ဖန်ပြွန်သန္ဓေသားနည်းလမ်း မခံယူခင် ဒီအချက်လေးတွေတော့ အရင် စဉ်းစားထားသင့်ပါတယ်။ IVF အကြောင်း အချက်အလက်တွေကို လေ့လာသိရှိအောင်တတ်နိုင်သလောက် ကြိုးစားဖို့က မိဘလောင်းတွေအတွက် အရေးကြီး ပါတယ်။ အကောင်းဆုံး ရလဒ်ရနိုင်ဖို့ ကိုယ့်မှာ ဒီအချက်တွေ ပြည့်စုံနေပြီလား ဆန်းစစ်ပါ။
ဖန်ပြွန်သန္ဓေသားနည်းလမ်း နဲ့ ကလေးမယူခင် သိထားသင့်တဲ့ (၅) ချက်
ဖန်ပြွန်သန္ဓေသားနည်းလမ်း နဲ့ ကလေးမယူခင် သိထားသင့်တဲ့ အချက်လေးတွေကတော့
(၁) လုပ်ငန်းစဉ်ကို လေ့လာပါ
IVF ကို ရွေးချယ်ဖို့ မဆုံးဖြတ်ခင် ဆေးပညာလုပ်ငန်းစဉ်တွေနဲ့ ဘာပြီးရင်ဘာဆက်လုပ်မှာလဲ ဆိုတာတွေ အဆင့်ဆင့်ကို သိအောင် လုပ်ထားပါ။ သိလိုတာရှိရင် ဆရာဝန်ကို သေချာမေးမြန်းပါ။ ဒါမှ စိတ်ကိုရော၊ လူကျန်းမာရေးအတွက်ရော အကောင်းဆုံး ကြိုတင် ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နိုင်မှာပါ။ အောင်မြင်နိုင်တဲ့နှုန်းကတော့ ဆေးခန်း၊ ဆေးရုံ တစ်ခုနဲ့တစ်ခု မတူနိုင်လို့ အောင်မြင်နိုင်ဖို့ အခွင့်အလမ်း ရာခိုင်နှုန်းတွေကို မေးမြန်းဖို့ကို တွန့်နှေးမနေပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။