backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

အံသြစရာကောင်းသော ပန်းနာရင်ကြပ်ရောဂါဖြစ်စေသည့် အချက်((၅)ချက်

အံသြစရာကောင်းသော ပန်းနာရင်ကြပ်ရောဂါဖြစ်စေသည့် အချက်((၅)ချက်

သင့်တွင်ပန်းနာရင်ကြပ်ရှိပါက သင့်အနီးအနားရှိအရာများနှင့်ပတ်

သတ်၍ဂရုစိုက်သတိထားပါ။ များပြားလှသောအရာများသည် ပန်းနာရင်ကြပ်ရောဂါအား ဖြစ်ပွားစေပါသည်။ သင်သည် ဖုန်မှုန့်များ၊မှိုများ(သို့)ဆေးလိပ်ငွေ့များကြောင့်ဖြစ်တတ်သည်ကို

သိထားပြီးဖြစ်နိုင်သော်လည်း သင်သိထားရန်လိုအပ်သည့် ပို၍အံ့သြစရာကောင်းသည့်ဖြစ်ပွားစေနိုင်သောအကြောင်းအရင်း

များလည်းရှိသေးပါသည်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှုသည်သင့်အလုပ်၊သင့်ကလေးများ၊သင့်အချစ်ရေး၊ငွေရေး

ကြေးရေး၊သင့်အိမ်နှင့်မိသားစု စသည်တို့မှလာနိုင်သည်။ ထိုစိတ်ဖိ

စီးမှုသည် သင့်၏ပင်မအာရုံကြောစနစ်၊ခုခံအားစနစ်၊နှလုံးနှင့်သွေးကြောစနစ်၊

ကြွက်သားနှင့်အရိုးစနစ်၊အစာအိမ်နှင့်အူလမ်းကြောင်းစနစ်များကို ထိခိုက်စေနိုင်ပြီး သင့်၏ပန်းနာရင်ကြပ်ရောဂါကိုလည်း ထိခိုက်စေ

နိုင်ပါသည်။

စိတ်ဖိစီးမှုသည် ပြင်းထန်သောတုံ့ပြန်မှုများကို ဖန်တီးပေးပြီး အာရုံ

ကြောများကို အလုပ်လုပ်စေကာ အဆုတ်များရှိအသက်ရှူလမ်း

ကြောင်းကြွက်သားများကို ကျုံ့နိုင်စေပါသည်။ ထိုကြွက်သားများ

သည် မာတောင့်လာပြီး တဝှီဝှီမြည်ခြင်း၊ချောင်းဆိုးခြင်း၊ရင်ကြပ်ခြင်း

နှင့် မောခြင်း စသောပန်းနာရင်ကြပ်လက္ခဏာများကို ပိုမိုဆိုးဝါးစေ

နိုင်ပါသည်။ စိတ်ဖိစီးမှုသည် သင့်၏ခုခံအားစနစ်အတွင်းပြောင်းလဲမှု

များကို ဖြစ်ပေါ်စေကာ သင့်၏ပန်းနာရင်ကြပ်ဝေဒနာကို ပိုမိုဆိုးဝါး

စေနိုင်ပါသည်။ သို့သော် ပန်းနာရင်ကြပ်ရောဂါသည် စိတ်ပိုင်းဆိုင်

ရာကြောင့်စတင် ဖြစ်ပွားစေသည့် ရောဂါမဟုတ်သောကြောင့် စိတ်

ဖိစီးမှုသည် ပန်းနာရင်ကြပ်ရောဂါကို မဖြစ်ပွားစေနိုင်ပါ။ ဆိုလိုသည်မှာ သင့်တွင်ပန်းနာရင်

ကြပ်မရှိပါက စိတ်ဖိစီးမှုမှတဆင့်ပန်းနာ ရင်ကြပ်ရောဂါဖြစ်ပွား

မလာစေနိုင်ပါ။ သင့်တွင်ပန်းနာရင်ကြပ်ရှိပြီးသားဖြစ်ပါမှ စိတ်ဖိစီးမှု

သည်သင့်ရောဂါလက္ခဏာများကို ဖြစ်ပွားစေနိုင်ပါသည်။ အော်ဟစ်

ဆူပူခြင်း၊စိုးရိမ်ပူပန်ခြင်း၊ငိုကြွေးခြင်း၊ဒေါသထွက်ခြင်း(သို့)အလွန်အမင်းရယ်မောခြင်းစသော ပြင်းထန်သည့်စိတ်အခြေအနေများ

သည်လည်း ရင်ကြပ်ရောဂါကို ဖြစ်ပွားစေတတ်ပါသည်။

ဆေးဝါးများ

ပန်းနာရင်ကြပ်ဖြစ်စေနိုင်သည့်အချို့ဆေးများလည်းရှိသည်။ ထို့

ကြောင့်ပန်းနာရင်ကြပ်ရှိပါကအသုံးပြုသောဆေးဝါးများကို သတိ

ထားပါ။ သို့သော် ဆိုလိုသည်မှာ ဆေးဝါးများအားလုံးကို ရှောင်ကြဉ်

ရန်မလိုအပ်ပါ။ သင့်အားပန်းနာရင်ကြပ်ဝေဒနာဖြစ်စေသည့်အရာ

များကိုရှောင်ကြဉ်ပါ။ ပို၍ပြောရလျှင် အချို့ဆေးများသည် ပန်းနာရင်

ကြပ်ဖြစ်စေနိုင်သည့်ဆေးများမဟုတ်သော်လည်း အသုံးပြုသောအခါသတိထားပါ။ အဘယ်ကြောင့်ဆိုသော် မည်သည့်

အချိန်တွင်မဆို ပြင်းထန်သောတုံ့ပြန်မှုများဖြစ်ပေါ်လာတတ်ပါ

သည်။ သင့်အားရင်ကြပ်ဖြစ်စေနိုင်သည့်ဆေးများညွှန်းခံရပါက ဆရာဝန်အား ပြောပြပါ။

ပန်းနာရင်ကြပ်ကို အဖြစ်များစေသော ဆေးများမှာ

  • အက်စ်ပရင်နှင့်အခြားသောအကိုက်အခဲပျောက်ဆေးများ

သင့်တွင်ပန်းနာရင်ကြပ်ရှိပါက အက်စ်ပရင်နှင့်အခြားသောစတီးရွိုက်မဟုတ်သည့်အကိုက်အခဲပျောက်ဆေးများဥပမာ အိုင်ဘူပရိုဖန်၊နာပရိုဇင်စသည်တို့နှင့်မတည့်တတ်ပါ။ ထို

ဆေးများသည်နာကျင်ကိုက်ခဲခြင်း၊အဖျားတက်ခြင်း၊အအေးမိခြင်းနှင့်တုပ်ကွေးဖြစ်ခြင်းတို့သက်သာရန်သုံးသော

ဆေးများဖြစ်သည်။ ထိုဆေးများကြောင့်ဖြစ်ပွားသည့် ပန်း

နာရင်ကြပ်ရောဂါသည်ဆိုးဝါးပြင်းထန်နိုင်သည်။acetaminophen ပါသောဆေးများသည် အက်စ်ပရင်မတည့်သူများအတွက် အစားထိုးအသုံးပြုရန်

အဆင်ပြေသည်ဟုအချို့ကလည်းဆိုကြသည်။ သို့သော်

အချို့လေ့လာမှုများအရ ထိုacetaminophen နှင့်ပါ ပန်းနာရင်ကြပ်ရောဂါသည်ပတ်သတ်မှုအချို့ရှိကြောင်းသိ

ရသည်။ ထို့ကြောင့်သင့်ဆရာဝန်နှင့် ပြသဆွေးနွေးတိုင်ပင်စစ်ဆေးသင့်ပါသည်။

  • Beta blockers ဆေးများသည် သွေးပေါင်တက်ခြင်း၊နှလုံးရောဂါ၊ခေါင်းကိုက်ရောဂါနှင့် ရေတိမ်ဖြစ်ခြင်းတို့ကို ကုသသည့်ဆေးများဖြစ်သည်။
  • ACE inhibitors ဆေးများကိုလည်း သွေးပေါင်တက်ခြင်းနှင့်နှလုံးရောဂါများတွင်သုံးသည်။ ထိုဆေးများသည် ချောင်းဆိုးစေတတ်ပြီး ပန်းနာရင်ကြပ်လက္ခဏာအချို့ကိုလည်း ဖြစ်ပွားလာစေ

တတ်သည်။

  • အစားအသောက်နှင့်အစားအသောက်အားတာရှည်ခံအောင်ထည့်သည့်ပစ္စည်းများ

အစားအသောက်မတည့်သောအခါတွင်လည်း ပန်းနာရင်ကြပ်ဝေဒနာရှင်များတွင် အပျော့စားမှ ပြင်းထန်သည်အထိရောဂါလက္ခဏာများဖြစ်ပွားလာနိုင်ပါသည်။ ရင်

ကြပ်ရောဂါနှင့်အပတ်သတ်ဆုံးသောအစားအသောက်များတွင် နို့ထွက်ပစ္စည်းများ၊ဥအမျိုးမျိုး၊ပဲအမျိုးမျိုး၊မြေပဲ၊ဂျုံ၊ငါး၊ပုဇွန် နှင့်ဆလပ်ရွက်များပါဝင်သည်။ ပိုပြောရလျှင် အသင့်စားသုံးနိုင်သော

