backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

39 ပတ်

39 ပတ် မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

39 ပတ် ဆို ၃.၃ ကီလို ၅၀ စင်တီမီတာ ရှိနေပါပြီ။ တစ်ခါတစ်ရံမှာ ကလေးလည်ပင်းကို ချက်ကြိုးက ပတ်နေတတ်ပါတယ်။ ချက်ကြိုးက တင်းလာပြီး ကလေးကို လည်ပင်းအစ်နေရင်တော့ ခွဲမွေးရပါလိမ့်မယ်။ ချက်ကြိုးထုံးတာကတော့ အဖြစ်နည်းပါတယ်။ ၁%လောက်ပဲရှိ ပါတယ်။

39 ပတ်

ကလေးလေးကို အုပ်ထားတဲ့ ဖယောင်းလွှာက ပါးလာပါပြီ။ မေမေတွေဆီက ရောဂါတိုက်ဖျက်ပေးတဲ့ ပဋိပစ္စည်းတွေက ကလေးလေးဆီကို အချင်းကနေတဆင့် ရောက်ရှိနိုင်ပါတယ်။ ဒါက ကလေးလေး ၆လ ကနေ ၁၂လ လောက်ထိကို ကိုယ်ခံအားအတွက် အထောက်အကူပေးပါတယ်။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

သားအိမ်ကျုံ့တာက ပိုအားကောင်းပြီး နာပါနာလာပါပြီ။ ဒါပေမယ့် မွေးဖို့ ကျုံ့တာလောက်တော့ ပုံမှန်မရှိပါဘူး။ ကျုံ့တဲ့ အကြိမ်ရေလည်း မများသေးပါဘူး။

ဒီအပတ်တွေမှာ ရေမြွာအိတ်က အချိန်မရွေးပေါက်နိုင်ပါတယ်။ အရည်တွေက ဆီးသွားသလို ကျနိုင်သလို ပုံမှန်လေး စိမ့်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အများစုကတော့ မီးမဖွားခင်ချိန်အထိ ဒါကိုခံစားရမှာမဟုတ်ပါဘူး။ တချို့ဆို မပေါက်လို့ ဆရာဝန်က ဖောက်ပေးရတာတောင်ရှိပါတယ်။ အရည်တွေလည်းဆင်း၊ သားအိမ်ကျုံ့တာလည်း မှန်လာပြီဆိုရင်တော့ ဆေးရုံသွားလိုက်ပါတော့နော်။

39 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

သတ်မှတ်ရက် ၂ ပတ်လောက် ကျော်နေပြီ ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး မွေးလိုက်သင့်ပါပြီ။ ဗိုက်ထဲမှာ ကြာကြာ နေလို့လည်း ကလေးအတွက် ကောင်းတာ မရှိပါဘူး။

ဆရာဝန်ဆီသွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေ တိုင်ပင်ကြမလဲ

တချို့ သစ်ဥသစ်ဖုတွေက မီးဖွားရ လွယ်အောင် ကူညီပေးနိုင်ပါတယ်တဲ့။ ဒါပေမယ့် ဘယ်လိုဆေးက ဘယ်လို အကျိုးရှိလဲ ဆိုတာ တွေ့ရှိထားတာ မရှိသေးပါဘူး။ ဒီတော့ ဆေးတစ်မျိုးမျိုး စသုံးတော့မယ်ဆို မသုံးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

ဘယ်လို စစ်ဆေးမှုတွေ ထပ်လို ဦးမလဲ ဆက်လေ့လာရအောင်

ကလေးလေးက သားအိမ်ထဲမှာ ဘယ်လို အနေအထားနဲ့ ရှိလဲ ဆိုတာ သိဖို့ ဆရာဝန်က စစ်ဆေးရပါမယ်။ များသောအားဖြင့်တော့ ခေါင်းနဲ့ မွေးတာက ဆုံနဲ့ မွေးတာထက် ပိုလွယ်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင် မိခင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လိုအပ်တာတွေလည်း စစ်ဆေးဦးမှာပါ။

ကျန်းမာ ဘေးကင်းအောင် နေကြမယ်

ကိုယ်ဝန် ရှိချိန်မှာ ကျန်းမာ ဘေးကင်းအောင် ဘာတွေ သိထားရမလဲ

  • အိပ်ရေးပျက်ခြင်း

မေမေ အိပ်ရေးပျက်ရင် ကလေးလေးကို ထိခိုက်နိုင်လား ဆိုတာကို အတိအကျ မသိကြသေးပါဘူး။ ကလေးလေးကတော့ မေမေတို့ နိုးနေရင်တောင် ဗိုက်ထဲမှာ အေးဆေး အိပ်လို့ ရပါတယ်။ အိပ်ရေးပျက်တာကြောင့် အဓိက ထိခိုက်တာက မေေမတို့ရဲ့ ကျန်းမာရေးပါ။

အိပ်ရေး ပျက်တာကြောင့် စိတ်မကြည်တာ၊ ခေါင်းကိုက်တာ၊ အားနည်းတာ အပြင် မတော်တဆ မူးပြီး ချော်လဲတာမျိုးတွေ အထိ ဖြစ်တတ်ပါတယ်။

ဒါကတော့ ဆေးပေါ်မှာပဲ မူတည်ပါတယ်။ ပါရာစီတမောလောက် သောက်တာကတော့ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် တခြားဆေးတွေ သောက်မယ်ဆိုရင်တော့ မသောက်ခင်မှာ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။

နောက်အပတ်ရောက်ရင် ဆက်တွေ့မယ်နော်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“””Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed date 30/03/2015.

Pregnancy calendar week39. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week39.html.
Accessed date 30/03/2015.

Your pregnancy: 39 weeks. http://www.babycenter.com/6_your-pregnancy- 39-weeks_1101.bc. Accessed date 30/03/2015.””

 

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

40 ပတ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hmwe San Eain မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/02/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