backup og meta

ဘယ်အကာအကွယ်ပစ္စည်းကို သုံးပြီး လိင်ဆက်ဆံသင့်သလဲ(အမျိုးသမီးသုံး သားအိမ်ကာပစ္စည်းနှင့် အမျိုးသားသုံး ကွန်ဒုံးများ)

အကာအကွယ်ဆိုသည်မှာ လိင်ဆံဆက်စဉ်တွင် သုတ်ကောင်နှင့်မျိုးဥများကို မထိတွေ့မိစေရန် ကာထားသော ပစ္စည်းများကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုနည်းများကို နှစ်ပေါင်းများစွာကတည်းက သုံးလာခြင်းဖြစ်ပါသည်။ အကာအကွယ်ပစ္စည်းများ သုံးမျိုးရှိပါသည်။

အမျိုးသားသုံး ကွန်ဒုံးများ

အမျိုးသားများသုံးသည့် ကွန်ဒုံးများကို ရာဘာဖြင့် ပြုလုပ်ထားပြီး ယင်းကို လိင်မဆက်ဆံမီတွင် လိင်ထံထိပ်တွင် စွပ်ရပါသည်။ ရာဘာပစ္စည်းများနှင့် ဓါတ်မတည့်သူဖြစ်ပါက ပိုလီရူလီသိန်းနှင့် ပြုလုပ်ထားသော ကွန်ဒုံးများကို အသုံးပြုနိုင်ပါသည်။

အမျိုးသားများသည် ကွန်ဒုံးကို စနစ်တကျအသုံးပြုပါက ကလေးရနိုင်ချေကို ၉၈% ကာကွယ်ပေးပါသည်။ ယင်းသည် လိင်မှတဆင့်ကူးစက်သောရောဂါများကိုလည်း ကာကွယ်ပေးပါသည်။ ကွန်ဒုံးပေါက်ပြဲခြင်းကို ကာကွယ်ရန် ရေဓါတ်အခြေခံထားသော ချောဆီများကို အသုံးပြုပြီး စွပ်သင့်ပါသည်။ ထို့ပြင် ကွန်ဒုံးများကို ပိုက်ဆံအိတ်များ၊ အိတ်ကပ်များတွင် သိမ်းဆည်းခြင်းဖြင့် အပူနှင့် ထိတွေ့ကာဓါတ်ပြယ်သွားနိုင်ပါသည်။ ကွန်ဒုံးသုံးတော့မည်ဆိုလျှင် ရက်လွန်ခြင်းရှိမရှိ စစ်ဆေးပြီးမှ အသုံးပြုသင့်ပါသည်။

အမျိုးသမီးသုံး ကွန်ဒုံးများ

အမျိုးသမီးသုံး ကွန်ဒုံးများသည် ဆလင်ဒါပုံရှိသော ပိုလီရူလီသိန်းနှင့် ပြုလုပ်ထားသော ကွန်ဒုံးများဖြစ်ပြီး ပွင့်နေသောဖက်ခြမ်းတွင် ကွင်းပုံစံပါရှိပါသည်။ ပိတ်နေသောဖက်သည် သားအိမ်ခေါင်းကိုကာရန်ဖြစ်ပြီး ပွင့်နေသောဖက်သည် မိန်းမကိုယ်ဖက်ကို ဦးတည့်ပေးရန်ဖြစ်ပါသည်။ ထိုကွန်ဒုံးကို စနစ်တကျအသုံးပြုပါက ကလေးရနိုင်ချေကို ၉၀% ကာကွယ်ပေးပြီး လိင်မှတဆင့်ကူးစက်သောရောဂါများကိုလည်း ကာကွယ်ပေးပါသည်။

အမျိုးသမီးသုံး သားအိမ်ကာပစ္စည်း

ထိုပစ္စည်းသည် ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး အမိုးခုံးပုံစံရှိပါသည်။ ယင်းကို လိင်မဆက်ဆံမီတွင် မိန်းမကိုယ်ထဲသို့ထည့်ရပြီး လိင်ကိစ္စအပြီး ၆ နာရီကျော်အောင် မထုတ်ဘဲထားရပါသည်။ သားအိမ်ကာပစ္စည်းများကို အရွယ်အစားအမျိုးမျိုးဖြင့် တွေ့နိုင်ပြီး စနစ်တကျအသုံးပြုပါက ကလေးရနိုင်ချေကို ၉၆% ကာကွယ်ပေးပါသည်။ ထို့ပြင် သုတ်ကောင်များကို သေစေနိုင်သောဆေးများဖြင့် တွဲပြီး အသုံးပြုလျှင် ပိုပြီးထိရောက်မှုရှိကြောင်းတွေ့ရသည်။ သို့သော် သားအိမ်ကာပစ္စည်းများသည် လိင်မှတဆင့်ကူးစက်သောရောဂါများကို မကာကွယ်နိုင်ပါ။

လိင်ဆက်ဆံစဉ် အကာအကွယ်ပစ္စည်းများသုံးခြင်းသည် မှန်ကန်မှုရှိပါသလား။

အကာအကွယ်ပစ္စည်းများသုံးခြင်းသည် ဟော်မုန်းဆေးများသုံးစရာမလိုသော၊ အကာအကွယ်ပစ္စည်းများထဲ့စရာမလိုသော နည်းဖြစ်သည့်အတွက် ကောင်းမွန်ပါသည်။ ထို့ပြင် ကလေးယူလိုသောဆန္ဒရှိလာလျှင်လည်း အကာအကွယ်ပစ္စည်းကို မသုံးတော့ရုံနှင့် ချက်ချင်းကလေးရနိုင်ချေရှိပါသည်။ စောင့်ရန်မလိုပါ။ ရာသီသွေးများသော အမျိုးသမီးများအတွက်လည်း အကာအကွယ်ပစ္စည်းများသည် သွေးကို ခံထားပေးသကဲ့သို့ဖြစ်ပြီး အနည်းဆုံး ၆ နာရီစာခန့် အဆင်ပြေစေပါသည်။ ထို့ကြောင့် သင်နှင့် သင့်အိမ်ထောင်ဖက်နှစ်ဦးစလုံးက ကြည်ဖြူလျှင် အကာအကွယ်ပစ္စည်းများသုံးခြင်းသည် ကိုယ်ဝန်တားရာတွင် မှန်ကန်သောနည်းလမ်းဖြစ်ပါသည်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

Barrier Methods of Birth Control. http://www.webmd.com/sex/birth-control/barrier-methods-of-birth-control-19059

Accessed April 5, 2017

Barrier Methods. http://www.familyplanning.org.nz/news/2013/barrier-methods Accessed April 5, 2017

ယခုပုံစံ

09/02/2022

Dr. K Zin Thwe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ချက်

အမျိုးသမီးသုံး ကွန်ဒုံးအကြောင်း သိကောင်းစရာ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement