backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ဆောင်နဲ့ အမျိုးသမီးတွေရာသီသွေးဆင်းမှုအပေါ် သင်္ဘောသီးက ဘယ်လိုသက်ရောက်နေသလဲ

ကိုယ်ဝန်ဆောင်နဲ့ အမျိုးသမီးတွေရာသီသွေးဆင်းမှုအပေါ် သင်္ဘောသီးက ဘယ်လိုသက်ရောက်နေသလဲ

သင်္ဘောသီးစားသုံးတာက ကျန်းမာရေးကိုတော်တော်များများ အကျိုးပြုနိုင်တယ်လို့သိထားကြတာဖြစ်ပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းက ကျန်းမာရေးအတွက် ဆိုးကျိုးအနည်းငယ်ရှိတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။

အထူးသဖြင့် သင်္ဘောသီးစိမ်း၊ သင်္ဘောသီးစေ့၊ သင်္ဘောရွက်နဲ့ အစာကြေညက်စေဖို့ ထောက်ပံ့ပေးတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့papain enzyme တို့က ခန္ဓာကိုယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်စေတာဖြစ်ပါတယ်။

သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ဘယ်လိုမျိုးအခြေအနေတွေမှာ သင်္ဘောသီးမစားတာက အကောင်းဆုံးဖြစ်မလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင် နဲ့ သင်္ဘောသီး

သင်္ဘောသီးအစိမ်းမှာကြွယ်ဝစွာ ပါဝင်နေတဲ့ သဘော်သီးမှာအဓိကပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့papain အင်ဇိုင်းကို အာရှတိုက်နိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သန္ဓေပျက်ကျေစေဖို့အသုံးပြုလေ့ရှိကြပါတယ်။

သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းကို သန္ဓေသားကိုထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ သင်္ဘောသီးစိမ်းသုတ် စားတာ၊သန်ကောင် တုတ်ကောင်ကင်းအောင်ဆိုပြီး သင်္ဘောသီးစေ့ကိုစားသုံးတာမျိုးနဲ့ papain အင်ဇိုင်းပါဝင်တဲ့ဖြည့်စွက်ဆေးတွေကိုရှောင်ကြဉ်နိုင်ရင်အကောင်းဆုံးပဲဖြစ်ပါတယ်။

သင်္ဘောသီးမှည့်ကိုတော့ စားသုံးပေးလို့ရပါတယ်။ သင်္ဘောသီးမှည့်မှာ သင်္ဘောသီးအစိမ်းထက်papain အင်ဇိုင်းပါဝင်မှုနည်းပါးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ဗီတာမင်တွေနဲ့ အခြားကျန်းမာရေးအတွက်အကျိုးပြုနိုင်တဲ့ ဓာတ်တွေကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စားသုံးဖို့သင့်တော်ပါတယ်။

Papain အင်ဇိုင်း၊ သင်္ဘောသီးစေ့နဲ့ ရာသီစက်ဝန်း

ကလေးယူဖို့ ကြိုးစားနေသူတွေ (သို့) အစီအစဉ်ရှိသူတွေအနေနဲ့papain အင်ဇိုင်းကို သတိထားရှောင်ကြဉ်သင့်ပါတယ်။ သင်္ဘောသီးစေ့၊ သင်္ဘောသီးစိမ်း နဲ့ သင်္ဘောသီးကနေရရှိတဲ့ အင်ဇိုင်းတွေပါဝင်နေတဲ့အရာတွေကို ပမာဏများများစားသုံးတာ (သို့) ပုံမှန်မှီဝဲနေတာမျိုး ရှိမယ်ဆိုရင် ရာသီစက်ဝန်းကို အနှောင့်အယှက် ဖြစ်စေမှာဖြစ်ပါတယ်။

သုတေသနစာတမ်းတစ်စောင်မှာ papain အင်ဇိုင်း (သို့) သင်္ဘောသီးစေ့နဲ့ သင်္ဘောသီးစိမ်းမှာပါတဲ့ အင်ဇိုင်းတွေက ပုံမှန် ရာသီစက်ဝန်းအပေါ်မှာ သက်ရောက်မှုရှိတာဖြစ်နိုင်တယ်။ လို့ သုံးသပ်ထားပါတယ်။

သိပ္ပံပညာရှင်တွေကတော့ သင်္ဘောသီးစိမ်းမှာပါတဲ့ papain အင်ဇိုင်းက ကိုယ်ဝန်ဆောင်နိုင်စေဖို့ နဲ့ သန္ဓေမြစြေဖို့အတွက် သားအိမ်ကိြုပ်င်ဆင်ရာမှာလိုအပ်တဲ့ဟော်မုန်းတစ်မျိုးဖြစ်တဲ့progesteroneဟော်မုန်းတွေကို ပျက်စီးစေနိုင်တယ်၊လို့ပြောကြားခဲ့ပါတယ်။papain အင်ဇိုင်းက သန္ဓေသားကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အလွှာပါးကို ပျက်စီးစေနိုင်ပါတယ်၊လို့လည်းဆိုပါတယ်။

သင်္ဘောသီးမှည့်မှာတော့papain အင်ဇိုင်းပါဝင်မှု ပမာဏလျော့နည်းသွားတာကြောင့် အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းအပေါ်မှာရော ကိုယ်ဝန်ဆောင်နိုင်စွမ်းအပေါ်မှာပါ ထိခိုက်မှုမရှိနိုင်ပါဘူး။

သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်း နဲ့ နို့တိုက်မိခင်

နို့တိုက်မိခင်တွေအနေနဲ့ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်း၊ သင်္ဘောသီးစိမ်း (သို့) သင်္ဘောသီးမှည့်ကို နို့တိုက်နေစဉ်အတွင်း စားသုံးပေးသင့်တယ်လို့ အကြံပြုတာမျိုးတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ အကြောင်းအရင်းခိုင်ခိုင်လုံလုံပြောနိုင်ခြင်းမရှိသေးပါဘူး။

အာရှ တလွှားမှာ သင်္ဘောသီးစိမ်းသုတ်နဲ့ သင်္ဘောသီးစိမ်းဟင်းချိုတွေက နို့တိုက်မိခင်တွေမှာ နို့ထွက်ကောင်းစေတယ်လို့ လက်ခံယုံကြည်ထားပါတယ်။ papain အင်ဇိုင်းအပြည့်အဝပါဝင်တဲ့ သင်္ဘောသီးစိမ်းကို နို့တိုက်မိခင်တွေစားသုံးပေးသင့်တယ်လို့ထောက်ခံအကြံပြုတာမျိုးလည်းရှိပါတယ်။ သင်္ဘောသီးမှာပါတဲ့ Papain အင်ဇိုင်းက ကလေးငယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်နိုင်တာကြောင့် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

အာရှတလွှားကအမျိုးသမီးတွေက နို့တိုက်မိခင်မဟုတ်ရင်တောင်မှာ သင်္ဘောသီးစိမ်းသုတ်ကိုမှန်မှန်စားသုံးပေးမယ်ဆိုရင် သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းကရေရှည်စားသုံးတဲ့အခါ ရင်သားအရွယ်အစားကိုဖွံ့ထွားစေတယ်၊ လို့လက်ခံယုံကြည်ထားကြပါတယ်။

အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ သင်္ဘောသီးစေ့

သင်္ဘောသီးစေ့က အမျိုးသမီးရဲ့မျိုးပွားမှုကိုထိခိုက်စေတာမဟုတ်ဘဲ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အာရှဒေသတော်တော်များများမှာ အမျိုးသားတွေအတွက် သန္ဓေတားဆေးအနေနဲ့ အသုံးပြုကြပါတယ်။

ကလေးယူဖို့ဆုံးဖြတ်ထားတဲ့ အမျိုးသားတွေအနေနဲ့ သင်္ဘောသီးစိမ်းတွေနဲ့ သင်္ဘောသီးစေ့တွေကိုရှောင်ကြဉ်သင့်ပါတယ်။

ကလေးတွေမှာ မွေးရာပါ ချို့ယွင်းချက် ဖြစ်စေနိုင်ခြင်း

သင်္ဘောရွက်နဲ့ သင်္ဘောသီးတွေမှာ တွေ့ရတဲ့ ဓာတုဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ Papain က ကလေးငယ်တွေကို အဆိပ်အတောက်ဖြစ်စေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က စားသုံးမယ်ဆိုရင်မွေးလာတဲ့ ကလေးငယ်မှာ မွေးရာပါ ချွတ်ယွင်းမှု ဖြစ်စေနိုင်ပါတယ်။ သင်္ဘောသီးစိမ်းမှာ သင်္ဘောသီးမှည့်ထက် papain ပါဝင်မှု ပိုများတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်နိုင်ရင် သင်္ဘောသီးစိမ်းရော သင်္ဘောသီးမှည့်ကိုပါ အလွန်အကျွံ မစားသုံးသင့်ပါဘူး။ နို့တိုက်နေရစဉ်ကာလအတွင်းမျာ သင်္ဘောသီးစားသုံးတာက ကလေးငယ်အတွက် ဘေးကင်းရဲ့လားဆိုတာကိုသေချာမသိရသေးပါဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်နေစဉ်ကာလအတွင်းမှာ သင်္ဘောသီးစိမ်းရော သင်္ဘောသီးမှည့်ကိုပါ အတိုင်းအချင့်နဲ့စားတာပိုကောင်းပါတယ်။

၁ နှစ်အောက်ကလေးငယ်တွေ နဲ့ သင်္ဘောသီး

လေ့လာမှုတွေအတွင်း မိခင်တွေအနေနဲ့ မွေးကင်းစကနေ တစ်နှစ်အထိကာလအတွင်း ကလေးငယ်တွေကို သင်္ဘောသီး အများကြီးမကျွေးသင့်ပါဘူး။ မွေးကင်းစနေ ၁ နှစ်အရွယ်အတွင်း ကလေးငယ်မှာ လိုအပ်တဲ့အမျှင်ဓာတ်တွေပြည့်စုံနေတာကြောင့် မကျွေးသင့်တာဖြစ်ပါတယ်။ အမျှင်ဓာတ်လွန်ကဲမှုက ကလေးတွေရဲ့ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။

  • ဝမ်းပျော့စေနိုင်ခြင်း
  • ရေဓာတ်လုံလောက်မှုမရှိပါက ဝမ်းချုပ်စေနိုင်ခြင်း
  • ကလေးငယ်ကို သင်္ဘောသီးစိမ်းပဲဖြစ်ဖြစ် သင်္ဘောသီးမှည့်ပဲဖြစ်ဖြစ်မကျွေးခင်မှာ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

Papain နဲ့သွေးကျဲဆေး

Papain အင်ဇိုင်းက သွေးကျဲဆေးတွေရဲ့ အာနိသင်ကို တိုးစေနိုင်ပါတယ်။ သွေးကျဲဆေးတွေ သောက်သုံးနေသူတွေအနေနဲ့ Papain အင်ဇိုင်းကို သွေးကျဲဆေးမှီဝဲနေစဉ်ကာလအတွင်းမှာ မစားသုံးမိစေဖို့အကြံပြုထားပါတယ်။

ခွဲစိတ်ကုသမှုခံယူဖို့ရှိပါကလည်း ခွဲစိတ်ကုသမှုခံယူမယ့်ရက်မတိုင်ခင်အနည်းဆုံး ၂ ပတ်လောက်အလိုကတည်းက papain ဖြည့်စွက်ဆေးဝါးတွေ၊ သင်္ဘောသီးစိမ်း နဲ့ သင်္ဘောသီးစေ့တွေကို မစားသုံးမိအောင်ဆင်ခြင်ရမှာဖြစ်ပါတယ်။ သွေးခဲပိတ်ဆို့ခြင်း (thrombosis) နဲ့ သွေးမတိတ်ခြင်း (hemophilia) တို့လိုမျိုး သွေးနဲ့ပတ်သက်တဲ့ဝေဒနာရှိသူတွေအနေနဲ့ papain အင်ဇိုင်း နဲ့ သင်္ဘောသီးစိမ်းတို့ကိုရှောင်ကြဉ်သင့်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ခြင်း

သင်္ဘောသီးက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် သွေးချိုကျဆေးတွေမှီဝဲနေရတဲ့ ဆီးချိုဝေဒနာသည်တွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကိုတိုင်းတာပြီးမှသာ သင်္ဘောသီးကို ချင့်ချိန်စားသုံးသင့်ပါတယ်။ သင်္ဘောသီးက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် သွေးတွင်းအချိုဓာတ်တအားနည်းတဲ့သူတွေနဲ့ သွေးတွင်းအချိုဓာတ်နည်းတဲ့ အခံရှိသူတွေအနေနဲ့ မစားသုံးသင့်ပါဘူး။

နှလုံးခုန်နှေးစေနိုင်ခြင်း

နှလုံးနဲ့ပတ်သက်တဲ့ ဝေဒနာခံစားနေရသူတွေအနေနဲ့ သင်္ဘောသီးကို မစားသုံးသင့်ပါဘူး။ သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းက နှလုံးခုန်နှုန်းကိုနှေးစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေကိုခံစားရစေနိုင်ပါတယ်။

