ကိုယ်ဝန်ဆိပ်တက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်တွေအကြောက်ဆုံးကိစ္စကို ပြောပါဆိုရင် ကိုယ်ဝန်ဆိပ်တက်ခြင်းပါပဲ။ ကိုယ်ဝန်ဆောင် ၁၀၀မှာ ၅ယောက်က ကိုယ်ဝန်ဆိပ်တက်နိုင်ပါတယ်။ ကိုယ်ဝန်ပတ် ၂၀လောက်ကစဖြစ်တတ်ပြီး မွေးပြီး၆ပတ်အထိဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တာက အချိန်မီမကုသရင် အမေရော ကလေးပါ အသက်အန္တရာယ်ရှိပါတယ်။ Eclampsiaပြောင်းပြီးတက်သွားတတ်ပါတယ်။ ဒါကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ရောဂါလက္ခဏာကို စောစောသိပြီး စောစောကုဖို့ပါပဲ။

ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာဘာကိုပြောတာလဲ။

ကိုယ်ဝန်ဆိပ်တက်ရင် သွေးတွေတက်လာပြီး ဆီးထဲမှာ အသားဓာတ်တွေပါလာပါတယ်။ ခြေတွေ လက်တွေဖောလာပါတယ်။ သွေးထဲမှာ သွေးဥမွှားတွေ နည်းလာပါတယ်။ ပညာရှင်တွေကတော့ ဒါဟာ အချင်းကြောင့်လို့ဆိုပါတယ်။ ကိုယ်ဝန်အစောပိုင်းမှာ သွေးကြောအသစ်တွေ ပေါ်လာပြီး အချင်းကို သွေးထောက်ပံ့ပေးရပါတယ်။ ကိုယ်ဝန်ဆိပ်တက်တဲ့ အမျိုးသမီးတွေမှာတော့ ဒီဖြစ်စဥ်က ပုံမှန်မဟုတ်ပါဘူး။ သူတို့ရဲ့ သွေးကြောတွေကကျဥ်းပြီး ဟော်မုန်းကို ကောင်းကောင်းမတုံ့ပြန်နိုင်တော့ပါဘူး။ ဒါကြောင့် အချင်းဆီကို သွေးကောင်းကောင်းမလျှောက်တော့ပါဘူး။ ဘာလို့ဒီလို သွေးကြောတွေပုံမှန်မဖြစ်ရတာလဲဆိုတော့

  • သားအိမ်ဆီကို သွေးကောင်းကောင်းမရတာ
  • သွေးကြောတွေ ပျက်စီးတာ
  • ခုခံအားစနစ်မကောင်းတာ
  • မျိုးဗီဇပြဿနာစတာတွေကြောင့် ဖြစ်ပါတယ်။

ဘယ်သူတွေပိုဖြစ်နိုင်လဲ။

  • အရင်ကကိုယ်ဝန်ဆိပ်တက်ဖူးတဲ့သူတွေ

ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ် မိသားစုထဲမှာဖြစ်ဖြစ် ကိုယ်ဝန်ဆိပ်တက်ဖူးရင် ပိုဖြစ်နိုင်ပါတယ်။

  • သွေးတိုးရောဂါရှိတာ
  •  သားဦးကိုယ်ဝန်ဖြစ်တာ
  • အိမ်ထောင်ဆက်များတာ
  • အသက်ငယ်လွန်း ဒါမှမဟုတ် အသက်၄၀ကျော်မှကိုယ်ဝန်ဆောင်တာ
  • အဝလွန်တာ
  • အမြွှာကိုယ်ဝန်ရှိတာ
  • သားဆက်ခြားတာ ၂နှစ်အောက် ဒါမှမဟုတ် ၁၀နှစ်ကျော်တာ
  • အရင်ကတည်းက သွေးတိုးရှိတာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ဆီးချိုရှိတာ၊ ကျောက်ကပ်ရောဂါရှိတာ
  • ဖန်ပြွန်သန္ဓေသားနဲ့ ကိုယ်ဝန်ဆောင်တာ စတဲ့သူတွေ ပိုဖြစ်နိုင်ပါတယ်။

ဘာလက္ခဏာတွေပြမှာလဲ။

ကိုယ်ဝန်ဆိပ်တက်တာက တစ်ခါတစ်လေ ဘာလက္ခဏာမှမပြတတ်ပါဘူး။ သွေးတိုးတာလောက်ပဲရှိတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေက သွေးပေါင်ချိန်ကို ပုံမှန်တိုင်းသင့်ပါတယ်။ တခြားလက္ခဏာတွေကတော့

  • ခေါင်းထိုးကိုက်တာ
  • မျက်စိဝါးတာ၊ အလင်းရောင်မခံနိုင်တာ၊ ရုတ်တရက်ဘာမှမမြင်ရတော့တာ
  • ဝမ်းဗိုက်ညာဘက်ခြမ်းကအောင့်တာ (ဒါကအသည်းရှိတဲ့နေရာပါ)
  • ပျို့အန်တာ
  • မောတာ၊ အသက်ရှူမဝတာ
  • ဆီးနည်းတာ
  • ၁ရက် ၂ရက်အတွင်း ဝိတ်တက်လာတာ
  • ရုတ်တရက် ခြေတွေလက်တွေဖောတာ (ဒါကသာမန်ကိုယ်ဝန်ဆောင်တွေလည်းဖြစ်တတ်ပါတယ်။)
  • သွေးစစ်ကြည့်ရင် သွေးဥမွှားတွေနည်းနေတာ၊ အသည်းမကောင်းတာ
  • ဆီးထဲမှာ အသားဓာတ်တွေပါတာ စတာတွေတွေ့ရပါတယ်။

