backup og meta

ကလေးများတွင်ဖြစ်သောပန်းနာရင်ကြပ်

အဆုတ်ပန်းနာရင်ကြပ်သည် စိတ်ပူရမည့်ရောဂါမျိုးဖြစ်သည်။ ဒီရောဂါသည် ကလေးများ၌ဖြစ်တတ်သော နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါသည်။ လူကြီးများထက် ဖြစ်ပွားနှုန်း ၂ ဆနီးပါးရှိ၏။ (ကလေး ၁၀% ဆို လူကြီး ၅%) ကလေးများတွင်ဖြစ်သော ပန်းနာရင်ကြပ်သည် ရောဂါအမည်တပ်ရာတွင် နောက်ကျတတ်၏။

အထူသဖြင့် အသက် ၂ နှစ်အောက်တွင် ပိုနောက်ကျတတ်သည်။ ထိုကိစ္စသည် ဖြစ်ကိုဖြစ်တတ်တာမျိုးကြောင့် ကုသမှု၏ အာနိသင်ကို ထိခိုက်နိုင်ပါသည်။ ကလေးတက်သွားခြင်း၊ ဆေးရုံတင်ရခြင်းနှင့် တစ်ခါတစ်ရံ အသက်ဆုံးရှုံးခြင်းတို့ထိ ဖြစ်နိုင်ပါသည်။

ပန်းနာရင်ကြပ်ဆိုတာဘာလဲ။

၎င်းသည် နာတာရှည် လေပြွန်ရောင်ရမ်းနာတစ်မျိုးဖြစ်သည်။ ထိုရောင်ရမ်းခြင်းသည် လေပြွန်အား အမျိုးမျိုးသော လှုံ့စော်မှုများကို အထိမခံဖြစ်စေနိုင်၏။ လေပြွန်မှ ထိုလှုံ့စော်မှုများနှင့်ထိမိသည့်အခါ ဖောင်းကြွလာမည်၊ ကျုံ့လာမည်။ ချွဲများနှင့် ပြည့်လာလိမ့်မည်။

လေပြွန်ပိတ်သွားပြီး ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ အသက်ရှုမဝခြင်းများ ဖြစ်လာ၏။ ပန်းနာရင်ကြပ်ရောဂါသည် မျိုးရိုးလိုက်တတ်ပြီး မကူးစက်တတ်သည့်ရောဂါဖြစ်ပါသည်။

သင့်ကလေးမှာ ပန်းနာရင်ကြပ်ရှိမရှိ ဘယ်လိုသိမလဲ။

ကလေးကိုသတိထားစောင့်ကြည့်ရမည့် လက္ခဏာတစ်ချို့ ရှိပါသည်။

  • အလွန်အမင်းချောင်းဆိုးခြင်း
  • ရင်ဘတ်တအားအောင့်ခြင်း
  • တရွှီရွှီမြည်ခြင်း
  • အသက်ရှုမဝခြင်း

တခြားလက္ခဏာများမှာ အသက်ရှုမြန်ခြင်း၊ ရင်ကြပ်ခြင်း၊ ရင်ဘတ်ချိုင့်ခြင်း၊ နှာသီးရောင်ခြင်းများ ဖြစ်သည်။ သို့သော် ရောဂါအမည်တပ်နိုင်ဖို့ရာ အမြဲလွယ်ကူသည်မဟုတ်ပါ။

ပန်းနာရင်ကြပ်ဟုတ်မဟုတ်သိရန် မကြာခဏချောင်းဆိုးခြင်း (အထူးသဖြင့် ညအချိန်၌)၊ တရွှီရွှီမြည်ခြင်း၊ အသက်ရှုမဝခြင်းတို့ကို သံသယနှင့်ကြည့်ရမည်။ သို့မဟုတ် ကလေးသည် တစ်ခုခုသောပြောင်းလဲမှုနှင့်ကြုံလာပါက အထက်ပါလက္ခဏာများ ပေါ်လာခြင်းရှိမရှိကို စောင့်ကြည့်ရပါမည်။

  • ရာသီဥတုပြောင်းခြင်း
  • တခုခုကို ပြင်းပြင်းထန်ထန်ကြိုးစားမိခြင်း
  • မစားဖူးသည့်အစာများ စားမိလျှင်

တရွှီရွှီမြည်နေလျှင် အသက်ရှုမဝခြင်းက သိသာသောလက္ခဏာဖြစ်သည်။ သို့သော် မကြာခဏချောင်းဆိုးခြင်းလက္ခါများသည် ပေါ်ချင်မှပေါ်သောကြောင့် ရောဂါအမည်တပ်ရာတွင် လွဲချော်သွားနိုင်သည်။

အမှန်ဆိုရလျှင် ပန်းနာရင်ကြပ် ကလေးများသည် ညအခါတွင်သာ ချောင်းဆိုးတတ်ကြပါသည်။ (ညအိပ်မပျော်နိုင်လောက်အောင် ဆိုးတတ်သည်) တချို့ကျွမ်းကျင်သူများက ဒီအခြေအနေကို “ချောင်းဆိုးသော ပန်းနာ” ဟုခေါ်ပြီး ဖြစ်လေ့သိပ်မရှိသော ပုံစံအဖြစ်သတ်မှတ်ပြီး အရေးမစိုက်မိတတ်ကြပါ။ ကလေး၌ ထိုကဲ့သိုဖြစ်နေပါက အသက်ရှုလမ်းကြောင်းဌာနသို့သွားကာ သင့်တော်သောရောဂါအမည်တပ်နိုင်ရန် ပြသရပါမည်။

အသက် ၂ နှစ်အောက်များတွင် ပန်းနာရင်ကြပ်နှင့် အလက်ဂျီ မိသားစုမျိုးရိုးမရှိပဲ ၃ ခါအနည်းဆုံး တရွှီရွှီမြည်ခြင်းဖြစ်လာပါက အရေးကြီးသည်ကို သိထားပါ။

အသုံးများသော ကုသမှု

ပန်းနာရင်ကြပ်ကလေးများအား ပုံမှန်ကုသသည့်နည်းလမ်းမှာ ပန်းနာရင်ကြပ်ဖောက်စေသည့် အကြောင်းရင်းများကို ရှောင်ခြင်းဖြစ်သည်။

  • အိမ်မွေးတိရိစ္ဆာန်များ (ခွေး၊ ကြောင် စသည်) ကို အိမ်တွင်း၌ မထားပါနှင့်။ ပိုးဟပ်များကို နှိမ်နင်းပါ။
  • ကလေးရှိသည့်နေရာ၌ ဆေးလိပ်မသောက်ပါနှင့်။
  • အိမ်အတွင်း၌ ပြင်းထန်သည့်အနံ့များ အဝင်မခံပါနှင့်
  • ရေမွှေး၊ ခြင်းဆေး စသည့်စပရေးများကို ရှောင်ပါ
  • အမွှေးတိုင်ထွန်ခြင်းရှောင်ပါ
  • ကလေးအိပ်သည့်နေရာသည် သန့်ရှင်းသပ်ရပ်ရမည်။ အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးဖုံးများအား ရေနွေးနှင့်မှန်မှန်လျှော်ပြီး နေပူပူတွင်လှမ်းပေးပါ။ ကလေးများကို အမွှေးပွသည့်အရုပ်များနှင့် မဆော့ခိုင်းပါနှင့်။ သူတို့အိပ်သည့်နေရာတွင်လည်း မထားပါနှင့်
  • ပတင်းများကို အိမ်တွင်လေသန့်ရှင်းလတ်ဆတ်နေစေရန် ပုံမှန်ဖွင့်လိုက် ပိတ်လိုက်လုပ်ပေးပါ။

ကလေး၌ ပန်းနာရင်ကြပ်ဖောက်လျှင် ဘာလုပ်ရမလဲ။

ပန်းနာရင်ကြပ်ဖောက်သည့်လက္ခဏာများကို သိရှိခြင်းသည် အဓိကအချက်ပင်ဖြစ်သည်။ လက္ခဏာများမှာ ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ ရင်ကြပ်ခြင်း၊ အသက်ရှုခက်ခြင်း၊ ညတွင်လန့်နိုးခြင်းများ ဖြစ်သည်။

ထိုသို့ဖြစ်လျှင် ကလေးအား လျှင်မြန်အာနိသင်ရမည့် ဆေးများကိုပေးရမည်။ (ရှုဆေး) တစ်နာရီခန့် အနားယူနိုင်လျှင် ကလေးအတွက် ပိုကောင်းပါလိမ့်မည်။

ကလေးအထူးကု၏ညွှန်ကြားချက်များလိုက်နာရန်၊ ချိန်းသည့်အချိန် မှန်မှန်ပြရန်၊ ကလေးနေကောင်းပြီဆိုရင်တောင်မှ ကိုယ့်သဘောနှင့် ဘယ်တော့မှဆေးကိုရပ်မပစ်ရန် အရေးကြီးပါသည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Girish D Sharma, MD, FCCP, FAAP, Pediatric Asthma,

http://emedicine.medscape.com/article/1000997-overview.

Accessed on March 18, 2017.
2. WebMD, Asthma in Children and Infants,

http://www.webmd.com/asthma/guide/children-asthma#1.

Accessed on March 18, 2017.

ယခုပုံစံ

21/05/2020

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိခင်နို့တိုက်ကျွေးခြင်းက ကလေးပန်းနာရင်ကျပ် ဖြစ်ပွားနိုင်ခြေ လျော့နည်းစေသည်

သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုထိန်းချုပ်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။