backup og meta

Acute Respiratory Distress Syndrome (ARDS) (အသက်အန ္တရာယ်ရှိသော ပြင်းထန်သည့် အဆုတ်ပြဿနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

acute respiratory distress syndrome (ARDS) ဆိုတာဘာလဲ။

အဆုတ်ရဲ့ လေအိတ်ကလေးတွေထဲမှာအရည်တွေပြည့်လာတာကြောင့်အသက်ကောင်းကောင်းရှုလို့မရတော့ဘဲအကျိုးဆက်အနေနဲ့သင့်ခန္ဓါကိုယ်အင်္ဂ ါတွေ အောက်ဆီဂျင်ကောင်းစွာမရတော့တဲ့အရေးပေါ်အခြေအနေတစ်ရပ်ကို acute respiratory distress syndrome (ARDS) လို့ခေါ်ပါတယ်။ အသည်းအသန် လူနာတွေမှာ ဒီအခြေအနေဖြစ်ပေါ်လာလေ့ရှိပြီး အသက်အန္တရာယ်နဲ့နီးစပ်ပါတယ်။

acute respiratory distress syndrome (ARDS) ဟာ ဘယ်လောက်ထိ အဖြစ်များလဲ။

ဒီရောဂါဟာအရမ်းအဖြစ်များပြီး ဆေးရုံတက်နေရတဲ့အသည်းအသန်လူနာတွေမှာ အဓိကဖြစ်ပွားလေ့ရှိသလိုကလေးငယ်လေးတွေမှာလည်း တွေ့ရနိုင်ပါတယ်။ ဒီရောဂါအခြေအနေကို ဖြစ်ပေါ်စေတဲ့အကြောင်းခြင်းရာတွေကို လျှော့ချပေးခြင်းအားဖြင့်ဒီရောဂါကိုထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်ကိုသင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်။

လက္ခဏာများ

acute respiratory distress syndrome (ARDS) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

မူလအရင်းခံရောဂါ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ပြီး တစ်ရက် ဒါမှမဟုတ်နှ စ်ရက်လောက်အတွင်းမှာပဲ ဒီအခြေအနေ ဖြစ်ပေါ်လေ့ရှိတာ ဖြစ်ပါတယ်။

acute respiratory distress syndrome (ARDS) ရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-

• အသက်ရှုရခက်ခြင်း

• သွေးပေါင်ကျခြင်း

• အသက်ရှုမဝခြင်း၊ကျပ်ခြင်း

• နှလုံးခုန်နှုန်းမြန်ခြင်း

• အဖျားတက်ခြင်း

• ကြွက်သားတွေအားနည်းခြင်း

• စိတ်ရှုပ်ထွေးကာ သတိကောင်းကောင်း မလည်ခြင်း

• ခြေသည်း၊ လက်သည်းတွေ၊ အရေပြားတွေ ပြာနှမ်းလာခြင်း (သွေးထဲမှာ အောက်ဆီဂျင်ပမာဏနည်းလာလို့)။

အထက်မှာဖော်ပြထားတဲ့ အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

ဒီရောဂါဟာအရေးပေါ်အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် ADRD ဖြစ်ပွားတဲ့လူနာအများစုဟာအစောကတည်းကအခြားအကြောင်းတမျိုးမျိုးနဲ့ ဆေးရုံတက်နေပြီးသား ဖြစ်တာများပါတယ်။

အကြောင်းရင်းများ

ဘာတွေက acute respiratory distress syndrome (ARDS) ဖြစ်ပွားစေသလဲ။

အဆုတ်မှာရှိတဲ့ သွေးကြောအသေးလေးတွေထဲက အရည်တွေက အဆုတ်လေအိတ်လေးတွေထဲကို ဝင်လာတဲ့အတွက် ဒီရောဂါအခြေအနေ ဖြစ်ပွားလာရပါတယ်။

ARDS အဆုတ်ရောဂါ ဖြစ်ပွားစေတဲ့အခြေအနေတွေကို အကြမ်းဖျင်းအနေနဲ့နှစ်မျိုးခွဲနိုင်ပါတယ်။ တိုက်ရိုက်နဲ့သွယ်ဝိုက်ပြီးဆိုတဲ့ အုပ်စုနှစ်ခု ဖြစ်ပါတယ်။