အစားအစာများရှိတာရှည်ခံအောင်ထည့်သည့်ပစ္စည်းအချို့သည်လည်းသင့်၏ ရင်ကြပ်ရောဂါကို ထဖောက်စေတတ်သည်။ ထိုပစ္စည်း

များသည်အစားအသောက်များကို ကာလကြာရှည်စွာထိန်းသိမ်း

ထားနိုင်စွမ်းရှိသည်။ ဓါတ်မတည့်သောဝေဒနာရှင်များတွင်ထို ပစ္စည်းများကြောင့်လည်း ပန်းနာရင်ကြပ်ဖြစ်ပွားတတ်သည်။ အသုံး

များသောအစားအသောက်တာရှည်ခံအောင်လုပ်သည့်ပစ္စည်းများတွင် sodium bisulfite,potassium bisulfite,sodium sulfite,

Sodium metabisulfite နှင့် potassium metabisulfiteတို့ပါဝင်သည်။ အသီးခြောက်များ(နာနတ်၊rasisins၊ apricots)ပါကင်ပိတ်ထားသောအာလူးများ၊ဆီသွပ်ဗူးဟင်းချိုများ၊

ဝိုင်၊ဘီယာ၊လီမွန်ပုလင်းအရည်များ၊နှင့် အချဉ်စိမ်ထားသောအစား

အစာများ စသည်တို့တွင်တွေ့ရနိုင်သည်။

အစားအသောက်မတည့်ခြင်း၏အဖြစ်များသောလက္ခဏာရပ်များမှာ

အင်ပျဉ်ထခြင်း၊ပျို့ခြင်း၊အန်ခြင်းနှင့်ဝမ်းလျှောခြင်းတို့ဖြစ်သည်။ သင်

စားလိုက်သောအစားအစာများကြောင့်ရင်ကြပ်ရောဂါဖြစ်လာပါက

လက္ခဏာများတွင် အစားအသောက်မတည့်သည့်လက္ခဏာများ၊

ချောင်းဆိုးခြင်း၊တဝှီဝှီမြည်ခြင်း၊နှင့်လည်ချောင်းနာကျင်ရောင်ရမ်း

ခြင်းစသည်တို့ပါဝင်သည်။

ကာယလေ့ကျင့်မှုများ

အံသြစရာကောင်းသွားသည်။ ကာယလှုပ်ရှားလေ့ကျင့်ခန်းများသည်

အမြဲတမ်းကျန်းမာရေးအတွက်ကောင်းစေသည်ဟု ဆိုကြသော်လည်း ပန်းနာရင်ကြပ်ရောဂါကို မည်ကဲ့သို့ဖြစ်ပွားစေ

သနည်း။

ပြင်းထန်သောလေ့ကျင့်ခန်းများ ဥပမာ-ပြေးခြင်း၊လမ်းလျှောက်ခြင်း(သို့)ကြိုးခုန်ခြင်းတို့သည်လည်းသင့်

အသက်ရှူလမ်းကြောင်းကို ကျဉ်းသွားစေပြီး ရင်ကြပ်ရောဂါကို ဖြစ်

ပွားစေပါသည်။ လေ့ကျင့်ခန်းပြုလုပ်စဉ်တွင်သင်သည်သင့်ပါးစပ်ဖြင့်

ရှူနေတတ်ပြီးပုံမှန်အသက်ရှူနေစဉ်ထက်သင်သည်ပိုအေးမြ

ခြောက်သွေ့သောလေများကို ရှူရတတ်သည်။ သင့်အသက်ရှူလမ်း

ကြောင်းများသည် အပူချိန်နှင့်စိုထိုင်းစကြောင့်ဓါတ်မတည့်ဖြစ်ပြီး

ကျဉ်းလာတတ်ကာ တဝှီဝှီမြည်ခြင်း၊ရင်ကြပ်ခြင်း၊ချောင်းဆိုခြင်း၊

မောပန်းနွမ်းနယ်ခြင်း စသော လေ့ကျင့်ခန်းကြောင့်ဖြစ်စေသည့်

ရင်ကြပ်ရောဂါလက္ခဏာများကို ဖြစ်ပွားစေတတ်ပါသည်။

သင့်တွင်လေ့ကျင့်ခန်းပြုလုပ်ရာမှဖြစ်ပွားသောရင်ကြပ်ရောဂါရှိပါက

သင်သည် ရင်ကြပ်ခြင်း၊ချောင်းဆိုခြင်း၊လေ့ကျင့်ခန်းစလုပ်ပြီး5မိနစ်

မှ15မိနစ်အတွင်းအသက်ရှူကြပ်ခြင်းစသည်တို့ကို ခံစားရတတ်ပါ

သည်။ သင့်လေ့ကျင့်ခန်းပြုလုပ်အပြီး နောက်ထပ်30မိနစ်မှ 60အတွင်းတွင် ရောဂါလက္ခဏာများသည်ပျောက်သွားတတ်ပါ

