brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

မိခင်ရဲ့ စားသောက်ပုံက သန္ဓေသားရဲ့ မျိုးရိုးဗီဇအပေါ်ဘယ်လို သက်ရောက်နိုင်လဲ

Gambia မှာ အမျိုးသမီးတွေ စားသောက်ပုံကို လေ့လာနေတဲ့ ကျွမ်းကျင်သူတွေက ကလေးတွေရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေဟာ ကိုယ်ဝန်မရှိခင်ကတည်းက စားသုံးနေတဲ့ အစာအာဟာရတွေပေါ်မူတည်တယ်လို့ ဆိုပါတယ်။ အဓိက အချက်ကတော့ Genes တွေ ဘယ်လိုဖေါ်ပြသလဲဆိုတာအပေါ် လွှမ်းမိုးတဲ့ epigenetics ပဲ ဖြစ်ပါတယ်။ Epigenetic traits တွေဟာ မိဘတွေကနေ ကလေးတွေဆီ တိုက်ရိုက်ဆင်းသက်လာပါတယ်။

မိခင်ရဲ့ စားသောက်ပုံက သန္ဓေသားရဲ့ မျိုးရိုးဗီဇအပေါ်ဘယ်လို သက်ရောက်နိုင်လဲ

မိခင်ရဲ့ စားသောက်ပုံဟာ ကလေးမျိုးရိုးဗီဇနဲ့ ဆက်စပ်မှု ရှိပါတယ်။

DNA methylation ဖြစ်စဉ်တစ်ခု ဖြစ်တဲ့ epigenetic process ကို အဓိကထားလေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုရှိပါတယ်။ အဓိက အာဟာရဓါတ်တွေဖြစ်တဲ့ Folate, vitamins B2, B6 နဲ့ B12 တွေဟာ ဒီဖြစ်စဉ်ကို အားပေးပါတယ်။ Genes တွေဟာ methy groups တွေနဲ့ တွဲမိတဲ့အခါမှာ gene silencing ဖြစ်ပြီးတော့ အချို့ genes တွေဟာ ကိုယ်ခန္ဓါအတွင်းမှာ ဖေါ်ပြမှု မရှိတော့ပါဘူး။

အချို့ရေးကြီးတဲ့ အဓိက အာဟာရဓါတ်တွေဟာ နှစ်တစ်နှစ်ရဲ့ အချို့အချိန်တွေမှာသာ ရရှိနိုင်တာကြောင့် အမျိုးသမီးရဲ့ စားသောက်ပုံ ရာသီနဲ့လိုက်ပြီး ပြောင်းလဲခြင်းဟာ ကလေးရဲ့ မျိုးရိုးဗီဇကို ပြောင်းလဲစေတယ်ဆိုတဲ့ အချက်ဟာ ထင်ရာပြောခြင်းလို့ ထင်နိုင်စရာ ရှိပါတယ်။

သုတေသီတွေ Gambian ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို လေ့လာမှုအထဲမှာ နှစ်အုပ်စု ခွဲလိုက်ပါတယ်။ အုပ်စုတစ်စုမှာတော့ မိုးရာသီမှာ ကိုယ်ဝန်ရတဲ့ အမျိုးသမီးတွေ ပါဝင်ပြီး နောက်အုပ်စုမှာတော့ နွေရာသီ မှာ ကိုယ်ဝန်ရတဲ့ အမျိုးသမီးတွေ ပါဝင်ပါတယ်။ ကျွမ်းကျင်သူတွေက အမျိုးသမီးတွေရဲ့ သွေးကို အရေးကြီးတဲ့ အာဟာရဓါတ်တွေ ပါမပါ စစ်ဆေးကြပါတယ်။ ကလေးမွေးအပြီးမှာတော့ နှစ်လကနေ အသက် ရှစ်လ အတွင်း ရှိတဲ့ ကလေးငယ်တွေရဲ့ သွေးနဲ့ hair follicles တွေ ကို စစ်ဆေးကြပါတယ်။ မိုးရာသီမှာ ကိုယ်ဝန်ရတဲ့ ကလေးငယ်တွေဟာ မိခင်ရဲ့ မြင့်မားတဲ့ အာဟာရပမာဏကြောင့် DNA methylation ပမာဏ ပိုမို များပြားတာ တွေ့ရပါတယ်။ သွေးထဲမှာပါတဲ့ Cysteine နဲ့ Homocysteine ပမာဏတွေဟာ ကိုယ်ခန္ဓါ အဆီတိုင်းတာခြင်း တစ်မျိုးဖြစ်တဲ့ BMI နဲ့ အတူ gene ဖော်ပြမှုအပေါ် ကို သက်ရောက်မှုရှိတာ တွေ့ရပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ဘာလုပ်သင့်သလဲ။

လုပ်နေဆဲသုတေသနတွေဟာ methylation machinery ဟာ အာဟာရချို့ယွင်းချက်တွေကြောင့် ပျက်နိုင်ပြီး ဒါဟာ ရောဂါ ဖြစ်စေနိုင်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ Methylation ဖြစ်စဉ်ကို နှောင့်ယှက်ပေးတဲ့အချက်တွေကို ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်မဆောင်ခင် folic acid သုံးစွဲခြင်းဖြင့် သန္ဓေသားရဲ့ မွေးရာပါ ချို့ယွင်းမှုတွေကို ကာကွယ်ဖို့ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ အခုအခါမှာတော့ သုတေသနတွေဟာ အစားအစာမှဖြစ်စေ၊ ဖြည့်စွက်စာမှ ဖြစ်စေ ရရှိနိုင်တဲ့ အာဟာရ လိုအပ်ချက်တွေကို ညွှန်ပြနေကြပြီ ဖြစ်ပါတယ်။

ဒီလေ့လာမှုဟာ အကောင်းဆုံးကိုယ်ဝန်ဆောင်စဉ်မှာ စားသောက်သင့်တဲ့ အစားအစာတွေရဲ့ လျှို့ဝှက်ချက်ကို ဖေါ်ပြထားခြင်း မရှိပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ သူတို့နဲ့ ကလေးတွေရဲ့ ကျန်းမာရေးကို တိုးတက်စေဖို့ လုပ်ဆောင်ရမယ့်အရာတွေတော့ ရှိနေပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ ညီမျှတဲ့ အစားအသောက်တွေ စားခြင်း၊ မကြာခဏ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆရာဝန်ညွှန်ကြားတဲ့ ကိုယ်ဝန်ဆောင် အားတိုးဆေးတွေ သောက်သုံးခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။