backup og meta

အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာများ

လူတိုင်းနီးပါး Relationship တစ်ခု ကို စတင်ကြတာက အဆုံးသတ်ဖို့ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် Relationship အများစုဟာ လမ်းခွဲခြင်းနဲ့ အဆုံးသတ်သွားတတ်ကြပါတယ်။

ကမ္ဘာပေါ်က Relationship တွေဟာ ပေါင်းစည်းရတာထက် လမ်းခွဲတာနဲ့ အဆုံးသတ်ရတာက ပိုများတယ်လို့ အဆိုရှိပါတယ်။ Relationshipတစ်ခုခိုင်မြဲနေဖို့ဆိုရင် နမိတ်လက္ခဏာတွေနဲ့ အပြုအမူတွေကို သိနားသဘောပေါက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာများ

အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာတွေကို သိထားမယ်။ ကိုယ့်ရဲ့ Relationship ဟာ ဘယ်လိုအခြေအနေမျိုးကို ဦးတည်နေသလဲဆိုတာကိုလည်း သိထားမယ်ဆိုရင် အဆုံးသတ်ဆိုတဲ့အခြေအနေကို ကောင်းမွန်စွာ ကျော်ဖြတ်ရှောင်လွဲနိုင်ဖို့ ရာခိုင်နှုန်းသိသိသာသာမြင့်မားသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်မှာ Relationshipက ဘယ်လိုအခြေအနေမျိုးမှာရှိနေလဲဆိုတာကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ အောက်က အခြေအနေတွေရှိနေပြီဆိုရင်တော့ သင့်ရဲ့ Relationshipဟာ အန္တရာယ်ဇုံထဲကိုရောက်နေပြီလို့ မှတ်ယူရပါလိမ့်မယ်။

  1. တစ်ယောက်နဲ့ တယောက် အဆက်အသွယ် ကျဲပြီး ဆက်ဆံရေးတွေ အေးခဲလာနေမယ်။
  2. ထခြားထွက်ပေါက် ရှာလာမယ် ဒါမှမဟုတ် ရှာချင်လာမယ်။
  3. ဘယ်လောက်ကောင်းအောင် လုပ်နေနေ အရာရာကို အပြစ်ရှာတတ်လာမယ်
  4. ထိတွေ့တာ၊ ပွေ့ဖက်တာ၊ နမ်းရှုံ့တာစတဲ့ ရုပ်ပိုင်းဆိုင်ရာအရ နှီးနွယ်ပတ်သက်မှုတွေ နည်းပါလားလာမယ်။
  5. သူ့ဆီက/ကိုယ့်ဆီက စတင်ဆက်သွယ်တာမျိုး ကျဲပါးလာမယ်။
  6. လမ်းခွဲဖို့ စိတ်အားပိုင်းဆိုင်ရာအားဖြင့် အဆင်သင့်ဖြစ်နေပြီလို့ ခံစားမိနေမယ်။
  7. စကားစ ရှာမရတော့လို့ ပြောပြီးသားစကားတွေကိုပဲ အထပ်ထပ်ပြောနေမိမယ်။
  8. ဒီ Relationship အပေါ် မပျော်မရွှင်ဖြစ်လာပြီး စိတ်ကျန်းမာရေးအခြေအနေအပေါ် သက်ရောက်မှုရှိလာမယ်။
  9. အရာအားလုံး ပြောင်းလဲနေပြီလို့ ခံစားလာရမယ်။
  10. ယုံကြည်မှုနည်းပါးလာမယ်။
  11. ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ ပြဿနာတွေ ခဏခဏတက်မယ်။
  12. ရန်ဖြစ်တဲ့အချိန်တိုင်းမှာ မေတ္တာထားနိုင်စွမ်း၊ သည်းခံနိုင်စွမ်း လျော့နည်းလာမယ်။
  13. တခြား စိတ်ဝင်စားစရာ လူပုဂ္ဂိုလ် ဒါမှမဟုတ် ဝါသနာတွေကို ရှာဖွေလာမယ်။
  14. အနာဂတ်ဟာ မရေရာတော့ဘူးလို့ တွေးမိလာမယ်။ တကယ်လည်း ဘာအနာဂတ်မှ မရှိတော့ဘူး။
  15. ကိုယ့်မှားနေတယ်လို့ အပြောခံရတိုင်း နာကျင်မှုကို ပိုခံစားရမယ်။
  16. သူငယ်ချင်း မိတ်ဆွေတွေ၊ တခြားလူတွေနဲ့ ပိုအချိန်ဖြုန်းမိလာမယ်။
  17. ဆွေးနွေးညှိနှိုင်းလိုစိတ် မရှိတော့ဘူး။ အရာရာကို ပိုပြီး ပြတ်သားချင်လာမယ်။
  18. ကိုယ့်ကိုယ်ကို ဦးစားပေးလာမယ်။ ကိုယ်အဆင်ပြေဖို့ ပိုစဉ်းစားလာမယ်။
  19. လိမ်ညာတာ၊ ဖောက်ပြန်တာ၊ လှည့်စားတာတွေ ပိုပိုလုပ်မိလာမယ်။
  20. ငြီးငွေ့တဲ့ ခံစားချက်ကို ထပ်ခါတလဲလဲ ခံစားမိနေမယ်။
  21. တဖက်မှာ သူရှိနေရင်တောင်မှ အထီးကျန်တယ်လို့ ခံစားမိနေမယ်။
  22. သူမရှိနေချိန်မှာ သတိမရတော့ဘူး၊ မလွမ်းတော့ဘူး။

ဒီအချက်တွေထဲက အချက် တော်တော်များများ ဒါမှမဟုတ် အကုန်လုံး သင့်ဆီမှာ ဒါမှမဟုတ် သင့်ရဲ့လက်တွဲဖော်ဆီမှာ ရှိနေမယ် ဆိုရင်တော့ ဒီ Relationship ဟာ အဆုံးသတ်သွားဖို့ နီးစပ်နေပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

တစ်ယောက်ယောက်က ရှေ့ဆက်ချင်တဲ့ စိတ်ဆန္ဒ ရှိနေသေးရင်တောင်မှ ပြန်လည် ပြုပြင်ယူဖို့ အတော်လေး ကြိုးစားကြရတော့မယ့် အခြေအနေပါ။

ဒီအခြေအနေမျိုးအထိ ရောက်မလာအောင် စတင် လက်တွဲစဉ် ကတည်းက ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ယုံကြည်မှုရှိရှိနဲ့ အရာရာကို ရင်ဆိုင်ဖြေရှင်းတတ်တဲ့ အလေ့အထလေး တစ်ခု ကြိုတင်ပြီး ထားရှိထားဖို့ အကြံပေးပါရစေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.stylecraze.com/articles/signs-your-relationship-is-over/

ယခုပုံစံ

23/04/2024

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အချစ်က လှပကျန်းမာစေတယ်

ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/04/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။