backup og meta

31 ပတ်

31 ပတ်

31 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

31 ပတ် အရွယ် ကလေးလေးက အခွံချွတ်ထားတဲ့ အုန်းသီးလုံးအရွယ် ၁.၅ ကီလို၊ ၄၁.၈ စင်တီမီတာ ရှိနေပါပြီ။

အခုဆို ကလေးလေးက ရေမြွာရည်ထဲကို တစ်နေ့မှာ ရှူးရှုူး ၂၅၀ မီလီလီတာလောက် ပေါက်ထည့်ပါတယ်။ သူက ရေမြွာရည်ကို ပြန်ပြီးလည်း သောက်ပါတယ်။ ရေမြွာရည်က တစ်နေ့ကို အကြိမ်တော်တော်များများ ပြန်လဲပါတယ်။

ရေမြွာရည်တွေများနေရင် ကလေးလေးက မျိုချတဲ့နေရာမှာ ပြဿနာဖြစ်နေလို့ ဒါမှမဟုတ် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ တစ်ခုခု ဖြစ်နေလို့ပါ။

ရေမြွာရည်တွေ နည်းနေတာက ကလေးလေး ဆီးကောင်းကောင်းမသွားတာ၊ ကျောက်ကပ်တွေနဲ့ ဆီးလမ်းကြောင်းမှာ တစ်ခုခုဖြစ်နေလို့ပါ။ အာထရာဆောင်းရိုက်ရင်း ရေမြွာရည်ပမာဏကို စစ်ဆေးလို့ရပါတယ်။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ဒုတိယ ၃ လပတ်တုန်းက သားအိမ်ကျုံ့သလိုမျိုး သားအိမ်တင်းလာသလို ဖြစ်တတ်ပါတယ်။ သူက ပုံမှန်ကျုံ့တာတော့ မဟုတ်ဘူး။ တစ်ကြိမ်ကို စက္ကန့် ၃၀ လောက်ကြာပါတယ်။ ဒီလိုဖြစ်တာက ခဏခဏလည်း မဖြစ်ရဘူး။ နာလည်း မနာရပါဘူး။ မနာပေမယ့် ဆက်တိုက်ကျုံ့ရင် စောမွေးချင်တာ ဖြစ်နိုင်ပါတယ်။

တစ်နာရီကို လေးကြိမ်ထက် ပိုကျုံ့ရင်၊ တခြားစောမွေးမယ့် လက္ခဏာတွေပေါ်ရင် ဆရာဝန် ချက်ချင်းခေါ်ပါ။ ဥပမာ- အရည်ကျဲအချွဲ၊ သွေးရောင် ဖျော့ဖျော့တွေဆင်းတာ၊ ဗိုက်နာတာ၊ ရာသီလာရင် အောင့်သလိုအောင့်တာ၊ ဆီးစပ်ကိုက်တာ၊ ခါးနာတာ အထူးသဖြင့် အရင်ကတစ်ခါမှ မဖြစ်ဖူးဘူးဆိုရင်ပေါ့။

ရင်သားက နို့ရည်အိတ်တွေဟာဆို ပထမဆုံးနို့ဦးရည်အတွက် ပြင်ဆင်နေပါပြီ။ နို့ဦးရည်က မေမေတွေ နို့တိုက်ဖို့ နို့မထွက်ခင် ပထမရက်အနည်းငယ်မှာ ကလေးအတွက် ကယ်လိုရီနဲ့ အာဟာရတွေ ထောက်ပံ့ပေးပါတယ်။ တချို့မေမေတွေမှာ အရည်ကျဲတတ်ပါတယ်။ တစ်ချို့ကျတော့ ပျစ်ပြီး ဝါပါတယ်။ တကယ်လို့ နို့ဦးရည်တွေ ဆိမ့်ထွက်နေမယ်ဆိုရင် ပြန်လျှော်လို့ရတဲ့ ရင်ခံခွက်တွေသုံးပေးလို့ရပါတယ်။

31 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

ကိုယ်ဝန်ဆောင်တဲ့အခါမှာ ခန္ဓာကိုယ်က သွေးတွေ ပိုလိုတော့ နှလုံးက သွေးတွေကို မြန်မြန်ညှစ်ထုတ် ရပါတယ်။ ကလေးလေးဖွံ့ဖြိုးဖို့ သွေးထုထည်တွေများ၊ သွေးလည်ပတ်မှု အပြောင်းအလဲဖြစ်တာတွေကြောင့် ခန္ဓာကိုယ်မှာ လက္ခဏာတချို့ ခံစားရပါတယ်။ ဥပမာ သွေးပြန်ကြောတွေက သွေးပမာဏပိုသယ်ရတော့ ခြေထောက်တွေ ခြေချင်းဝတ်တွေဆို ရောင်တာ၊ သွေးကြောတွေ ဖောင်းတာ ဖြစ်တတ်ပါတယ်။

ဆရာဝန်ဆီ သွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

ဒီနောက်ဆုံး ၃ လပတ်ရဲ့ နောက်ထပ် ပြဿနာတစ်ခုကတော့ အပေါ်မှာ ဗိုက်ကဖိထားတော့ ဆီးအိမ်ကနေ ဆီးတွေ စိမ့်ထွက်တာပါ။ ဒါက ဆီးအိမ်ကို ထိန်းရခက်စေပြီး ချောင်းဆိုးတာ၊ ရယ်တာ၊ နှာချေတာ၊ အလေးအပင်တွေတာတွေဆို ဆီးတွေ ထွက်လာတတ်ပါတယ်။ ရေမြွာရည်တွေလား၊ ဆီးတွေလား နမ်းကြည့်မှသိမှာပါ။ ဆီးနံ့မဟုတ်ဘူးဆိုရင်တော့ ရေမြွာအိတ်ပေါက်တာ ဖြစ်နိုင်ပါတယ်။

ဘယ်လိုစစ်ဆေးမှုတွေထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

ခုကစပြီး ဆရာဝန်ဆီ မှန်မှန်သွားရတော့မယ်နော်။ ပထမ ၂ပတ်တစ်ကြိမ် သွားရာကနေ နောက်ပိုင်း ၁ပတ်တစ်ကြိမ်နဲ့ မွေးတဲ့အထိသွားရမှာပါ။ ဆရာဝန်က ကလေးလှုပ်တဲ့ပုံစံကို မေးပါလိမ့်မယ်။ ဘယ်ချိန်လှုပ်ပြီး ဘယ်ချိန်မလှုပ်ဘူးလဲဆိုတာရောပါ။ သားအိမ်အရွယ်အစားလည်း အရင်ကလို ဆက်စစ်ရဦးမယ်နော်။

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

ပုံမှန်ကတော့ ကိုယ်ဝန်ဆောင်ချိန် လမ်းများများလျှောက်တာ ဘာမှမဖြစ်ပါဘူး။ လရင့်လေလေ အလေးချိန်များလာလို့ လျှောက်ရခက်လာလေလေ ဆိုပေမယ့် ကလေးကိုတော့ ဘာမှမဖြစ်စေပါဘူး။

လမ်းလျှောက်တာက ပြဿနာမဟုတ်ပေမယ့် ဒီအချိန်မှာ ပြေးတာမျိုးတော့ မလုပ်သင့်ပါဘူး။ တန်ဆေး လွန်ဘေးပါ။ အထူးသဖြင့် အချင်းအရှေ့ရောက်နေရင်၊ကိုယ်ဝန်ဆောင်သွေးတိုးရှိနေရင်၊ လမစေ့ဘဲ မွေးနိုင်ခြေများရင်မပြေးသင့်ပါဘူး။

၃၂ ပတ်မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။

ရေးသားသူ- Hmwe San Eain

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumpkin: How big is your baby?
http://www.babycenter.com/slideshow-baby- size. Accessed March 30, 2015.

Pregnancy calendar week31. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week31.html.
Accessed March 30, 2015.

Your pregnancy: 31 weeks. http://www.babycenter.com/6_your-pregnancy- 31-weeks_1120.bc. Accessed March 30, 2015.

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

32 ပတ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hmwe San Eain မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement