brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ
၁ပတ်
၁ပတ်
၂ပတ်
၂ပတ်
၃ပတ်
၃ပတ်
၄ပတ်
၄ပတ်
၅ပတ်
၅ပတ်
၆ပတ်
၆ပတ်
၇ပတ်
၇ပတ်
၈ပတ်
၈ပတ်
၉ပတ်
၉ပတ်
၁၀ပတ်
၁၀ပတ်
၁၁ပတ်
၁၁ပတ်
၁၂ပတ်
၁၂ပတ်
၁၃ပတ်
၁၃ပတ်
၁၄ပတ်
၁၄ပတ်
၁၅ပတ်
၁၅ပတ်
၁၆ပတ်
၁၆ပတ်
၁၇ပတ်
၁၇ပတ်
၁၈ပတ်
၁၈ပတ်
၁၉ပတ်
၁၉ပတ်
၂၀ပတ်
၂၀ပတ်
၂၁ပတ်
၂၁ပတ်
၂၂ပတ်
၂၂ပတ်
၂၃ပတ်
၂၃ပတ်
၂၄ပတ်
၂၄ပတ်
၂၅ပတ်
၂၅ပတ်
၂၆ပတ်
၂၆ပတ်
၂၇ပတ်
၂၇ပတ်
၂၈ပတ်
၂၈ပတ်
၂၉ပတ်
၂၉ပတ်
၃၀ပတ်
၃၀ပတ်
၃၁ပတ်
၃၁ပတ်
၃၂ပတ်
၃၂ပတ်
၃၃ပတ်
၃၃ပတ်
၃၄ပတ်
၃၄ပတ်
၃၅ပတ်
၃၅ပတ်
၃၆ပတ်
၃၆ပတ်
၃၇ပတ်
၃၇ပတ်
၃၈ပတ်
၃၈ပတ်
၃၉ပတ်
၃၉ပတ်
၄၀ပတ်
၄၀ပတ်

မျှဝေပါ။

9 ပတ်

9 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

9 ပတ်

9 ပတ် တောင်ရှိလာပြီနော်။ ကလေးလေးရဲ့ ကြီးထွားနှုန်းက ပိုမြန်လာပါပြီ။ အခုဆို ချယ်ရီသီးအရွယ် ၂.၂ စင်တီမီတာလောက် ရှိနေပါပြီ။

နှလုံးလေးကလည်း ဖွံ့ဖြိုးတာ ပြီးခါနီးနေပါပြီ။ နှလုံးအခန်း၄ခန်း ပြည့်သွားပါပြီ။ အဆို့ရှင်လေးတွေလည်း ပေါ်လာလို့ စပြီး ခုန်နေပါပြီ။ မေမေတွေ ဒီတိုင်းနားထောင်လို့ မကြားနိုင်ပေမယ့် Dopplerလို့ ခေါ်တဲ့ စက်တစ်မျိုးနဲ့ဆို ကြားနိုင်ပါတယ်။

ဆရာဝန်က ကလေးရဲ့ နှလုံးခုန်သံကြားဖို့ဒီစက်ကို သုံးပါတယ်။ အဲဒီစက်နဲ့ နှလုံးခုန်သံကိုကြားရတဲ့အခါ မေမေတို့ရဲ့ကလေးလေးတစ်နေ့တစ်ခြား ကြီးပြင်းလာပြီဆိုတဲ့ စိတ်နဲ့ ပျော်နေမိကြမှာပါ။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

သူငယ်ချင်းတော်တော်များများက ကိုယ့်ကိုကိုယ်ဝန်ရှိမှ ပိုချောလာတယ်လို့ ပြောကြပါလိမ့်မယ်။ ဖြစ်နိုင်ပါတယ်။ ကလေးလေးကို အထောက်အပံ့ပေးဖို့ ခန္ဓာကိုယ်က သွေးစီးဆင်းမှု ပိုကောင်းလာလို့ပါ။ အဲဒါကြောင့် သွေးတွေက အရေပြားဆီရောက်လာပြီး နီနီရဲရဲလေး ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် ခေါင်းမူးတာ၊ အားနည်းပြီး မူးချင်သလိုဖြစ်တာ၊ အရမ်းပူလာတာ၊ ချွေးထွက်များတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမျိုးက ဖြစ်တတ်တာတွေပါ။ လေ့လာတွေရှိချက်တွေအရ ကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတွေမှာဆို သားအိမ်ဆီသွားတဲ့ သွေးလွှတ်ကြောမှာ သွေး ၁၀၀ မီလီလီတာရှိပါတယ်။ ကိုယ်ဝန်ဆောင်စချိန်ဆို တစ်မိနစ်ကို ၁၂၀ မီလီမီတာရှိပြီး မွေးခါနီးဆို တစ်မိနစ်ကို ၃၅၀ မီလီမီတာလောက်ထိ များလာပါတယ်။

မူးလာသလိုဖြစ်ရင် လှဲပြီးနားနေလိုက်ပါ။ ဂရုစိုက်ပေးကြပါနော်။

သိသင့်သိထိုက်တာလေးတွေ

ကိုယ်ဝန်ရှိနေပြီဆိုတာ သူများတွေကို စအသိပေးဖို့ ဘယ်အချိန်က အသင့်တော်ဆုံးဖြစ်မလဲ။ လေးလလောက်ထိစောင့်တာ ကောင်းပါတယ်နော် ။ အဲချိန်ဆိုကလေးလည်း ပျက်ကျနိုင်ချေနည်းပြီး မြဲပါပြီ။ အောက်က မေးခွန်းတွေကိုတော့ ပြင်ဆင်ထားသင့်ပါတယ်။

  • စိတ်ရှုပ်စရာတွေကို ခံစားနေရလား။

ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြသင့်ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို သတိထားပြီး လုပ်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ်ဝန်ရှိတဲ့အကြောင်း ကြိုပြောထားတာ ပိုကောင်းပါတယ်။

  • ပျို့အန်တာတွေရော ဖြစ်လား။

ပျို့အန်တာက ပုံမှန်နီးပါးကိုဖြစ်နေရင်တော့ အလုပ်က အထက်အရာရှိကို ကြိုပြောထားတာ ပိုကောင်းပါတယ်နော်။

  • အလုပ်က အရမ်းအားစိုက်ရတာမျိုးလား၊ အန္တရာယ်ရှိနိုင်တာမျိုးလား။

ကိုယ်ကိုယ်တိုင်ရော ကလေးအတွက်ရော အဆင်ပြေအောင် မကြာခင် အနားယူရတော့မှာဆိုတော့ လုပ်ဖော်ကိုင်ဖက်တွေကို အခုပြောပြလိုက်ကြရအောင်။ အဲဒါဆို မန်နေဂျာကလည်း ကိုယ့်အလုပ်တွေကို တခြားလူတွေကို လွှဲပေးလိုက်တော့ အန္တရာယ်ကင်းပြီး ကုမ္မဏီကိုလည်း အလုပ်မပျက်တော့ဘူးပေါ့။

  • အထက်အရာရှိနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကူလုပ်ပေးနိုင်လား။

ဒါက အလုပ်အခြေနေပေါ်မူတည်ပါတယ်။ ကိုယ်ဝန်ရှိတာက အခန့်မသင့်ရင် အလုပ်ရော၊ အထက်အရာရှိနဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ သူဌေးက ကိုယ်ဝန်ရှိတာကို လက်ခံပြီး အလုပ်အတွက် ညှိုနှိုင်းပေးမယ်လို့ထင်ရရင် စောစောပြောပြီး အလုပ်နားနိုင်တဲ့အခွင့်အရေးကို အရယူလိုက်ပါ။ ဒါကပိုပြီး ကျန်းကျန်းမာမာနဲ့ စိတ်ဖိစီးမှုနည်းနည်းနဲ့ မွေးဖွားလာဖို့ပါ။

စိတ်မကောင်းစရာတစ်ခုကတော့ တချို့ဝန်ထမ်းတွေက ကိုယ်ဝန်ရှိတာကိုသိလည်း မသက်ညှာကြပါဘူး။ အထက်အရာရှိက ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ပူရင်တော့ သတိထားပြီး စိတ်ရှည်ရှည်နဲ့ စောင့်ပေးပေါ့နော်။

ကိုယ်ဝန်ရှိမှန်းသိသာလာတော့မှ ပြောကြတာပေါ့။ ကိုယ်ဝန်ဆောင်ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အထက်အရာရှိရဲ့တုံ့ပြန်ပုံကို သိအောင်မေးမြန်းတာမျိုးလည်း လုပ်ကြည့်ကြပါနော်။

9 ပတ် မြောက်မှာ ဆရာဝန်ဆီသွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

ခေါင်းအရမ်းကိုက်နေရင်တော့ ကိုယ်ဝန်ရဲ့လက္ခဏာတွေကို အလူးအလိမ့် ခံစားနေရတာပါ။ သွေးထဲမှာ ကိုယ်ဝန်ဆောင်ဟော်မုန်းတွေ သိပ်များနေလို့ပါ။ အဲဒါက ခေါင်းကိုက်တာကို ပိုဆိုးစေပြီး နာကျင်မှုကိုလည်း ပိုစေပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့ကုသမှုကို ခံယူနိုင်ဖို့ ဆရာဝန်ကို အသိပေးကြပါနော်။

ခေါင်းကိုက်တာသက်သာအောင်လို့ ခေါင်းကိုက်စေတဲ့ အကြောင်းရင်းကို သိဖို့လိုပါတယ်။ ဒါမှ ရှောင်လို့ရမှာပေါ့ မဟုတ်ဘူးလား။ စိတ်ဖိစီးမှု၊ ချောကလက်တွေ၊ ချိစ်၊ ကော်ဖီတွေက ပိုဆိုးစေနိုင်ပါတယ်။ ဆူညံသံ၊ အလင်းရောင်စူးစူး၊ အနံ့ပြင်းပြင်းတွေကို ရှောင်ဖို့ တိတ်ဆိတ်ပြီး အလင်းရောင်မရှိတဲ့အခန်းမှာ နာရီအနည်းငယ်လောက် လှဲနေကြည့်ပါနော်။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

ကိုယ်ဝန်ဆောင်နိုင်တဲ့ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေမှာ မိန်းမကိုယ်အနံ့ဆိုးထွက်တဲ့ရောဂါက အဖြစ်များပါတယ်။ မိန်းမကိုယ်ထဲ ဘက်တီးရီးယားပိုးတွေ ဝင်လို့ဖြစ်ရတာပါ။ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီး ၅ယောက်မှာဆို ၁ယောက်က ဒီရောဂါကိုခံစားရပါတယ်။

ဒီရောဂါလက္ခဏာတွေကို မခံစားဖူးတာလည်း ဖြစ်နိုင်ပေမယ့် ခံစားနေရပြီဆိုရင်တော့ ငါးညှီနံ့နံတဲ့ အဖြူ ဒါမှမဟုတ် ခဲရောင်အချွဲတွေ ဆင်းပါလိမ့်မယ်။ လိင်ဆက်ဆံပြီးရင် ဒီအနံ့က ပိုသိသာပါတယ်။ မိန်းမကိုယ်ယားတာတွေလည်း ဖြစ်တတ်ပါတယ်။

ဒီရောဂါက ကလေးပျက်ကျတာ၊ သန္ဓေသားကို ဝန်းရံထားတဲ့ အမြှေးပါပြဲတာတွေကို ဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ်မှာရောဂါရှိနိုင်တဲ့ လက္ခဏာတွေဖြစ်နေရင် ဆရာဝန်ကို ချက်ချင်းပြောပြကြပါ။ ပဋိဇီဝဆေးတွေနဲ့ လွယ်လွယ်ကူကူ ကုလို့ရပါတယ်။ စောစောစီးစီးသိတာက ပျက်ကျနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ကျန်းမာဘေးကင်းအောင် နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

ကိုယ်ဝန်ရှိနေတုန်း စိတ်ပူရမှာတွေ အများကြီးရှိမှာပေါ့။ အဲဒီထဲမှာ ဒါတွေလည်း ပါမှာပေါ့။

  • ပုရွက်ဆိတ်၊ ပိုးဟပ်ဖြန်းဆေးတွေ

ဖြန်းဆေးတွေမှာ အဓိကပါတာက ပိုးသတ်ဆေးတွေ၊ ဓာတုပစ္စည်းတွေဆိုတော့ ကိုယ်ဝန်ကို ဘေးဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် လေ့လာမှုတွေကို တိရစ္ဆာန်လေးတွေမှာပဲလုပ်ထားတာဆိုတော့ လူတွေမှာလည်း အဆိပ်ဖြစ်စေနိုင်တယ်လို့ ပြောဖို့ခက်ပါတယ်။

  • အခိုးအငွေ့တွေ

ဒီအချက်ကိုလည်း သိပ္ပံပညာရှင်တွေ သက်သေပြထားတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် ကာကွယ်ထားတာက အကောင်းဆုံးမို့ အိမ်မှာ အသားကင်တဲ့အခါကျရင် ခဏလောက် ရှောင်နေတာ ပိုကောင်းပါတယ်။

  • ဆေးဖက်ဝင် လက်ဖက်ရည်

ဒီလက်ဖက်ရည်တွေက ဘေးဖြစ်စေနိုင်တယ်လို့တော့ တွေ့ထားတာမျိုးမရှိပေမယ့် ဆေးအာနိသင်ရှိတဲ့ပစ္စည်းတွေပါတဲ့ လက်ဖက်ရည်ကို ရှောင်ပေးသင့်ပါတယ်။ သားအိမ်ကျုံ့စေတာ၊ ရာသီလာစေနိုင်တဲ့ အာနိသင်ပါတဲ့ အပင်ကထုတ်တဲ့ လက်ဖက်ရည်တွေကို ရှောင်ပေးတာ ကောင်းပါတယ်နော်။

၁၀ပတ်မှာ ကလေးနဲ့ မေမေရဲ့အပြောင်းအလဲတွေကို ဆက်ကြည့်ရအောင်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Hmwe San Eain · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။