backup og meta

တားဆေးဖြတ်ပြီးရင် ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာ တကယ်လား

ပဋိသန္ဓေတားဆေးတွေ နဲ့ပတ်သက်ပြီး ပြောကြဆိုကြတဲ့ အရပ်စကားတွေက အများကြီးပါ။ ဒီအထဲကမှ အန်တီကြီးတွေ ပြောလေ့အရှိဆုံးစကားကတော့ တားဆေး တွေကို ကာလတခုကြာအောင်သောက်ပြီး ဖြတ်လိုက်တဲ့အခါ နောင်တချိန်မှာ ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာပါပဲ။

တားဆေးဖြတ်ပြီးရင် ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာ တကယ်လား

တားဆေးဖြတ်ပြီးရင် ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာ တကယ်လား

တားဆေးဖြတ်ပြီးရင် ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာ တကယ်လား ဆိုတော့ ဒါဟာ အင်မတန် ဒွိဟပွားစရာ စကားပါ။ ဒီအဆို မှန်၊မမှန် သိရအောင် ဆောင်းပါးလေးကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။

ပဋိသန္ဓေတားဆေးတွေက ဘယ်လိုအလုပ်လုပ်သလဲ။

ဒီဆေးတွေဟာ ဟော်မုန်းဆေးတွေဖြစ်ပြီး ကိုယ်ဝန်ရှိလာခြင်းမှ ကာကွယ်ဖို့အတွက် နေ့စဉ်ပုံမှန် သောက်ပေးရကာ မှန်ကန်စွာ သုံးစွဲမယ်ဆိုရင် ၉၉.၉% အထိ အာနိသင်ထိရောက်ပါတယ်။

သားဥအိမ်ကနေ ကြွေကျလာတဲ့ မမျိုးဥလေးဟာ အဖိုရဲ့သုက်ကောင်တကောင်နဲ့ပေါင်းပြီး သန္ဓေသားဖြစ်လာမယ့် ဆဲလ်လုံးလေး အဖြစ် သားအိမ်မှာသွားရောက်ကပ်တွယ်ကာ ကလေးလေးအဖြစ် တဖြည်းဖြည်း ကြီးထွားဖွံ့ဖြိုးလာပါတယ်။

သားဥအိမ်ကနေ မမျိုးဥကြွေကျတာကို သားဥကြွေခြင်းလို့ ခေါ်ပြီး ဒီဖြစ်စဉ်ကို အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေက ထိန်းချုပ်ပေးပါတယ်။ တားဆေးတွေထဲမှာ estrogen နဲ့ progestin ဟော်မုန်း အနည်းငယ်စီ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ သဘာဝဟော်မုန်းသံသရာဖြစ်စဉ်ကို ဆန့်ကျင်ပေးခြင်းအားဖြင့် ကိုယ်ဝန်ရှိမလာအောင် ကာကွယ်ပေးပါတယ်။

ဟော်မုန်းပါဝင်တဲ့ ပဋိသန္ဓေတားဆေးတွေကို သုံးစွဲခြင်းအားဖြင့် သားဥကြွေတာကို ကာကွယ်ပေးတဲ့အပြင် သားအိမ်ခေါင်းအတွင်းမှာရှိတဲ့ အကျိအချွဲတွေရဲ့ ပုံစံသဘာဝကိုလည်း ပြောင်းလဲစေတာမို့ သုက်ကောင်တွေအနေနဲ့ သားအိမ်ခေါင်းကို ဖြတ်သန်းဝင်ရောက်ပြီး မမျိုးဥတွေနဲ့ ထိတွေ့မျိုးအောင်ဖို့ အခွင့်အလမ်းကို နည်းသွားစေပါတယ်။ ဒါတင်မကသေးပါဖူး။ အဆိုပါတားဆေးတွေဟာ သားအိမ်ရဲ့ အတွင်းသားနံရံတွေကိုလည်း ပြောင်းလဲပစ်လိုက်တာမို့ မျိုးအောင်ပြီးသားဥဟာလည်း လာပြီးမကပ်တွယ်နိုင်တော့ပါဘူး။

တားဆေးတွေ သုံးစွဲမယ်ဆိုရင် နောင်တချိန်မှာ ကလေးရဖို့ ခက်ခဲနိုင်သလား။

မခက်ခဲပါဖူး။ ပဋိသန္ဓေတားဆေးတွေဟာ မျိုးအောင်နိုင်စွမ်းကို မထိခိုက်စေဖူးဆိုတာကို သုတေသန၊ လေ့လာမှုအများအပြားက သက်သေပြပြီး ဖြစ်ပါတယ်။ အဆိုပါ တားဆေးတွေမှာ ပါဝင်တဲ့ ဟော်မုန်းတွေကို ခန္ဓာကိုယ်က လျင်မြန်စွာ ရှင်းလင်းပစ်နိုင်ပါတယ်။

