brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိန်းမရောဂါများ အတွက် ဖိုတိုနာ လေဆာကုထုံး

မွေးလမ်းကြောင်း ဒါမှမဟုတ် သားအိမ်ခေါင်းမှာ ပြဿနာ ရှိနေပါသလား။ ဖိုတိုနာလေဆာ (Fotana Laser) အကြောင်း ကြားဖူးပါသလား။ ဖိုတိုနာလေဆာ က မိန်းမရောဂါတွေကို ကုသပေးနိုင်တယ်ဆိုတာ သိပါသလား။ မှော်ဆန်တဲ့ သူ့အစွမ်းကို သိဖို့ အောက်ပါ ဆောင်းပါးကို ဖတ်ရှုပေးပါ။

မိန်းမရောဂါများ အတွက် ဖိုတိုနာ လေဆာကုထုံး

ဖိုတိုနာလေဆာ (Fotona Laser) ဆိုတာ ဘာလဲ။

Fotona Laser ဆိုတာ မေ့ဆေး၊ထုံဆေးပေးခြင်းနှင့် ခွဲစိတ်ခြင်း၊ မိန်းမရောဂါများ၊ သွားရောဂါများနဲ့ အရေပြားရောဂါများ စတဲ့ ဆေးပညာနယ်ပယ်တွေမှာ သုံးနေတဲ့ အဆင့်မြင့်နည်းပညာတစ်ခုပါ။ မိန်းမရောဂါတွေမှာသုံးတဲ့ Fotona Laser နှစ်မျိုးရှိပါတယ်။ ယင်းတို့မှာ Er:YAG နဲ့ Nd:YAG တို့ပဲ ဖြစ်ပါတယ်။ ထိုလေဆာများကို ကွန်ပျူတာစက်ခလုပ်များဖြင့် ထိန်းချုပ်နိုင်ပါတယ်။ သင့်အခြေအနေပါ် မူတည်ပြီး သင့်တော်တဲ့ ကုသနည်းကို ဆရာဝန်က ရွေးချယ်ပေးပါလိမ့်မယ်။

Single Er:YAG laser စနစ်၊ Single Nd:YAG laser စနစ်နဲ့ နှစ်မျိုးပေါင်းစပ်ထားသော Laser စနစ် အစရှိသကဲ့သို့ စနစ်မျိုးစုံရှိပါတယ်။

မိန်းမရောဂါများတွင် ဖိုတိုနာ လေဆာ (Fotona Laser) ရဲ့ အသုံးဝင်ပုံ

Er:YAG laser ကတော့ ရေနဲ့ ဆို စုပ်ယူခံရမှု အကောင်းဆုံးပါ။ အဲဒါကြောင့် အသေးစိတ်အတိအကျ လုပ်ရတဲ့ အလုပ်တွေအတွက် အသုံးဝင်ပါတယ်။ မီးယပ်မှာဆိုရင် ရိုးရိုးရေယုန်၊ အရည်အိတ်၊ လိင်အင်္ဂါ ကြွက်နို့၊ သားအိမ်ခေါင်းအတွင်းအပြင်၊ မိန်းမကိုယ်နဲ့ မွေးလမ်းကြောင်းတွင် ကင်ဆာဖြစ်ခြင်းများ ကို ကုသရာတွင် အသုံးပြုပါတယ်။ ယင်းလေဆာကို မွေးလမ်းကြောင်းလျော့ရဲခြင်း၊ ကျုံ့သေးခြင်း နှင့် ကင်ဆာမဟုတ်သော ရိုးရိုးအလုံးအကျိတ်များ နဲ့ ရောင်ခြယ်လွန်ကဲခြင်းတွေမှာလည်း အသုံးပြု ပါသေးတယ်။

Nd:YAG Laser ကတော့ အသားတွေထဲမှာ ကောင်းကောင်း စုပ်ယူခံရပါတယ်။ ယင်းလေဆာကတော့ နူးညံ့သောတစ်ရှုးများ ခွဲစိတ်ခြင်း၊ သားအိမ်အလုံး ခွဲစိတ်ဖယ်ရှားခြင်းနှင့် မမျိုးဥအိမ်တွင် တည်နေသော အရည်အိတ်များကိုဖယ်ရှားခြင်းတို့ ကဲ့သို့သော အတွင်းအလွှာများ ကုသခြင်းတို့မှာ အသုံးဝင်ပါတယ်။ မေ့ဆေး၊ထုံဆေးပေးတဲ့ နေရာမှာလည်း သုံးပါတယ်။

ဖိုတိုနာလေဆာ (Fotona Lasers) တွေကို မိန်းမရောဂါတွေမှာ အသုံးပြုခြင်းရဲ့ ကောင်းကျိုးများ

Er:YAG Laser ကို အထိအခိုက်မခံတဲ့ အလွန့်အလွန်တိကျမှုလိုအပ်တဲ့ လုပ်ဆောင်မှုတွေမှာ အသုံးပြုပါတယ်။ ကုသမှုတော်တော်များဟာ နားကျင်မှုသိပ်မခံစားရတဲ့ အတွက်ကြောင့် မေ့ဆေး၊ထုံဆေးတောင် မလိုပါဘူး။ ကုသမှုပြီးနောက်လည်း ပျောက်ကင်းမှုနဲ့ အနာကျက်နိုင်စွမ်းက အလွန်မြန်ပါတယ်။ Er:YAG Laser က ကုသထားတဲ့နေရာမှာ ကိုယ်ခံစွမ်းအား ပိုကောင်းစေတယ်ဆိုတာကို သင်သိထား သင့်ပါတယ်။

Nd:YAG Laser ကို အရည်တွေနဲ့ ပြုလုပ်တဲ့ ခွဲစိတ်ဖြတ်တောက်ခြင်းတွေမှာ အသုံးပြုနိုင်ပါတယ်။ ယင်းလေဆာကို အသုံးပြုခြင်းအားဖြင့် ခွဲစိတ်ဆရာဝန်တွေဟာ ခွဲစိတ်ရခက်တဲ့ နေရာတွေကို ရောက်ရှိနိုင်ပြီး ခွဲစိတ်ရာ အတိမ်အနက်ကို ထိန်းချုပ်နိုင်ပါတယ်။ ယင်းလေဆာနဲ့ ခွဲစိတ်ခြင်းကြောင့် အသားတွေကို မလောင်စေသလို ဘေးပတ်လည်က အသားတွေကိုလည်း ထိခိုက်မှာမဟုတ်ပါဘူး။ ဒါကြောင့် နာကျင်ရောင်ရမ်းခြင်းကို အနည်းဆုံးဖြစ်စေပါလိမ့်မယ်။

ဖိုတိုနာလေဆာ (Fotona Laser) ကို မိန်းမရောဂါ တော်တော်များများကို ကုသဖို့အတွက် အသုံးပြုပါတယ်။ ယင်းလေဆာတွေကို အသုံးပြုတဲ့ ကုသမှုတွေဟာ ဘေးကင်းရုံသာမက နာကျင်မှုအနည်းငယ်သာ ခံစားရပါတယ်။ ဒါ့အပြင် ဒဏ်ရာ ပျောက်ကင်းတာလည်း မြန်ပါတယ်။ သင့်မှာအခက်အခဲတွေ ရှိနေမယ်ဆိုရင် ထိုလေဆာတွေဟာ သင့်အတွက် သင့်တော်လား မသင့်တော်ဘူးလားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။