ဒီလိုလက္ခဏာတွေရှိနေရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြသင့်ပါတယ်။

ကုသနည်း

ကိုယ်ဝန်ဆိပ်တက်တာရဲ့ အဓိကကုသနည်းကတော့ ကလေးကို မြန်မြန်မွေးထုတ်လိုက်တာပါပဲ။ ကိုယ်ဝန်ပတ်မူတည်ပြီး ဆေးရုံတက်အခြေအနေကိုစောင့်ကြည့်တာ၊ လိုအပ်တဲ့ ကုသမှုတွေပေးတာကို ခံယူသင့်ပါတယ်။ မွေးပြီးသွားရင်တောင်မှ ကိုယ်ဝန်ဆိပ်တက်နိုင်ခြေရှိသေးတာကြောင့် စိတ်မချရသေးပါဘူး။ တချို့က ၂ရက်နဲ့ သက်သာသွားပေမယ့် တချို့က ၆ပတ်အထိကြာတတ်ပါတယ်။

နောက်ဆက်တွဲပြဿနာများ

လနုနုနဲ့ ကိုယ်ဝန်ဆိပ်တက်ရင် ကြောက်ဖို့ကောင်းပါတယ်။ အမေနဲ့ ကလေးအသက်အန္တရာယ်ရှိလို့ လိုအပ်ရင်စောမွေးရမှာပါ။ ဒါကြောင့်

  • ကလေးပေါင်မပြည့်တာ
  • လမစေ့တာ
  • သွေးတိုးလွန်းလို့ အချင်းကွာတာ
  • HELLP Syndromeလို့ခေါ်တဲ့ သွေးနီဥတွေ ပျက်စီးတာ၊ အသည်းအင်ဇိုင်းတွေတက်တာ၊ သွေးဥမွှားတွေ နည်းသွားပြီး ကိုယ်တွင်းအင်္ဂါတွေပျက်စီးတာ
  • ကိုယ်ဝန်ဆိပ်တက်ရာကနေ မထိန်းနိုင်ရင် Eclampsiaဖြစ်သွားပြီး တက်တာ၊လေဖြတ်တာ
  • နောက်ပိုင်းကျရင် နှလုံးရောဂါဖြစ်နိုင်ချေများတာ စတာတွေဖြစ်တတ်ပါတယ်။

ကာကွယ်လို့ရလား။

ကိုယ့်မှာ ကိုယ်ဝန်ဆိပ်တက်ဖို့ အလားအလာရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ သေချာပြသပါ။ တတ်နိုင်သမျှကျန်းမာအောင်နေပါ။

  • ကိုယ်အလေးချိန်ထိန်းပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်ပါ။
  • သွေးတိုး၊ ဆီးချိုထိန်းပါ။

ဖြစ်နိုင်ချေများတဲ့သူတွေက ကိုယ်ဝန်ပတ် ၁၂ပတ်ကျော်ရင် အက်စပရင်သောက်ပြီး ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေက ကိုယ့်သဘောနဲ့ကိုယ် ဘာဆေးမှမသောက်သင့်တဲ့အတွက် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှု မှာ သာမန်ကိုယ်ဝန်ဆောင် တစ်ယောက်အနေနဲ့ ဒီလောက်လိုက်နာမယ်ဆိုရင် မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကိုယ်ဝန်ဆောင်ကာလ ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်လအလိုက် တွေ့ကြုံနိုင်တဲ့ ကျန်းမာရေး ပြဿနာဆိုတာ ရှိပြီးသားပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုယ့်ကျန်းမာရေးကို အမြဲဂရုစိုက်နေရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကိုယ်ဝန်ဆောင်ကာလ ဇန်နဝါရီ 22, 2021 . 3 mins read

နှလုံးသွေးကြော ရောဂါများ

နှလုံးသွေးကြော ကျဉ်းတာ၊ ပိတ်တာ နှစ်ခုလုံးက အန္တရာယ်ရှိတာကြောင့် လက္ခဏာတွေကို မှတ်ထားပြီး ဖြစ်လာပြီဆိုတာနဲ့ ဆေးရုံကိုချက်ချင်းသွားဖို့ အကြံပေးလိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အာဟာရချို့တဲ့မှုတွေ မဖြစ်အောင် ဘယ်လိုစားသောက်ကြမလဲ။

အာဟာရချို့တဲ့ တာကလည်း အဝလွန်တာလိုပဲ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ မျှတတဲ့အာဟာရကိုပြည့်ဝအောင် စားနိုင်မှသာ ပိန်လွန်းခြင်း၊ဝလွန်းခြင်းက ကင်းလွတ်မှာ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကလေးတွေ တစ်နေ့ကို ဘယ်နှနာရီပဲ ဖုန်းသုံး သင့်သလဲ။

ကလေးတွေ တစ်နေ့ကို ဘယ်နှနာရီပဲ ဖုန်းသုံး သင့်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2021 . 2 mins read
ကိုဗစ်ရောဂါ ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်သူများ

ကိုဗစ်ရောဂါ ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်သူများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 11, 2021 . 3 mins read
သွေးရောဂါ အမျိုးအစားများ

သွေးရောဂါ အမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 3 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read