ဒါကြောင့် တားဆေး တွေကို တနေ့တခါပုံမှန်သောက်ပေးရတာ ဖြစ်ပါတယ်။ ဟော်မုန်းတွေ သင့်ခန္ဓာကိုယ်ထဲက လုံးဝပျောက်ကွယ်သွားပြီဆိုရင် နှစ်ရက်လောက်အတွင်းမှာပဲ မမျိုးဥကြီးထွားဖွံ့ဖြိုးတဲ့ ပုံမှန်ဖြစ်စဉ် ပြန်လည်ဖြစ်ပေါ်လာမှာ ဖြစ်ပြီး နှစ်ပတ်ကနေ ခြောက်ပတ်လောက်အတွင်းမှာပဲ သားဥကြွေခြင်း ဖြစ်ပေါ်လာမှာပါ။

ဒါပေမယ့် သင့်အနေနဲ့ တားဆေး သုံးစွဲခဲ့တဲ့ ကာလကြာမြင့်ခဲ့တယ်ဆိုရင် (ဆိုပါစို့ တစ်နှစ်ကျော်လောက်ပေါ့) သင့်ခန္ဓာကိုယ်အနေနဲ့ ပုံမှန်ဇီဝကမ္မဖြစ်စဉ်တွေ ပြန်လည်ဖြစ်ပေါ်ဖို့အတွက် သုံးလလောက် အချိန်ပေးရမှာ ဖြစ်ပါတယ်။

တားဆေးကို နှစ်ပေါင်းများစွာ သုံးစွဲခဲ့တဲ့ အမျိုးသမီးတယောက်အနေနဲ့ ကလေးယူချင်တဲ့အတွက် တားဆေး သောက်တာ ရပ်လိုက်မယ်ဆိုရင်တော့ သူမရဲ့ မျိုးအောင်နိုင်စွမ်း (ကလေးရနိုင်စွမ်း)ဟာ ပုံမှန်ထက် နည်းကောင်းနည်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်ရတာဟာ သူမအသက်ကြီးလာတာကြောင့်ဖြစ်ပြီး တားဆေးတွေကြောင့် မဟုတ်ပါဖူး။

တားဆေး သောက်ဆေးတွေဟာ စိတ်အချရဆုံးနဲ့ ထိရောက်မှု အရှိဆုံး သားဆက်ခြားနည်းလမ်းအဖြစ် ယူဆထားကြပါတယ်။ တားဆေးတွေကြောင့် နောင်တချိန်မှာ ကလေးမရတော့တာ (မြုံတာ)ကို ဖြစ်စေနိုင်တယ်လို့ ပြောတာတွေဟာ လွဲမှားတဲ့ အယူအဆတွေပဲ ဖြစ်ပါတယ်။

တားဆေး သုံးစွဲတာရပ်လိုက်ပြီး ချက်ချင်းဆိုသလို ကလေးရနိုင်မှာဖြစ်ပြီး သားဥကြွေခြင်း ဖြစ်စဉ် ပုံမှန် ပြန်ဖြစ်ဖို့တော့ အချိန်အနည်းငယ် ယူရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီနည်းလမ်းဟာ လုံးဝ(လုံးဝ) စိတ်ချရပါတယ်။ သင့်အနေနဲ့ ကျန်းမာသန်စွမ်း ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေကို ရရှိနိုင်ဦးမှာပဲ ဖြစ်ပါကြောင်း။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Birth Control Pills.

http://www.webmd.com/sex/birth-control/birth- control-pills#1

AccessedNovember 9, 2016.

Birth Control Myths https://www.nationwidechildrens.org/specialties/bc4teens/resources/birth-control-myths Accessed November 9, 2016.

Contraception Myths https://my.clevelandclinic.org/health/articles/9137-contraception-myths Accessed November 9, 2016.

Birth Control Pill Myths You Definitely Want to Discount https://www.cumedicine.us/about-cu-medicine/health-insights/birth-control-pill-myths Accessed November 9, 2016.

ယခုပုံစံ

01/06/2023

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်ပညာပေးခြင်းကို ဘယ်အချိန်မှာလုပ်သင့်လဲ။ ဘာကြောင့်လုပ်သင့်လဲ

သင့်ရဲ့လက်တွဲဖော်အတွက် လိင်ဆက်ဆံလိုစိတ် မြင့်တက်အောင် ဘယ်လိုလုပ်ပေးမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/06/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။