backup og meta

Interstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Interstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း) ကဘာလဲ။

အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်းဆိုတာ အဆုတ်တစ်သျှူးများနဲ့ အဆုတ်လေအိတ်များကြားမှာ အနာဖြစ်ပြီး အမာရွတ်များဖြစ်လာခြင်း ဖြစ်ပါတယ်။ အမာရွတ်များဟာ အဆုတ်မှာ တောင့်တင်းမှုဖြစ်စေပြီး အောက်ဆီဂျင်ရှူသွင်းနိုင်စွမ်းကို ထိခိုက်စေပါတယ်။

Interstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

၂၀၁၃ ခုနှစ်က တကမ္ဘာလုံးမှာ လူပေါင်း ၅၉၅၀၀၀ ဖြစ်ပွားခဲ့ပါတယ်။ လူပေါင်း ၄၇၁၀၀၀ သေဆုံးခဲ့ပါတယ်။

ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Interstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဓိကလက္ခဏာကတော့ အသက်ရှူခက်ခြင်းပါပဲ။ ဒီရောဂါရှိသူမှန်သမျှ တချိန်ချိန်မှာ အသက်ရှူကြပ်ခြင်း ခံစားရပါတယ်။

တခြားလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ချွဲမထွက်ဘဲချောင်းခြောက်ဆိုးခြင်း
  • ကိုယ်အလေးချိန်ကျခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Interstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဆုတ်မှာ ဒဏ်ရာရပြီး ပုံမှန်မဟုတ်ဘဲ အနာကျက်ရင် ဖြစ်ပွားစေနိုင်ပါတယ်။

တခြားအကြောင်းအရာများ ဥပမာ မိမိကိုယ်ခံအားက ပြန်တိုက်ခိုက်သောရောဂါ၊ အော်ဂဲနစ် အင်အော်ဂဲနစ်ပစ္စည်းများနှင့် ထိတွေ့နေရခြင်း၊ ဆေးဝါးများ၊ ဓါတ်ရောင်ခြည်ကုသမှုများ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်အကြောင်းအရာများ

အော်ဂဲနစ် အင်အော်ဂဲနစ်ပစ္စည်းများနဲ့ ကာလကြာရှည်စွာ ထိတွေ့နေရခြင်းဟာ အဆုတ်ကို ပျက်စီးစေပါတယ်။ အောက်ပါပစ္စည်းများ ပါဝင်ပါတယ်။

  • ကျောက်ဂွမ်းမျှင်များ
  • ငှက်ပရိုတိန်း (တိရစ္ဆာန်များနှင့် ငှက်အမွေးအတောင်များ)
  • ကျောက်မီးသွေးမှုန့်များ
  • သတ္တုမှုန့်၊ ကျောက်မှုန့်များ
  • အိမ်တွင်းရေချိုးခန်းများတွင် ပေါက်နေသောမှိုများ
  • ဆီလီကာအမှုန်များ

ဆေးဝါးကုသခြင်း၊ ဓါတ်ရောင်ခြည်ပေးခြင်း

အောက်ပါဆေးဝါးကုသခြင်းများဟာ အဆုတ်အပေါ် ထိခိုက်မှု ရှိနိုင်ပါတယ်။

  • ကင်ဆာဆေးသွင်းခြင်း (methotrexate နှင့် cyclophosphamide)
  • နှလုံးရောဂါကုဆေးများ amiodarone (Cordarone, Nexterone, Pacerone) နှင့် propranolol (Inderal, Inderide, Innopran
  • ပဋိဇီဝဆေးအချို့ nitrofurantoin (Macrobid, Macrodantin) နှင့် sulfasalazine (Azulfidine

ကျန်းမာရေးအခြေအနေ

အဆုတ်ထိခိုက်ခြင်းဟာ မိမိကိုယ်ခံအားက ပြန်တိုက်သော ရောဂါများနဲ့ ဆက်စပ်နေပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Interstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအချက်မျးက မြင့်တက်စေပါတယ်။

  • အသက်

အသက်ကြီးသူတွေမှာ ပိုဖြစ်တတ်ပါတယ်။

  • ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင် ထိတွေ့ခြင်း

စိုက်ခင်းများ၊ စက်ရုံများမှာ လုပ်ကိုင်နေသူများမှာ ထိတွေ့မှုများပြီး ရောဂါဖြစ်နိုင်ခြေများပါတယ်။