အဖြစ်များတဲ့အကြောင်းရင်းတွေက

• အန်ဖတ်ဆို့ခြင်း (အစာတွေ လေပြန်ထဲဝင်တာ)။

• အန္တရာယ်ရှိတဲ့အရာတွေကို ရှုရှိုက်မိခြင်း။

• အဆုတ်အစားထိုးခွဲစိတ်ကုသမှု ခံယူထားခြင်း။

• ပိုးဝင်နေခြင်း (ARDS ဖြစ်စေတဲ့အဓိကအကြောင်းရင်း)၊ နမိုးနီးယားအဆုတ်ရောင် ရောဂါဖြစ်တာ၊မုန့်ချိုအိတ်ရောင်တာအစရှိတဲ့ ရောဂါအခြေအနေတွေ။

• ကားမတော်တဆဖြစ်တာမျိုးလို ထိခိုက်ဒါဏ်ရာရမှု။

• သွေးသွင်းဖို့ လိုလောက်တဲ့အထိ သွေးအထွက်လွန်ခြင်း။

• nitrofurantoin လိုဆေးမျိုးကြောင့် ဖြစ်နိုင်သလို မော်ဖင်း၊မက်သဒုန်းအစရှိတဲ့ ဆေးတွေလွန်ရင်လည်း ARDS ဖြစ်လာနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ဘယ်အရာတွေက acute respiratory distress syndrome (ARDS) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Acute Respiratory Distress Syndrome (ARDS) ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-

• ဆေးလိပ်သောက်ခြင်း

• အသက်၆၅နှစ်အထက်ဖြစ်ခြင်း

• နာတာရှည်အဆုတ်ရောဂါရှိခြင်း

• သွေးဆိပ်တက်ခြင်း

• ဘေးထွက်ဆိုးကျိုးများပြားတဲ့ခွဲစိတ်မှုဒါမှမဟုတ်ဓါတ်ရောင်ခြည်ကုသမှုတွေကိုမကြာသေးမီကခံယူထားခြင်း

• သွေးတွင်းပရိုတင်းဓါတ်များပြားခြင်း

• အရက်စွဲနေခြင်း

ရောဂါအဖြေရှာခြင်းနှင့်ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင်အစားထိုးရန်မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက်သင့်ရဲ့ဆရာဝန်နဲံအမြဲတိုင်ပင်ဆွေးနွေးပါ။

acute respiratory distress syndrome (ARDS) ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

စစ်ဆေးမှုအမျိုးအစားတမျိုးတည်း ပြုလုပ်ရုံနဲ့ ARDS ပါလို့အတိအကျဆုံးဖြတ်မပေးနိုင်ပါဘူးARDS လို့

အတည်ပြုနိုင်ဖို့အတွကလုပ်ရမယ့်စစ်ဆေးမှုတွေက-

• ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း ။ အဆုတ်ရဲ့ဘယ်အပိုင်းမှာ၊ဘယ်လောက်ပမာဏအထိအရည်တွေ ပြည့်နေတယ်ဆိုတာရယ်၊နှလုံးကြီးမကြီးဆိုတာရယ်ကိုဆုံးဖြတ်ပေးနိုင်ပါတယ်။

• သွေးတွင်းဂက်စ်တွေစစ်ဆေးခြင်း ။ သင့်သွေးလွှတ်ကြောတွေထဲမှာရှိတဲ့ အောက်ဆီဂျင်ဓါတ်ငွေ့ပမာဏကိုတိုင်းတာနိုင်ပါတယ်။

• လည်ချောင်း ဒါမှမဟုတ် နှာခေါင်းထဲကအကျိအချွဲတွေကို ယူပြီးစစ်ဆေးခြင်း ။

• အီးစီဂျီဆွဲတာ ဒါမှမဟုတ် echo ရိုက်တာ အစရှိတဲ့နှလုံးစစ်ဆေးမှုတွေ စတာတွေပဲ ဖြစ်ပါတယ်။

acute respiratory distress syndrome (ARDS) ကို ဘယ်လိုကုသလဲ။

ဒီရောဂါခံစားနေရသူတွေကို အထူးကြပ်မတ်ကုသဆောင်မှာထားပြီး ကုသပါတယ်။ အဓိက ရည်ရွယ်ချက်က ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးမှုကို ကာကွယ်ဖို့အတွက် လူနာရဲ့ သွေးထဲမှာ အောက်ဆီဂျင်ပမာဏ လုံလုံလောက်လောက်ရှိစေဖို့နဲ့ ရောဂါရဲ့ဇစ်မြစ်ကို လိုက်ရှာပြီးကုသဖို့ပဲ ဖြစ်ပါတယ်။

စက်နဲ့အသက်ရှုခြင်း။ ARDS လူနာအားလုံးကို အောက်ဆီဂျင်ပေးပြီးကုသဖို့လိုအပ်ပါတယ်။ အောက်ဆီဂျင်ပေးရုံပေးတာဟာ မလုံလောက်တဲ့အတွက် အသက်ရှုဖို့အတွက်ပါစက်နဲ့ ထောက်ပံ့ပေးထားရမှာ ဖြစ်ပါတယ်။

Positive End-Expiratory Pressure (PEEP)။ ဒီကုသမှုနည်းစနစ်က အဆုတ်ထဲမှာရှိတဲ့ဖိအားကို ကူညီထိန်းချုပ်ပေးတဲ့အတွက် အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေကာ အသက်ရှုစက်အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အဆုတ်ဒဏ်ဖြစ်မှုကို လျော့နည်းသက်သာစေမှာပဲ ဖြစ်ပါတယ်။

ခန္ဓါကိုယ်တွင်း အရည်ပမာဏကိုထိန်းချုပ်ခြင်း။ ခန္ဓါကိုယ်ထဲမှာ အရည်အရမ်းများရင် အဆုတ်ထဲမှာအရည်တွေစုပုံလာမှာ ဖြစ်ပြီး အရည်ပမာဏနည်းလွန်းရင်လည်းနှ လုံးအပါအဝင် တခြားအင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေမှာဖြစ်တဲ့အပြင် ရှော့ခ်အခြေအနေကိုလည်း ဖြစ်ပေါ်စေနိုင်တာကြောင့် သွေးကြောထဲအရည်ဓါတ်သွင်းတာကို အသေအချာတွက်ချက်ပြီးမှသွင်းရမှာ ဖြစ်ပါတယ်။

ဆေးဝါးများ ။

• နာကျင်ကိုက်ခဲတာတွေအတွက် အကိုက်အခဲပျောက်ဆေးတွေ။

• ပိုးဝင်တာကို ကုသကာကွယ်ဖို့အတွက် ပိုးသတ်ဆေးတွေ။

• လူနာကို စိတ်တည်ငြိမ်မှုရှိစေဖို့အတွက် စိတ်ငြိမ်ဆေးတွေ။

• အဆုတ် ဒါမှမဟုတ် ခြေထောက်တွင်း သွေးခဲပိတ်တာကို ကာကွယ်နိုင်ဖို့အတွက် သွေးကျဲဆေးတွေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Acute respiratory distress syndrome.https://medlineplus.gov/ency/article/000103.html. Accessed Mar 12, 2017.

ARDS. http://www.lung.org/lung-health- and-diseases/lung- disease-lookup/ards/Accessed December 20, 2016

Acute respiratory distress syndrome. http://www.mayoclinic.org/diseases-conditions/ards/basics/definition/con-20030070 Accessed December 20, 2016

Acute respiratory distress syndrome. http://www.healthline.com/health/acute-respiratory-distress- syndrome#Overview1 Accessed December 20, 2016

Acute respiratory distress syndrome. https://www.drugs.com/cg/acute-respiratory-distress- syndrome.html Accessed December 20, 2016

ယခုပုံစံ

19/09/2019

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေပြွန်ရောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးအချို့

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement