်ဆောင်သူများ
HIV သည် ဗိုင်းရပ်စ်ပိုး ဖြစ်ပါသည်။ AIDS သည် ထိုမှဖြစ်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ထို့ကြောင့် AIDS အဆင့်မရောက်ခင် လူနာမှာ HIV ချည်းသာ ဖြစ်တတ်ပါသည်။ ခုခံအားက HIVပိုးကို လုံးဝ အမြစ်ပြတ် မတိုက်ထုတ်နိုင်ပါ။ HIV ပိုးရှိသော လူနာသည် AIDSအဆင့်ရောက်ရန် ၁၀ နှစ်လောက် အချိန်ကြာနိုင်ပါသည်။ တိုးတက်လာသော ဆေးပညာ၏ ကျေးဇူးကြောင့် AIDS ရောဂါ ဝေဒနာရှင်များ၏ သက်တမ်းသည် ယခင်ကထက် ပို၍ ကောင်းလာကြောင်း သိရှိရပါသည်။
AIDS မဖြစ်ဘဲ HIV ဖြစ်နိုင်သော်လည်း AIDS ဖြစ်သောသူများအဖို့ HIV ဗိုင်းရပ်စ်ပိုး ရှိသည်မှာ သေချာပါသည်။ HIV ဗိုင်းရပ်စ်ပိုး ရှိပြီး AIDS ရောဂါ မဖြစ်သော သူများလည်း ရှိပါသည်။ ဆေးသေချာ သောက်ခြင်းကြောင့် HIVပိုး ရှိသော်လည်း AIDS မဖြစ်သွားသူများလည်း ရှိပါသည်။
HIV ဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ပါသည်
HIV သည် ဗိုင်းရပ်စ်ပိုးမွှား ဖြစ်သောကြောင့် တခြားသော ဗိုင်းရပ်စ် ပိုးမွှားများကဲ့သို့ အခြားသူများကိုလည်း ကူးစက်နိုင်ပါသည်။ တစ်ဦးမှ တစ်ဦးသို့ ခန္ဓာကိုယ် အရည်များမှတဆင့် ကူးစက်နိုင်ပါသည်။ AIDS ရောဂါကို တခြားသူဆီမှ တိုက်ရိုက်မကူးနိုင်ပါ။ ကူးစက်လျှင် HIV ရောဂါပိုးမှ ကူးစက်နိုင်ပါသည်။
HIV သည် ရောဂါ လက္ခဏာများ အမြဲမပေါ်တတ်ပါ
HIV ရောဂါပိုးသည် ပိုးဝင်ပြီး ၂ ပတ်မှ ၄ ပတ်အထိ တုပ်ကွေးလက္ခဏာမျိုးသာ ပေါ်ပေါက်နိုင်ပါသည်။ အချိန် အနည်းငယ်အတွင်း ပေါ်ပေါက်လျှင် ရက်တိုရောဂါဟု ခေါ်ပါသည်။ ထိုအချိန်တွင် ခုခံအားစနစ်က တိုက်ထုတ်နေတာကြောင့် အောင်းချိန်အတွင်း ရောက်သွားနိုင်ပါသည်။
အောင်းချိန်သည် နှစ်ရှည်ကြာနိုင်ပါသည်။ ရောဂါပိုး ရှိနေပေမဲ့ ရောဂါလက္ခဏာများ လုံးဝ မခံစားရနိုင်ပါ။ HIV မှ AIDS ရောဂါသို့ ကူးပြောင်းလျှင်မူ AIDS ၏ ရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။
HIV ရောဂါသည် သာမန် စစ်ဆေးချက်များနှင့်ပင် စစ်ဆေးနိုင်ပါသည်။ သို့သော် AIDS မှာ ရှုပ်ထွေးပါသည်။
HIV ကူးစက်လျှင် ကိုယ်ခန္ဓာ၏ ခုခံအားစနစ်သည် တန်ပြန်ဓာတ်များ ထုတ်ပြီး ဗိုင်းရပ်စ်ပိုးမွှားများကို တိုက်ထုတ်ပါသည်။ သွေးနှင့် တံတွေး စစ်ဆေးမှုများ ပြုလုပ်ပြီး မိမိတွင် တန်ပြန်သတ္တိ မည်မျှရှိသည်ကို စမ်းသပ်နိုင်ပါသည်။ သို့သော် ထိုစစ်ဆေးမှုသည် ရောဂါပိုးဝင်ပြီး ရက်ပေါင်း အနည်းငယ် ကြာမှသာ စစ်ဆေးနိုင်ပါသည်။
နောက်စစ်ဆေးမှုမှာ ဗိုင်းရပ်စ်ပိုးမွှားမှ ထုတ်သောဓာတ်ကို စစ်ဆေးခြင်း ဖြစ်ပါသည်။ ထိုစစ်ဆေးမှုမှာ ရောဂါဖြစ်ပြီး ရက်ပိုင်းအတွင်း စစ်ဆေးနိုင်ပါသည်။ ထိုစစ်ဆေးချက် နှစ်မျိုးလုံးမှာ မှန်ကန်ပြီး စစ်ဆေးရန် လွယ်ကူပါသည်။
AIDS ရောဂါသည် HIV ရောဂါ၏ နောက်ဆုံးအဆင့် ဖြစ်ပါသည်။ HIV သည် AIDS ရောဂါပြောင်းလဲပါက ဖြစ်ပေါ်လာသော ဖြစ်စဉ်များ ရှိပါသည်။ ဥပမာ – ဆဲလ်အရေအတွက် ပြောင်းလဲခြင်း ဖြစ်ပါသည်။ HIV မရှိသော လူတစ်ဦးသည် CD4 ဆဲလ်အရေအတွက် 500 မှ 1200 အထိ ရှိနိုင်ပါသည်။
ဆဲလ်အရေအတွက် 200 အထိ လျော့နည်းသွားလျှင် HIV မှ AIDS ပြောင်းသွားပြီဟု သိနိုင်ပါသည်။ ပြလေ့ရှိသော နောက်လက္ခဏာ တစ်မျိုးမှာ ရောဂါပိုး ဝင်ရောက်ခြင်း ဖြစ်ပါသည်။ ရောဂါပိုးများမှာ ဗိုင်းရပ်စ်၊ မှိုရောဂါ၊ ဘက်တီးရီးယား ပိုးမွှားများကြောင့် ဖြစ်လေ့ရှိသော ရောဂါများ ဖြစ်သည့် တီဘီရောဂါများ၊ ကင်ဆာနှင့် နမိုးနီးယား ရောဂါများ ပါဝင်သည်။
ကုသခြင်းနှင့် နေထိုင်နိုင်သည့် သက်တမ်းများ
HIV မှ AIDS ပြောင်းလဲသွားပါက မိမိနေထိုင်နိုင်သည့် သက်တမ်းသည်လည်း ကျဆင်းသွားပါသည်။ ပျက်စီးသွားသော ခုခံအားစနစ်ကို ပြန်လည်ပြင်ဆင်ရန် မလွယ်ကူပါ။ ခုခံအား ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများ ရှိပါသည်။
ဥပမာ – ရောဂါပိုး ဝင်ရောက်ခြင်း၊ ကင်ဆာများကဲ့သို့သော အသက်ကို ထိခိုက်စေနိုင်သော ရောဂါများ ဝင်ရောက်နိုင်ပါသည်။
မကုသလျှင် AIDS ရောဂါသို့ ကူးပြောင်းသွားနိုင်ပြီး ၃ နှစ်လောက်သာ အသက်ရှင်နိုင်ပါသည်။ အသက် အန္တရာယ် ဖြစ်ပေါ်စေနိုင်သော နာမကျန်းဖြစ်ပြီး မကုသလျှင် သက်တမ်းသည် ၁ နှစ်ခန့်သာ နေနိုင်ခြင်းလည်း ဖြစ်နိုင်ပါသည်။ တိုးတက်လာသော ဆေးပညာကြောင့် AIDS ရောဂါဝေဒနာရှင်များ၏ သက်တမ်းသည်လည်း တိုးမြင့်လာပါသည်။
AIDS သည် HIV ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပြီး ခုခံအားစနစ်ကို ထိခိုက်ပါသည်။ HIV ရောဂါပိုး ရှိသူများနှင့် ရောဂါပိုး ဝင်ရောက်ရန် ရာခိုင်နှုန်းများသော သူများကို စာနာ၍ အားပေးကူညီရပါမည်။
[embed-health-tool-ovulation]