  • မိသားစုရာဇဝင်

မိသားစုဝင်ထဲမှာရှိရင် ဖြစ်နိုင်ခြေများပါတယ်။

  • ဓါတ်ရောင်ခြည်ကုသခြင်း၊ ကင်ဆာဆေး ကုသမှုခံယူခြင်း

ရင်ဘတ်ပိုင်းကို ဓါတ်ရောင်ခြည်ကုသမှုခံယူခြင်း၊ ကင်ဆာဆေးသွင်းခြင်းတွေဟာ ဖြစ်ပွားမှုကို မြင့်တက်စေပါတယ်။

  • ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တတ်တဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Interstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။

  • ရင်ဘတ်ဓါတ်မှန်
  • CT Scan
  • စွမ်းအားမြင့် CT Scan
  • အဆုတ်အလုပ်လုပ်နိုင်စွမ်း စစ်ဆေးခြင်း
  • အဆုတ်အသားစယူခြင်း
  • မှန်ပြောင်းကြည့်ခြင်း
  • ဗီဒီယိုအကူဖြင့် ရင်ခေါင်းအတွင်း မှန်ပြောင်းကြည့်ခွဲစိတ်ခြင်း

Interstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အမျိုးအစားနဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး ကွဲပြားပါတယ်။

ဆေးဝါးကုသခြင်း

ရောဂါအကြောင်းအရင်းပေါ် မူတည်ပြီး ကွာခြားပါတယ်။ အဓိက ၂မျိုးရှိပါတယ်။ အရောင်ကျစေခြင်းနဲ့ အမာရွတ်တစ်သျှူးများ ပျောက်စေခြင်း ဖြစ်ပါတယ်။ ကိုယ်ခံအားနှိမ့်ပေးတဲ့ဆေးတွေပေးပြီး မိမိကိုယ်ခံအားက ပြန်တိုက်တဲ့ရောဂါတွေကို ကုသပေးပါတယ်။ ဖြစ်စေနိုင်တဲ့အရာများကို ထိတွေ့ခြင်းကနေ ဖယ်ရှားရပါမယ်။ မိမိရဲ့ ဆရာဝန်ဟာ အကြောအဆစ်အထူးကု၊ နှလုံးအထူးကု စတဲ့ဆရာဝန်များနဲ့ ပူးပေါင်းပြီး ကုသနိုင်ပါတယ်။

အောက်ဆီဂျင်

အောက်ဆီဂျင်ပေးခြင်းဟာ အဆုတ်ထိခိုက်ခြင်းကို မရပ်တန့်နိုင်ပေမယ့် အသက်ရှူပိုကောင်းပြီး သွေးအတွင်းအောက်ဆီဂျင်နည်းမသွားအောင် ကူညီနိုင်ပါတယ်။

ခွဲစိတ်ခြင်း

တခြားနည်းများနဲ့ ကုသမှုမထူးခြားတဲ့အခါ အဆုတ်အစားထိုး ခွဲစိတ်ကုသခြင်း ပြုလုပ်နိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

– ဆေးလိပ်ဖြတ်ခြင်း။ ဆေးလိပ်သောက်ခြင်းဟာ ရောဂါပိုဆိုးစေနိုင်တာမို့ ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ဘယ်လိုဖြတ်မလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

– အာဟာရပြည့်ဝအောင်စားပါ

အဆုတ်ရောဂါရှိသူများဟာ အစားပျက်တတ်တာကြောင့် အင်အားပြည့်ပြီး အသက်ရှူကောင်းအောင် စားသောက်သင့်ပါတယ်။

– တက်ကြွစွာနေပါ

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ တတ်နိုင်သလောက်လုပ်ပါ။

– ကာကွယ်ဆေးထိုးပါ

အသက်ရှူလမ်းကြောင်းရောဂါဝင်ခြင်းဟာ အဆုတ်ကြားခံနယ် ရောဂါကို ပိုဆိုးစေပါတယ်။ အဆုတ်ရောဂါကာကွယ်ဆေး၊ တုတ်ကွေးကာကွယ်ဆေးများ ပုံမှန်ထိုးပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Interstitial lung disease. http://www.webmd.com/lung/interstitial-lung-disease. Accessed November 15, 2016.

Interstitial lung disease. https://en.wikipedia.org/wiki/Interstitial_lung_disease#Causes. Accessed November 15, 2016.

Interstitial lung disease. http://www.mayoclinic.org/diseases-conditions/interstitial-lung-disease/basics/definition/con-20024481?reDate=15112016. Accessed November 15, 2016.

ယခုပုံစံ

13/09/2019

Dr. Thant Zin မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေပြွန်ရောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးအချို့

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ



Dr. Thant Zin မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement