backup og meta

ဖန်ပြွန်သန္ဓေသားနည်းလမ်း နဲ့ ကလေးမယူခင် သိထားသင့်တဲ့ (၅) ချက်

ကလေးမရသေးတာက သားသမီး မျှော်လင့်နေတဲ့ အိမ်ထောင်ရှင်တွေ အတွက်တော့ အားနည်းချက် တစ်ခုလို ဖြစ်နေရတဲ့ ကိစ္စပါ။ ကလေးယူဖို့ ဆရာဝန်ပြပြီး အကြံပြုချက် ယူတယ်၊ ကြိုးစားတယ် ဆိုပေမယ့် အချိန်ကြာလာပြီး မအောင်မြင်တဲ့အခါ ဖန်ပြွန်သန္ဓေသား(IVF)နည်းလမ်းက အဆင်ပြေနိုင်ပါတယ်။

ဖန်ပြွန်သန္ဓေသားနည်းလမ်း မခံယူခင် ဒီအချက်လေးတွေတော့ အရင် စဉ်းစားထားသင့်ပါတယ်။ IVF အကြောင်း အချက်အလက်တွေကို လေ့လာသိရှိအောင်တတ်နိုင်သလောက် ကြိုးစားဖို့က မိဘလောင်းတွေအတွက် အရေးကြီး ပါတယ်။ အကောင်းဆုံး ရလဒ်ရနိုင်ဖို့ ကိုယ့်မှာ ဒီအချက်တွေ ပြည့်စုံနေပြီလား ဆန်းစစ်ပါ။

ဖန်ပြွန်သန္ဓေသားနည်းလမ်း နဲ့ ကလေးမယူခင် သိထားသင့်တဲ့ (၅) ချက်

ဖန်ပြွန်သန္ဓေသားနည်းလမ်း နဲ့ ကလေးမယူခင် သိထားသင့်တဲ့ အချက်လေးတွေကတော့

(၁) လုပ်ငန်းစဉ်ကို လေ့လာပါ

IVF ကို ရွေးချယ်ဖို့ မဆုံးဖြတ်ခင် ဆေးပညာလုပ်ငန်းစဉ်တွေနဲ့ ဘာပြီးရင်ဘာဆက်လုပ်မှာလဲ ဆိုတာတွေ အဆင့်ဆင့်ကို သိအောင် လုပ်ထားပါ။ သိလိုတာရှိရင် ဆရာဝန်ကို သေချာမေးမြန်းပါ။ ဒါမှ စိတ်ကိုရော၊ လူကျန်းမာရေးအတွက်ရော အကောင်းဆုံး ကြိုတင် ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နိုင်မှာပါ။ အောင်မြင်နိုင်တဲ့နှုန်းကတော့ ဆေးခန်း၊ ဆေးရုံ တစ်ခုနဲ့တစ်ခု မတူနိုင်လို့ အောင်မြင်နိုင်ဖို့ အခွင့်အလမ်း ရာခိုင်နှုန်းတွေကို မေးမြန်းဖို့ကို တွန့်နှေးမနေပါနဲ့။

(၂) တတ်နိုင်သလောက် ကျန်းမာရေးကောင်းအောင်နေပါ

လူကျန်းမာအောင် ဂရုစိုက်တာက ကလေးယူတာ အောင်မြင်ဖို့ အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုပါ။ စိတ်ရောကိုယ်ပါ ကျန်းမာတဲ့ အမျိုးသမီးတွေဟာ IVF သန္ဓေယူဖို့ အောင်မြင်နိုင်ခြေ အမြင့်ဆုံး ဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အဝလွန်နေတဲ့ အမျိုးသမီးတွေမှာတော့ ရလဒ် ပိုကောင်းစေဖို့ ကိုယ်အလေးချိန်ကို အရင် ညှိသင့်ပါတယ်။

(၃) အချိန်က အရေးကြီးတယ်

ဖန်ပြွန်သန္ဓေယူတာက ခန္ဓာကိုယ်မှာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ဖိစီးမှု များပါတယ်။ ဒါ့ကြောင့် ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးနေချိန် ဒါမှမဟုတ် ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုခု ရှိနေချိန်အတွင်း ဖန်ပြွန်သန္ဓေကို မကြိုးစားသင့်သေးပါဘူး။

(၄) အားပေးထောက်ကူမှု ခိုင်မာပါစေ

မိခင်လောင်းအတွက် စိတ်ရောကိုယ်ပါ ကျန်းမာအောင် ကြိုးစားနေချိန် ဘေးကနေ ပံ့ပိုးအားပေးမယ့် မိသားစု၊ သူငယ်ချင်းတွေ ရှိနေတာ အင်အား တစ်ရပ် ပါပဲ။ အနားမလာနိုင်တောင် အဆက်အသွယ် လုပ်ပြီး ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာ အားပေးမယ့် အဖော်ပြုမယ့် သူတွေ ရှိနေပါစေ။

(၅) အကောင်းမြင်စိတ်ထားပါ၊ ဖြစ်လာတဲ့ ရလဒ်ကို လက်ခံနိုင်အောင် ပြင်ဆင်ထားပါ

အသက် ၃၅ နှစ်အောက် အမျိုးသမီးတွေဟာ သဘာဝအတိုင်းရော၊ ဆေးပညာ အကူအညီ နည်းလမ်းတွေနဲ့ပါ ကလေးရနိုင်ခြေ အမြင့်ဆုံး ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီ အသက်ထက် ကျော်သွားရင် ကလေးရနိုင်ခြေက သိသိသာသာ ကျဆင်းသွားပါတယ်။ တခြားအကြောင်းရင်းတွေကြောင့်လည်း သက်ရောက်မှု ရှိနိုင်တာမို့ မဖြစ်မနေ အောင်မြင်မှ ဖြစ်မယ်ဆိုတဲ့ စိတ်ထက် တတ်နိုင်သလောက် ကြိုးစားကြမယ်၊ ရလဒ်ကို လက်ခံပေးမယ်ဆိုတဲ့ စိတ်က ပိုကောင်းပါတယ်။ ဖန်ပြွန်သန္ဓေသား ကြိုးစားရာမှာ အကောင်းမြင်စိတ်ရယ်၊ ယုံကြည်မှုရယ် ရှိနေရင် အောင်မြင်ဖို့ ပိုအဆင်ပြေနိုင်ပါတယ်။ ကျန်တဲ့အပိုင်းက အသက်အရွယ်၊ ကိုယ်အလေးချိန်၊ နေထိုင်စားသောက်မှု အလေ့အကျင့်တွေနဲ့ ဆိုင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/infertility-and-reproduction/guide/in-vitro-fertilization#1

Accessed May 10, 2019.

https://www.usnews.com/news/health-news/articles/2019-05-01/what-couples-considering-ivf-need-to-know

Accessed May 10, 2019.

https://www.medicinenet.com/script/main/art.asp?articlekey=220723&ecd=mnl_preg_050819

Accessed May 10, 2019.

https://www.todaysparent.com/getting-pregnant/trying-to-conceive/ways-to-cope-with-another-negative-pregnancy-test/

Accessed May 10, 2019.

ယခုပုံစံ

14/10/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားဥအိမ် နှစ်ဖက်လုံး ထုတ်ပြီးရင် ကလေးရနိုင်သေးလား

အမျိုးသမီးတို့ရဲ့ အသက်အရွယ် အလိုက် ကလေးရနိုင်ခြေကို တွက်ချက်ခြင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement