backup og meta

ကိုယ်ဝန်ဆောင်မေမေ ခရမ်းသီး စားလို့ရလား

ကိုယ်ဝန်ဆောင်မေမေ ခရမ်းသီး စားလို့ရလား

ကိုယ်ဝန်ရှိပြီဆိုတဲ့ မေမေတိုင်း သူတို့ရဲ့ အချိန်တွေကို ဘာကိုတော့ စားလို့ ရတယ်။ ဘာကိုတော့ စားလို့ မရဘူး ကလေးထိခိုက်မှာစိုးလို့ဆိုပြီး မှတ်ရတာ၊ လူကြီးသူမတွေရဲ့ စကားတွေကို နားထောင်ရင်း ကုန်ဆုံးကြတာ များပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်နေချိန်မှာ အယ်လ်ကိုဟော ပါတာတွေ မသောက်ရဘူး။ ပြဒါးများတဲ့ ငါးနဲ့ ပင်လယ်စာတွေ မစားရဘူး။ သေချာကျက်အောင် မချက်ထားတဲ့ အသားတွေ မစားဘူး စသဖြင့်ပေါ့။ ဒီလို မစားရတဲ့အထဲမှာ ဘာတွေပါသေးလဲ။ ခရမ်းသီး ကိုရော ကိုယ်ဝန်ဆောင်ချိန်မှာ စားလို့ရလားဆိုပြီး သိချင်နေတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

ခရမ်းသီး ဆိုတာ

ခရမ်းသီး ဆိုတာက ခရမ်းရောင်ရှိတဲ့ အသီးတစ်မျိုးပါ။ အခွံက ခရမ်းရောင် ရှိပြီး အတွင်းသားက အဖြူရောင် ခပ်ပွပွလေးပါ။ အူတိုင်မှာ အစေ့လေးတွေပါပါတယ်။ ရှည်မြောမြောလေးတွေ ရှိသလို ပုလုံးလုံးလေးတွေလည်း ရှိပါတယ်။

ခရမ်းသီးမှာ ဘာတွေပါ

ခရမ်းသီးမှာ

  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်း
  • ဗီတာမင်တွေ
  • သတ္တုဓာတ်တွေ များစွာပါဝင်နေပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ခရမ်းသီး စားလို့ရလား

ကိုယ်ဝန်ဆောင်မေမေ ခရမ်းသီး စားလို့ရလား ဆိုတော့ စားလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းသီးစားတာက ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ခရမ်းသီးက ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ ကျန်းမာစေဖို့ရော ဗိုက်ထဲက ဘေဘီလေး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အကြောင်းကတော့ ခရမ်းသီးမှာ ဗိုက်ထဲက ဘေဘီလေး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် E ပါဝင်တာကြောင့်ပါ။ ရင်သွေးလေးရဲ့ သွေးနီဥဆဲလ်တွေ တိုးပွားစေဖို့ ထောက်ကူပေးပါတယ်။

ကိုယ်ဝန်ဆောင် မေမေ ခရမ်းသီး စားတဲ့အခါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းသီး စားတာက
  • ကိုယ်ခံအား ကောင်းစေတယ်

ခရမ်းသီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကို ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးပြီး ကလေးကိုလည်း ကျန်းမာစေနိုင်ပါတယ်။

  • သွေးတိုးကျစေနိုင်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သွေးတိုးတာကို သက်သာစေဖို့ဆိုရင် ခရမ်းသီး စားပေးလို့ ရပါတယ်။ အကြောင်းကတော့ ခရမ်းသီးမှာ သီရာမင်း၊ ဘိုင်အိုဖလေဗာနွိုက်၊ ရီဗိုဖလာဗင်တို့ ပါဝင်နေတာကြောင့် သွေးပေါင်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

  • ကလေးကို ဖွံ့ဖြိုးစေတယ်

ခရမ်းသီးမှာ ဗီတာမင် A၊ ဗီတာမင် E၊ ဗီတာမင် B အုပ်စုတွေ နဲ့ နီကာဆင်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဗိုက်ထဲက ရင်သွေးလေးကို ကြီးထွားစေဖို့ ထောက်ကူပေးပါတယ်။

  • သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးနိုင်တယ်

ခရမ်းသီးမှာ သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး အကျိုးပြုတဲ့ ကိုလက်စထရောတွေကို မြှင့်တင်ပေးနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးနိုင်တာကြောင့် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ နှလုံးသွေးကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • အစာခြေစနစ် ကျန်းမာစေတယ်

ခရမ်းသီးမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အူတွေကို လှုပ်ရှားမှု ကောင်းစေပြီး ကိုယ်ဝန်ဆောင် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • သွေးနီဥဆဲလ် တိုးစေနိုင်တယ်

သွေးနီဥဆဲလ်တွေက သန္ဓေသားလေး ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အာရုံကြောဆဲလ်တွေ၊ ဦးနှောက်ဆဲလ်တွေ၊ ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မိခင်ရော ကလေးအတွက်ပါ လုံလောက်တဲ့ သံဓာတ်ကို ဖြည့်ပေးနိုင်ပါတယ်။

  • ကိုယ်တွင်းဓာတ်ဆားဓာတ်ကို ထိန်းညှိပေးတယ်
ခရမ်းသီးမှာ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ ကယ်လ်ဆီယမ်၊ ဖော့စဖရပ်၊ ဇင့်၊ မဂ္ဂနိ့တို့ ပါဝင်နေတာကြောင့် မေမေရော ဘေဘီလေးရဲ့ ကိုယ်တွင်းက ဓာတ်ဆားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင် ဆီးချို သက်သာစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်ဆီးချိုက အဖြစ်များပါတယ်။ ခရမ်းသီးက အမျှင်ဓာတ် ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပြီး ကိုယ်ဝန်ဆောင်ဆီးချိုကို ကာကွယ်ချင်တယ်ဆိုရင် ခရမ်းသီး စားပေးပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Eggplants during pregnancy: are they safe? https://www.theprenatalnutritionist.com/eggplantsduringpregnancy/ Accessed Date 18 November 2022

Can You Eat Eggplant While Pregnant? https://www.thelist.com/924053/can-you-eat-eggplant-while-pregnant/ Accessed Date 18 November 2022

Should You Avoid Eggplant (Brinjal) During Pregnancy? https://www.momjunction.com/articles/eggplant-during-pregnancy_00392694/ Accessed Date 18 November 2022

Is It Safe to Consume Eggplant While Pregnant? https://parenting.firstcry.com/articles/eating-brinjal-eggplant-during-pregnancy-health-benefits-and-side-effects/ Accessed Date 18 November 2022

Can Pregnant Women Eat Eggplant? Safety and Benefits https://www.pregnancyfoodchecker.com/can-pregnant-women-eat-eggplant-safety-benefits/ Accessed Date 18 November 2022

ယခုပုံစံ

28/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ ဂေါ်ရခါးသီး စားလို့ရလား

ကိုယ်ဝန်ဆောင်မေမေ သင်္ဘောသီး စားလို့ရလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement