အအေးမိပြီဆိုရင် ကိုယ်ပူတယ် ဆိုတာတင် မဟုတ်ပါဘူး။ ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေကိုပါ အဆစ် ခံစားကြရတာပါ။ ဒီလိုမျိုး အအေးမိတာနဲ့အတူ ခံစားရတဲ့ လည်ချောင်းနာတာက အစားအစာတွေကို မျိုချရ ခက်သလို ရေသောက်ဖို့တောင် အတော်လေး ခက်ခဲပါတယ်။ ဒီတစ်ခေါက်တော့ အအေးမိတာကြောင့် လည်ချောင်းနာပြီး စိတ်ညစ်နေသူတွေအတွက် ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
လည်ချောင်းနာရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ
လည်ချောင်းနာတာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုကတော့ အအေးမိတာ၊ တုပ်ကွေးဖြစ်တာနဲ့ တခြားအသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်တွေကြောင့်ပါ။ ဒီအချက်တွေအပြင် လည်ချောင်းနာတာကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ကူးစက်ခံရတာ၊ ဆေးလိပ် သောက်တာ၊ တဆင့်ခံ ဆေးလိပ်ငွေ့တွေကြောင့်လည်း လည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အစာခြေအက်ဆစ် ပြန်ဆန်တက်တာပါပဲ။
အအေးမိတာကြောင့် လည်ချောင်းနာတာက ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာ မရှိပေမယ့် နေရထိုင်ရတာတော့ မသက်သာတာတော့ အမှန်ပါ။ ဒီတော့ ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။
အအေးမိတာကြောင့် လည်ချောင်းတွေနာပြီး စိတ်ညစ်နေပြီလား
အအေးမိတာကြောင့် လည်ချောင်းတွေနာပြီး စိတ်ညစ်နေပြီလား ။ ဒါဆိုရင်တော့ လည်ချောင်းနာတာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။
- ဆားရည်နဲ့ အာလုပ်ကျင်းပေးပါ
ရေနွေးနွေးလေး တစ်ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ထည့်ပြီး သေချာလေး နှံ့အောင် မွှေလို့ အာလုပ်ကျင်းပေးပါ။ တစ်နေ့ကို ၃ ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။ ဆားရည်နဲ့ အာလုပ်ကျင်းပေးတာက လည်ချောင်းနာစေတဲ့ ရောဂါပိုးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ဆားရည်နဲ့ အာလုပ်ကျင်းပေးပါ။
လည်ချောင်း နာနေတာကို သက်သာစေဖို့အတွက် နောက်ထပ် လုပ်ပေးလို့ရတဲ့ နည်းလမ်း တစ်ခုကတော့ ရေနွေးနွေးလေး သောက်ပေးတာပါ။ ရေနွေးနွေးလေးက လည်ချောင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးသလို လည်ချောင်းနာတာကိုရော ချောင်းဆိုးတာကိုပါ သက်သာစေနိုင်မှာပါ။
ရေများများ သောက်ပေးတာက ကိုယ်ခံအားကို အားဖြည့်ပေးသလို လည်ချောင်းနာတာကိုလည်း သိသိသာသာ သက်သာစေမှာပါ။ ဒါကြောင့် လည်ချောင်းနာပြီဆိုရင် ရေ ဒါမှမဟုတ် စွပ်ပြုတ်ရည်လိုမျိုး အရည်တွေကို များများလေး သောက်ပေးပါ။
ရေနွေးငွေ့ ခံပေးတာ၊ အစိုဓာတ်ထိန်းစက် ဖွင့်ပေးတာကလည်း လည်ချောင်းထဲမှာ အစိုဓာတ် ရရှိစေပြီး လည်ချောင်းနာတာကို သက်သာစေမှာပါ။ ဒါကြောင့် လည်ချောင်းနာနေပြီဆိုရင်တော့ ရေနွေးနွေးလေးနဲ့ ရေချိုးပြီး ရေနွေးငွေ့လေးတွေ ခံပေးလို့ ရသလို အခန်းထဲမှာ အစိုဓာတ်ထိန်းစက် ဖွင့်ပေးတာကလည်း ထိရောက်တဲ့ နည်းလမ်းပါပဲ။
အအေးမိတာကြောင့် လည်ချောင်းနာလာပြီ ဆိုရင်တော့ အရင်ဆုံး ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။ ပြည့်ပြည့်ဝဝ အနားယူလိုက်တာက ကိုယ်ခံအားကို ကောင်းစေသလို လည်ချောင်းနာတာကို သက်သာစေမှာပါ။ ဒါကြောင့် လည်ချောင်းနာတာကို သက်သာစေချင်တယ် ဆိုရင် ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။
လည်ချောင်းနာတာကို သက်သာစေမယ့် နောက်ထပ်နည်းလမ်းကတော့ ဆေးသောက်တာပါ။ လည်ချောင်းနာတာကို သက်သာစေဖို့အတွက် Acetaminophen နဲ့ ibuprofenတို့လို ဆေးမျိုးတွေလို အကိုက်အခဲပျောက်ဆေးတွေကို သောက်သုံးပေးလို့ ရပါတယ်။
ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး အအေးမိတာကြောင့် လည်ချောင်းနာတာကို သက်သာစေဖို့ အခုပဲ လုပ်ဆောင်လိုက်တော့နော်။
[embed-health-tool-bmi]