Carotenemiaဖြစ်စေနိုင်ခြင်း

သင်္ဘောသီးကို အလွန်အကျွံစားသုံးမယ်ဆိုရင် သင်္ဘောသီးမှာပါတဲ့ ဘီတာကယ်ရိုတင်းပမာဏများတာကြောင့် အသားအရေအရောင်ပြောင်းလာခြင်း carotenemia ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ မျက်လုံး၊ ခြေဖဝါးလက်ဖဝါးတွေ ဝါလာတာမျိုးဆိုရင်တော့ အသားဝါရောဂါခံစားနေရတာဖြစ်နိုင်ပါတယ်။

ဆီးကျောက်တည်စေနိုင်ခြင်း

သင်္ဘောသီးမှာ ဗီတာမင် စီကြွယ်ဝစွာပါဝင်ပြီး သင်္ဘောသီးတစ်လုံးမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီ ပမာဏ ၃၀၀ ရာခိုင်နှုန်းကျော်ပိုမိုပါဝင်ပါတယ်။ စွမ်းအင်ပြည့်ဝတဲ့ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးပြီးကင်ဆာရောဂါကနေ ကာကွယ်ပေးသလိုသွေးတိုး (hypertension)၊သွေးကြောဆိုင်ရာဝေဒနာတွေနဲ့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ကိုယ်တွင်းမှာ ဗီတာမင် ပမာဏ အရမ်းများလာတဲ့အခါ အဆိပ်အတောက်ဖြစ်စေပြီး ဆီးကျောက်တည်စေနိုင်ပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်စေနိုင်ခြင်း

သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းကပြင်းထန်တဲ့ ဓာတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့အရာဖြစ်ပါတယ်။ သင်္ဘောသီးကိုအလွန်အကျွံစားသုံးမယ်ဆိုရင်

  • အသက်ရှုကြပ်တာ
  • သလိပ်ကပ်ပြီး အသက်ရှုရခက်တာ
  • နှာခေါင်းပိတ်တာ
  • ဓာတ်မတည့်မှုကြောင့်နှာစေးတာ
  • ပန်းနာရင်ကြပ် (Asthma) တို့ခံစားရနိုင်ပါတယ်။

အဆိပ်အတောက်ဖြစ်စေနိုင်ခြင်း

သင်္ဘောသီးက ကျန်းမာရေးကိုတော်တော်လေးအကျိုးပြုသလို အသည်းနဲ့ကျောက်ကပ်အတွက်ကောင်းတယ်ဆိုပေမယ့် အကန့်အသတ်နဲ့ပဲစားသုံးသင့်ပါတယ်။ သင်္ဘောစေ့မှာပါတဲ့benzyl isothiocyanate ဒြပ်ပေါင်းတစ်မျိုးက များများစားရင်အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

သင်္ဘောရွက်ကိုသွေးလွန်တုပ်ကွေး (Dengue fever)၊ ငှက်ဖျား (Malaria) အတွက် သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။ ကင်ဆာရောဂါအတွက်လည်း အသုံးပြုကြပါတယ်။

သင်္ဘောသီးအစိမ်းနဲ့ သင်္ဘောရွက်မှာ ကျန်းမာရေးအတွက်အကျိုးပြုတဲ့အချက်တွေရှိပေမယ့်လို့ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ အနေနဲ့ရှောင်ကြဉ်သင့်ပါတယ်။ ပြည်တည်နာလိုမျိုး အနာတွေအတွက်ကုသမှုခံယူနေရသူတွေနဲ့ သွေးကျဲဆးသောက်သုံးနေရသူတွေအနေနဲ့ သင်္ဘောသီးမစားခင်မှာ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

ဒါပေမယ့် ဒီဆောင်းပါးမှာ ပြောထားတဲ့အချက်တွေက အလွန်အကျွံ တစ်ယောက်တည်း တစ်နေ့ကို ၃၊ ၄လုံး ရက်ဆက်စားရင် ဖြစ်လာနိုင်တာတွေပါ။ အတန်အသင့်စားမယ်ဆိုရင်တော့ သူ့မှာပါတဲ့ အာဟာရဓာတ်တွေက ဆိုးကျိုးထက် ကောင်းကျိုးဖြစ်စေတာကြောင့်  လုံးဝမရှောင်ဘဲ အတန်အသင့်စားပေးဖို့ အကြံပြုလိုပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://superfoodprofiles.com/papaya-enzyme-side-effects-warnings

http://www.stylecraze.com/articles/severe-side-effects-of-papaya/#gref

http://www.webmd.com/vitamins-supplements/ingredientmono-48  8-papaya.aspx?activeingredientid=488&activeingredientname=papaya

ယခုပုံစံ

28/01/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


Aye Thi Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement