backup og meta

ပထမဆုံး ရာသီစက်ဝန်းမတိုင်မီ ကိုယ်ဝန်ဆောင်ရခဲ့ခြင်း

ပထမဆုံး ရာသီစက်ဝန်းမတိုင်မီ ကိုယ်ဝန်ဆောင်ရခဲ့ခြင်း

Menarche ဆိုတာ ပထမဆုံးဓမ္မတာလာတဲ့ အချိန်ကို ရည်ညွှန်းတဲ့ စကားလုံးဖြစ်ပါတယ်။ တကယ်လို့ မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ ပထမဆုံး ဓမ္မတာလာခြင်းကို ရင်ဆိုင်ရပြီဆိုရင် သူမရဲ့ခန္ဓါကိုယ်က အပြည့်အဝမဖွံ့ဖြိုးသေးစေကာမူ သူမဟာ မိခင်တစ်ယောက်ဖြစ်နိုင်နေတာပဲလို့ အဓိပ္ပါယ်ရပါတယ်။ အသက် ၁၀နှစ် သို့မဟုတ် ၁၁နှစ်ကြားမှာရှိတဲ့ မိန်းကလေးအတော်များများဟာ ကိုယ်ဝန်ဆောင်နေရတယ်လို့ စာရင်းရှိတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ ပထမဆုံး ရာသီစက်ဝန်းမတိုင်ခင် တစ်လအတွင်းမှာတည်းက ကိုယ်ဝန်ဆောင်နိုင်နေပါပြီ။

ဒီမေးခွန်းဟာ အမျိုးသမီးတွေရဲ့ မျိုးဥကြွေချိန်ကို နားလည်မှုလွဲကြခြင်းအချို့ကြောင့် မြင့်တက်လာတဲ့ မေးခွန်းပါပဲ။ ကိုယ်ဝန်ဆောင်ခြင်းဟာ အမျိုးသမီးတွေရဲ့မျိုးုဥတွေမှာ သုက်ပိုးတွေကြောင့် မျိုးအောင်သွားတဲ့အခါ ဖြစ်ပေါ်ပါတယ်။ မျိုးဥကြွေခြင်းဟာ ရာသီမလာခင်မှာဘဲ ဖြစ်ပေါ်တာကြောင့် ပထမဆုံးရာသီမလာခင် လိင်ဆက်ဆံမှုရှိခဲ့တယ်ဆို ကိုယ်ဝန်ရနိုင်ပါပြီ။ ဒါ့အပြင် သင်သိထားရမျာ နောက်တစ်ခုကတော့ သုက်ပိုးတွေဟာ အမျိုးသမီးတွေရဲ့ခန္ဓါကိုယ်ထဲမှာ ရက်သတ္တတစ်ပတ်နဲ့အထက် ရှင်သန်နိုင်တယ်ဆိုတာပါပဲ။ အမျိုးသားတွေရဲ့ သုက်ပိုးတွေဟာ သုက်ရည်တွေထဲမှာ အများဆုံးပါဝင်တာကြောင့် စိတ်ဆန္ဒပြည့်မြောက်သွားတဲ့အခါ ထုတ်လွှတ်လိုက်တဲ့ သုက်ရည်တွေထဲမှာ သုက်ပိုး ၅၀၀မီလီယမ်နဲ့အထက်ပါဝင်ပါတယ်။ ပိုပြီးအရေးကြီးတာကတော့ မိန်းမကိုယ်ထဲ သုက်ရည်တိုက်ရိုက်ဝင်သွားမှ ကိုယ်ဝန်ဆောင်နိုင်တာမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ဟာ လက်ချောင်းလေးနဲ့ပဲ သုက်ရည်အနည်းငယ်ကိုယူပြီး မိန်းမကိုယ်ထဲ ထည့်လိုက်မယ်ဆိုရင်လည်းကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဆန္ဒမပြီးမြောက်ခင် စိမ့်ထွက်လာတဲ့အရည်တွေထဲမှာလည်း သုက်ပိုးတွေပါဝင်နေနိုင်ပါတယ်။ တကယ်လို့ ဒီအရည်တွေဟာ မိန်းမကိုယ်အတွင်း သို့မဟုတ် မိန်းမကိုယ်တစ်ဝိုက်မှာရှိနေတယ်ဆိုရင်တောင် သူမမှာ ကိုယ်ဝန်ရနိုင်ချေမြင့်မားနေဆဲပါပဲ။

ဘာကြောင့်လဲဆိုတော့အမျိုးသမီးငယ်အတော်များများဟာ သူတို့ရဲ့ ရာသီစက်ဝန်းအစဟာဘယ်နေ့လဲဆိုတာမသိနိုင်တဲ့အပြင် ရာသီအစမှာတည်းက ရာသီမှန်ခြင်း မမှန်ခြင်းကို မတွက်ချက်ထားနိုင်လို့ပါပဲ။ ဒါကြောင့် ကိုယ်ဝန်မရနိုင်ဖို့ ဘယ်လိုကာကွယ်ရမလဲဆိုတာ သိဖို့လည်း အရေးကြီးလှပါတယ်။ ကိုယ်ဝန်မဆောင်နိုင်ဖို့ တားနိုင်တဲ့နည်းလမ်းတွေအပြင် လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် သားဆက်ခြားနည်းတွေအများကြီးရှိပါတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ဆယ်ကျော်သက်တွေဟာ ကွန်ဒုံးကိုဘယ်လိုအသုံးပြုရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။ အကောင်းဆုံးသားဆက်ခြားနည်းတွေကတော့ ဆက်ဆံချိန်တိုင်းမှာ အသုံးပြုသူတိုင်းအတွက် အထိရောက်ဆုံးကာကွယ်ပေးနိုင်မယ့် ဒီနည်းလမ်းပါပဲ။

ဒီလို လိင်ကိစ္စတွေနဲ့ သားဆက်ခြားနည်းတွေကို မိဘတွေနဲ့ အပြန်အလှန်ဆွေးနွေးနိုင်ဖို့ ခက်ခဲတယ်ဆိုပေမယ့်လည်း အန္တရာယ်ကင်းကင်းနဲ့ လိင်ဆက်ဆံနိုင်မယ့် နည်းလမ်းတွေကို သိကိုသိထားဖို့ကလည်း အရေးကြီးလှပါတယ်။ လိင်ဆက်ဆံခြင်းကို စွဲလမ်းမသွားစေဖို့အတွက် ကလေးတွေ ငယ်ရွယ်စဉ်အချိန်မှာပဲ သူတို့ဟာ လိင်ဆက်ဆံဖို့အသင့်ဖြစ်မဖြစ်ကို မိဘတွေက အမြဲတမ်း သတိပြုမိနေဖို့လည်း လိုပါတယ်။ ငယ်ရွယ်စဉ်အချိန်မှာ ကိုယ်ဝန်မရနိုင်ဖို့ နဲ့ STI ပိုးကူးစက်ခြင်းကို ကာကွယ်နိုင်မယ့် အထိရောက်ဆုံးနည်းလမ်းကတော့ လိင်ဆက်ဆံခြင်း မပြုလုပ်ဖို့ပါပဲ။

နိဂုံးချုပ်အနေနဲ့တော့ အရွယ်မရောက်သေးတဲ့မိန်းကလေးတစ်ယောက်ကလည်း သူတို့ရဲ့ ပထမဆုံးရာသီစက်ဝန်းမတိုင်မှီရက်သတ္တ၂ပတ်အလိုတည်းက ကိုယ်ဝန်ဆောင်နိုင်နေပါပြီ။ ကျွန်တော်တို့သိထားသလိုပဲ အသက်မပြည့်သေးဘဲ ကိုယ်ဝန်ဆောင်ခြင်းဟာ မိခင်ကိုရော၊ ကလေးကိုပါ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ရင်ဆိုင်ရစေပြီး အန္တရာယ်ကြီးလွန်းပါတယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓါကိုယ်ဟာ ကလေးတစ်ယောက်ကို ကာလကြာရှည်သယ်ဆောင်ထားဖို့ အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် လိင်ဆက်ဆံချိန်မှာ ကိုယ်ဝန်မရနိုင်အောင် နဲ့ အခြားသော လိင်မှကူးစက်တတ်တဲ့ရောဂါတွေကို မဖြစ်အောင် မိမိကိုယ်ကို ကာကွယ်နိုင်ဖို့အတွက် မိန်းကလေးတိုင်းကို ငယ်ရွယ်စဉ်တည်းက ပညာပေးထားဖို့လိုအပ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can I get pregnant if I’ve never had my period?. https://teenshealth.org/en/teens/pre-period.html?WT.ac=ctg. Accessed December 23, 2016.

Can I get pregnant if I’ve never had my period. http://m.kidshealth.org/en/teens/pre-period.html. Accessed December 23, 2016.

Menarche – Topic Overview. http://teenhealthfx.com/answers/sexuality-sexual-health.detail.html/46126.html. Accessed December 23, 2016.

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆယ်ကျော်သက်ကိုယ်ဝန်ရစေသော အကြောင်းရင်းများ

ကယ်လ်စီယမ်သည် ကိုယ်ဝန်ဆောင်ချိန်တွင် ဘာကြောင့် အရေးကြီးတာလဲ



Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement