အမျိုးသမီးတွေရဲ့ ဘဝတစ်လျှောက်မှာ ဟော်မုန်းပမာဏတွေဟာ အကြောင်းရင်း အမျိုးမျိုးကြောင့် ပြောင်းလဲနိုင်ပါတယ်။ အမျိုးသမီးဟာ ပထမဆုံး ကိုယ်ဝန်ရှိရင် သူမရဲ့ ကိုယ်ခန္ဓါဟာ ကလေးကို ကြိုဆိုဖို့အတွက် ရင်သားအပါအဝင် အခြား ပြင်ဆင်မှုတွေ ပြုလုပ်ပါတယ်။ ဒီအချိန်တွေမှာ သူမရဲ့ မရင့်ကျက်သေးတဲ့ ကင်ဆာဖြစ်နိုင်တဲ့ ရင်သားတစ်ရှူးတွေဟာ ကင်ဆာ ခံနိုင်တဲ့ တစ်ရှူးတွေ အဖြစ် ပြောင်းလဲသွားပါတယ်။ Estrogen ဟော်မုန်းပမာဏဟာ တိုးတက်လာပြီး မိခင်နို့ထွက်ဖို့အတွက် ရင်သားဟာလည်း ကြီးမားလာမှာ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ တတိယသုံးလပတ် အတွင်းမှာ (မတော်တဆ ပျက်ကျသည်ဖြစ်စေ၊ တမင်ဖျက်ချသည် ဖြစ်စေ) ဆဲလ်တွေရဲ့ ပုံမှန် ဖြစ်ပေါ်မှုကို ရုတ်တရက် ပြောင်းလဲသွားစေပြီး ကင်ဆာ ပိုမို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ရှိစဉ် ဒီဟော်မုန်း ပြောင်းလဲမှုတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ နောက်ပိုင်းမှာ ရင်သားကင်ဆာ ဖြစ်နှုန်းကို လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေက ဒီသီအိုရီကို လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကိုယ်ဝန်ပျက်ကျခြင်းဟာ ရင်သားကင်ဆာကို ဖြစ်နိုင်ပါသလား။
လေ့လာမှုအတော်များများဟာ အမျိုးသမီးအနည်းငယ်ကိုသာ စစ်တမ်းကောက်ယူထားတာ ဖြစ်ပါတယ်။ ဒါ့ပြင် အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ဖျက်ချခြင်းတွေဟာ သူတို့ရဲ့ ကျန်းမာရေး အစီရင်ခံစာတွေအစား သူတို့ကိုယ်တိုင် ပြောခြင်းတွေကို အခြေခံထားကြပါတယ်။ ဒါ့ပြင် အချက်အလက်တွေကို ရင်သားကင်ဆာ ဖြစ်ပြီးချိန်မှာမှ ကောက်ထားတာကြောင့် အဖြေတွေဟာ ယုံကြည်ဖို့ ခက်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေက ဒီသီအိုရီပေါ်မူတည်ပြီး ပိုမို ကောင်းမွန်တဲ့ လေ့လာမှုတွေကို ဒီဇိုင်းဆွဲထား ကြပါတယ်။ လေ့လာမှုအသစ်တွေဟာ အမျိုးသမီး အတော်များများကို စစ်တမ်းကောက်ယူထားပြီး ရင်သားကင်ဆာ မဖြစ်မီ ကောက်ယူထားတာ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ပြောတဲ့ အဖြေတွေအစား သူတို့ရဲ့ ကျန်းမာရေးစစ်ဆေးချက်တွေက အချက်အလက်တွေကို ယူထားတာကြောင့် ပိုမို ယုံကြည်ရတဲ့ ရလဒ်တွေကို ထုတ်ဖေါ်နိုင်ခဲ့ပါတယ်။ လေ့လာမှုအသစ်တွေက ကိုယ်ဝန်ပျက်ကျခြင်း၊ ဖျက်ချခြင်းနဲ့ ရင်သားကင်ဆာ ဖြစ်နှုန်း ဆက်စပ်မှုတွေကို မရှိကြောင်းကို တူညီစွာ သက်သေပြခဲ့ကြပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။