သည်။ သို့သော် သင့်တွင် 6 နာရီမှ 10နာရီအတွင်းနောက်ထပ်ရင်

ကြပ်ဝေဒနာဖြစ်နိုင်ချေရှိနေပါသည်။ လေ့ကျင့်ခန်းမလုပ်ခင် သွေးပူ

လေ့ကျင့်ခန်းသေချာစွာလုပ်ခြင်းဖြင့် ရင်ကြပ်ဝေဒနာများကိုကာ

ကွယ်နိုင်ပါသည်။

ရောဂါပိုးမွှားများ

တုပ်ကွေးနှင့်အအေးမိခြင်းကဲ့သို့သောဗိုင်းရပ်စ်(သို့)ဘက်တီးရီးယားပိုးမွှားများသည် သင့်အဆုတ်များကို ထိခိုက်စေပြီး ရောင်ရမ်းခြင်း

နှင့်အသက်ရှူလမ်းကြောင်းများကို ကျဉ်းခြင်းတို့ဖြစ်ပွားစေပါသည်။

ထို့ကြောင့် ရောဂါပိုးမွှားလက္ခဏာများကို သတိထားကာ ရင်ကြပ်ဝေဒနာများကို သင်သည်ကာကွယ်နိုင်ပါသည်။

ရင်ကြပ်ရောဂါဖြစ်စေသည့် ရောဂါပိုးမွှားလက္ခဏာများမှာ

  • ချောင်းဆိုးခြင်း
  • မောခြင်း
  • အသက်ရှူရခက်ခြင်း
  • တဝှီဝှီမြည်ခြင်း
  • အဖျားတက်ခြင်း
  • မောပန်းနမ်းနွယ်ခြင်း
  • လည်ချောင်းနာခြင်း
  • ခေါင်းကိုက်ခြင်း စသည်တို့ပါဝင်သည်။

တစ်ကိုယ်ရည်သန့်ရှင်းမှုကောင်းမွန်ခြင်း၊ကာကွယ်ဆေးများထိုးထားခြင်းနှင့် အသက်ရှူခြင်းအားအကူအညီပေးသည့် ကိရိယာများကို

အသုံးပြုခြင်းတို့သည်လည်း ပန်းနာရင်ကြပ်ဖြစ်စေနိုင်သည့် ရောဂါ

ပိုးမွှားများကို ကာကွယ်ပေးသည်။

အဖြစ်များသောဖြစ်ပွားမှုအကြောင်းအရင်းများအပြင် စိတ်ဖိစီးမှုများ

(သို့)ဆေးဝါးများစသော အံ့သြဖွယ်အရာများသည်လည်း သင့်၏

ရင်ကြပ်ရောဂါကိုပြန်ဖြစ်ပွားစေတတ်သည်။ သို့သော် သင်သည်

ရောဂါအားထိန်းချုပ်နိုင်ရန် ဖြစ်ပွားစေသည့်အကြောင်းအရင်းများကို

ရှောင်ကြဉ်ခြင်း(သို့)ကုသခြင်းတို့ပြုလုပ်ခြင်းဖြင့် စနစ်တကျပြုလုပ်ပြီး ပျော်ရွှင်ကျန်းမာစွာနေနိုင်ပါသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. How stress triggers asthma. http://www.webmd.boots.com/asthma/guide/how-stress-triggers-asthma. Accessed June 3, 2017.
  2. Asthma Causes and Triggers. http://www.webmd.com/asthma/guide/asthma-triggers#1. Accessed June 3, 2017.
  3. Aspirin and Other Drugs That May Trigger Asthma. http://www.webmd.com/asthma/guide/medications-trigger-asthma#1. Accessed June 3, 2017.
  4. Common Asthma Triggers. https://www.cdc.gov/asthma/triggers.html. Accessed June 3, 2017.
  5. Asthma triggers. http://healthywa.wa.gov.au/Articles/A_E/Asthma-triggers. Accessed June 3, 2017.
  6. Food Allergies and Asthma. http://www.webmd.com/asthma/guide/food-allergies-and-asthma. Accessed June 3, 2017.
  7. Exercise-Induced Asthma. http://www.webmd.com/asthma/guide/exercise-induced-asthma#1. Accessed June 3, 2017.
  8. Infections and Asthma. http://www.webmd.com/asthma/guide/infections-and-asthma. Accessed June 3, 2017.

ယခုပုံစံ

11/05/2020

Dr.Nyan Linn မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement