backup og meta

သွေးအမျိုးအစားများ နဲ့ ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသော လိင်ပိုင်းဆိုင်ရာကျန်းမာရေးဗဟုသုတများ

သွေးအမျိုးအစားများ နဲ့ ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသော လိင်ပိုင်းဆိုင်ရာကျန်းမာရေးဗဟုသုတများ

ထူးဆန်းတယ်လို့ထင်ရပေမယ့် သွေးအမျိုးအစားများနှင့် လိင်ပိုင်းဆိုင်ရာ မျိုးပွားမှု ကျန်းမာရေးဟာ ဆက်နွယ်မှုရှိပါတယ်။ သွေးအမျိုးအစားပေါ်မူတည်ပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတာကို အောက်ဖော်ပြပါအချက်အလက်များဖြင့် သိရှိနိုင်ပါတယ်။

နောက်ခံသမိုင်း

၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း Tehran-Iron ရှိ သွေးဌာနတွင် လှူဒါန်း ထားသောသွေးများတွင် ABO နှင့် Rh သွေးအမျိုးအစားများနှင့် သွေးမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကြား ဆက်နွယ်မှုရှိမရှိ လေ့လာမှု (၁)ခု ပြုလုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုရဲ့ ရည်ရွယ်ချက်ကတော့ သွေးအမျိုးအစားများနှင့် သွေးမှတစ်ဆင့်ကူးစက်သောရောဂါများကြား ဆက်နွယ်မှုရှိ/မရှိကို လေ့လာခြင်းပဲဖြစ်ပါတယ်။ လေ့လာမှုမှာ ပါဝင်တဲ့ ကူးစက်ရောဂါတွေကတော့ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIV (ခုခံအားကျဆင်းမှုကူးစက်ရောဂါ) နှင့် ကာလသား ရောဂါတို့ ဖြစ်ပါတယ်။

လေ့လာမှုနည်းလမ်းများ

လေ့လာမှုကို Tehran Blood transfusion Centre (TBTC) မှာနောက်ပြန်ခြေရာကောက်စစ်ဆေးမှုပုံစံနှင့် လေ့လာခဲ့ပါတယ်။ သွေးလှူရှင်များရဲ့ သွေးရည်ကြည်နမူနာ အားလုံးကိုယူပြီး လျင်မြန်စွာသိရှိနိုင်တဲ့ 3rd generation ELISA kits နှင့် RPR test တို့နှင့် အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ HIV နှင့် ကာလသားရောဂါပိုးရှိမရှိ စစ်ဆေးပါတယ်။

လေ့လာမှုမှ တွေ့ရှိသုံးသပ်ချက်များ

ယေဘုယျအားဖြင့် ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း သွေးလှူရှင်များရဲ့ ၂၀၃၁၄၅၁ ခုသော သွေးရည်ကြည် နမူနာများထဲမှ ပျမ်းမျှ ၁၀၄၅၂ ခုသော သွေးရည်ကြည်နမူနာများတွင် အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ HIV ပိုးနှင့် ကာလသားရောဂါပိုးရှိကြောင်း တွေ့ရှိရပါတယ်။

သွေးမှတစ်ဆင့် ကူးစက်သောရောဂါများထဲမှ အသည်းရောင်အသားဝါ ဘီပိုးနှင့် HIV ပိုးတို့ဟာ သွေးလှူရှင်များရဲ့ သွေးအမျိုးအစားများနှင့် သိသာထင်ရှားတဲ့ဆက်နွယ်မှုရှိကြောင်း တွေ့ရပါတယ်။ တိတိကျကျပြောရမယ် ဆိုရင် HIV Ag/Ab ပမာဏဟာ အေ သွေးအမျိုးအစား သွေးလှူရှင်တွေမှာ အများအပြားရှိနေပြီး HBS Ag (အသည်းရောင်အသားဝါ ဘီပိုး) ပမာဏဟာ အိုသွေးအမျိုးအစား သွေးလှူရှင်တွေမှာ အနည်းငယ်သာတွေ့ရှိရပါတယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင် ABO နှင့် Rh သွေးအမျိုးအစားများနှင့် အသည်းရောင်အသားဝါစီပိုးနှင့် ကာလသားရောဂါတို့ကြား ထင်ရှားသောဆက်နွယ်မှုမရှိကြောင်း တွေ့ရှိရပါတယ်။

သွေးအလှူရှင်များထဲမှာ HIV ရောဂါပိုးဟာ အေသွေးအမျိုးအစားသွေးအလှူရှင်တွေမှာ အများဆုံးတွေ့ ရှိရပါတယ်။ တစ်ချိန်တည်းမှာပဲ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘီသွေးအမျိုးအစား သွေးအလှူရှင်တွေမှာ HIV ရောဂါပိုးကူးစက်ခံရသူ အလွန်နည်းကြောင်း တွေ့ရှိရပါတယ်။

လေ့လာမှု တစ်ခုအရဆိုရင် HIV ရောဂါပိုးကို အိုအပေါင်းသွေးများတွင် အများဆုံးတွေ့ရပြီး ABအနုတ်သွေးများတွင် ဖြစ်ပွားမှု အနည်းဆုံးဖြစ်ကြောင်း တွေ့ရှိရပါတယ်။

အထက်ဖော်ပြပါ အချက်အလက်များအရ လူတစ်ဦးတစ်ယောက်ရဲ့ သွေးအမျိုးအစားဟာ တစ်နည်းနည်းနှင့် ၎င်းရဲ့ မျိုးပွားမှုလိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သက်ရောက်မှုရှိကြောင်း တွေ့ရှိရပါတယ်။ တစ်နည်းပြောရရင် သွေးအမျိုး အစား ကွဲပြားခြားနားမှုအရ ခန္ဓါကိုယ်ရဲ့ ဇီဝလုပ်ဆောင်ချက်များလည်း အပြောင်းအလဲရှိပြီး အသည်းရောင်အသားဝါ ဘီပိုးနှင့် HIV ပိုးကူးစက်နိုင်ချေဟာလည်း တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားမှုရှိပါတယ်။

ဒါကြောင့် ကမ္ဘာအနှံ့အပြား သွေးအမျိုးအစားများနှင့် အသည်းရောင်အသားဝါဘီပိုးနှင့် HIV ပိုးကူးစက်ခြင်းကြား ဆက်နွယ်မှုများကို စူးစမ်းရှာဖွေလေ့လာမှုများ ဆက်လက်တိုးချဲ့ပြုလုပ်သင့်ပါတယ်။

သွေးအမျိုးအစားကွဲပြားခြင်းဟာ သင့်ရဲ့လိင်ပိုင်းဆိုင်ရာ မျိုးဆက်ပွား ကျန်းမာရေးအပေါ် သက်ရောက်မှုရှိသော်လည်း လိင်ဆက်ဆံရာမှာ အကာအကွယ်ယူရမယ်ဆိုတာ အမြဲသတိရှိနေပါမယ်။ ဒါကြောင့် ဆေးရုံဆေးခန်းများတွင် တစ်နှစ် တစ်ကြိမ်သွားရောက် စစ်ဆေးခြင်းဖြင့် ကျန်းမာပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Association of ABO and Rh Blood Groups to Blood-Borne Infections among Blood Donors in Tehran-Iran
https://www.ncbi.nlm.nih.gov/pmc/articles/PMC4401062/ Accessed January 27, 2017

6 Ways Blood Type Can Influence Personal Health: From Mild Stress To Cancer
http://www.medicaldaily.com/6-ways-blood-type-can-influence-personal-health-mild-stress-cancer-304518 Accessed January 27, 2017

5 Things Your Blood Type Says About Your Health
http://www.prevention.com/health/blood-type-and-disease-risk Accessed January 27, 2017

ယခုပုံစံ

12/05/2020

Dr. Sandar Lin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်မှုဘဝ ချောမွေ့စေဖို့ သုံးလေ့ရှိတဲ့ ချောဆီရဲ့ ဘေးထွက်ဆိုးကျိုး အချို့

လိင်ဆက်ဆံရင် ဝိတ်ကျ သလား



Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement