backup og meta

ကိုယ်ဝန်ဆောင်စဉ် လိုက်နာသင့်တဲ့ အရေးကြီးတဲ့ health tips

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ် လိုက်နာသင့်တဲ့ အရေးကြီးတဲ့ health tips

    ကိုယ်ဝန်ဆောင်တယ်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ… စိတ်လှုပ်ရှား ရင်ခုန်ဖို့ကောင်းတဲ့ အခိုက်အတန့် တစ်ခုဖြစ်သလို…. သင်နဲ့ မွေးဖွားလာမယ့် သင့်ကလေးရဲ့ စိတ်နဲ့ ခန္ဓာကောင်းမွန်စွာနဲ့ အန္တရာယ်ကင်းကင်း ကြီးထွားဖွံ့ဖြိုးလာစေဖို့ အရေးကြီးတဲ့ ကာလလည်းဖြစ်ပါတယ်…။ သင့်ရဲ့ကောင်းမွန်တဲ့ နေထိုင်လှုပ်ရှားမှု… life style နဲ့ ပြင်ဆင်မှုတွေဟာ သင်နဲ့ သင့်ကလေးကို အများကြီး အကျိုး အဓိပ္ပာယ် သက်ရောက်မှာဖြစ်ပါတယ်…။ ကိုယ်ဝန်ဆောင်စဉ် လိုက်နာသင့်တဲ့ အရေးကြီးတဲ့ health tips တွေကတော့… အောက်ပါအတိုင်းဖြစ်ပါတယ်….။

    ကိုယ်ဝန်ဆောင်စဉ် လိုက်နာသင့်တဲ့ အရေးကြီးတဲ့ health tips

    ကိုယ်ဝန်ဆောင်စဉ် လိုက်နာသင့်တဲ့ အရေးကြီးတဲ့ health tips တွေကတော့

    (၁) ကိုယ်ဝန်ရှိတယ်လို့ သိတာနဲ့ ကျွမ်းကျင်သူထံမှာ ကိုယ်ဝန်အပ်ပါ။

    မြန်မာလူမျိုး တချို့က လွဲမှားစွာ ယူဆနေကြတာ တစ်ခုရှိပါတယ်..။ ကလေးလှုပ်မှ….ဒါမှမဟုတ် ကိုယ်ဝန် လေးငါးလကျော်မှ ကိုယ်ဝန်အပ်သင့်တယ်လို့ အကြံပေးတတ်ကြတာပါပဲ..။ လက်တွေ့မှာတော့ လုံးဝကို မှားယွင်းပြီး အန္တရာယ်ကြီးတဲ့ အယူအဆပါ..။ တကယ်တော့ ကိုယ်ဝန်ဟာ စောစောအပ်နိုင်လေ..အကျိုးရှိလေပါပဲ..။

    (၂) ဘာတွေစားသင့်ပြီး ဘာတွေကို ရှောင်သင့်သလဲ

    ယျေဘုယျအားဖြင့်ဆိုရရင် အစားအသောက်တော်တော်များများကို…. ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ်ကင်းကင်း စားလို့ရပါတယ်..။ သန့်သန့်ရှင်းရှင်းနဲ့ သေသေချာချာ ချက်ပြုတ်ထားဖို့သာ လိုတာပါ..။

    ဒါပေမယ့် ရှောင်ကြဉ်သင့်တဲ့ အစားအစာ တစ်ချို့ ရှိပါတယ်..။ သေသေချာချာ ကျိုချက်မထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ… သေချာ ချက်ပြုတ်မထားရသေးတဲ့ အသားငါးတွေ… တူနာငါး….နဲ့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ..လက်ဖက်ရည်… လက်ဖက်… ချောကလက်…. ခွန်အားဖြည့်အချိုရည်တွေကိုတော့ သတိထားရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်..။

    အရက်ဟာ ပမာဏနည်းနည်းလေးဆိုရင်တောင် သင်နဲ့ သင့်ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေတတ်တာမို့လို့…. အရက် ဘီယာ ဝိုင် အပါအဝင် အယ်လ်ကိုဟောလ်ပါဝင်တဲ့အရာမှန်သမျှ ရှောင်ကြဉ်ရမှာပါ..။

    (၃) ဆေးလိပ်ငွေ့ကို ရှောင်ကြဉ်ပါ။

    တချို့ကိုယ်ဝန်ဆောင် မိခင်တွေဟာ… ကိုယ်တိုင်ဆေးလိပ်မသောက်သော်ငြား တခြားသူထံက ဆေးလိပ်ငွေ့ကို အန္တရာယ်ကြီးမှန်းသတိမပြုမိဘဲ ရှူရှိုက်မိတတ်ကြပါတယ်…။ တကယ်တော့ ဆေးလိပ်မှာ နီကိုတင်း…ကတ္တရာ အပါအဝင် တခြားအဆိပ်ဓါတ်တွေအများကြီးပါဝင်နေတာမို့ သတိပြုရှောင်ကြဉ်ရမှာပါ..။

    (၄) ဘာဆေးသောက်သောက် သတိထားပါ။

    သင်သောက်တဲ့ ဆေးတွေကို အရင်ကထက်ပို ဂရုစိုက်ပေးဖို့ လိုအပ်လာပါပြီ..။ အကိုက်အခဲပျောက်ဆေးတွေ… အဖျားကျဆေးနဲ့ ပိုးသတ်ဆေး အပါအဝင် ဆေးတော်တော်များများကို မသောက်ခင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်..။ တချို့ဆေးတွေဟာ မွေးရာပါ ချို့ယွင်းချက်နဲ့ ကလေးတွေ မွေးဖွားစေနိုင်ပါတယ်..။ ကိုယ်ဝန်သုံးလနဲ့ အောက်မှာ အထူးသတိပြုသင့်ပါတယ်..။

    (၅) ကိုယ်ဝန်ဆောင်အားဆေးသောက်ပါ။

    သင့်မှာ ကိုယ်ဝန် ယူဖို့ စိတ်ကူးရှိတယ်ဆိုရင် ကိုယ်ဝန် မရခင်ကတည်းက folic acid ကို တနေ့တလုံး ပုံမှန်သောက်သင့်ပါတယ်..။ ကိုယ်ဝန်ပထမသုံးလမှာလည်း ဆက်သောက်သင့်ပါတယ်..။ Folic acid ဟာ သင့်ကလေးရဲ့ ဦးနှောက်နဲ့ ကျောရိုးအာရုံကျောမ ဖွံ့ဖြိုးမှူအတွက် ရေးပါပါတယ်…။ ဒါ့ပြင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အခြားကိုယ်ဝန်ဆောင် အားဆေး တမျိုးမျိုးကို နေ့စဉ်သောက်သင့်ပါတယ်..။

    (၆) ဘယ်အချိန်အထိ အလုပ်လုပ်လို့ရသလဲ။

    တကယ်တော့ သင့်ရဲ့ အလုပ်သဘာဝက သင်ဘယ်အချိန်အထိ အလုပ်လုပ်လို့ ရတယ်ဆိုတဲ့ အပေါ် အများကြီးသက်ရောက်ပါတယ်..။ ဓာတ်ရောင်ခြည်နဲ့ ထိတွေ့ရတဲ့ အလုပ်… ကြေးနီ ပြဒါးတွေနဲ့ ထိတွေ့ရတဲ့ အလုပ်မျိုးဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ နားသင့်ပါတယ်။

    စားပွဲပေါ်မှာ သက်သောာင့်သက်သာ လုပ်ရတဲ့အလုပ်မျိုးဆိုရင်တော့ ကိုယ်ဝန် နှောင်းပိုင်းအထိ လုပ်လို့ရပါတယ်.။ ဒါပေမယ့် သင့်ကိုယ်ဝန်ဟာ သွေးဆင်းတာလို ပြသနာ တစ်မျိုးမျိုးရှိထားတဲ့ ကိုယ်ဝန် ဆိုရင်တော့ နားနားနေနေ နေသင့်ပါတယ်…။

    (၇) ကိုယ်ဝန်ဆောင်ချိန် လိင်ကိစ္စကို မဖြစ်မနေ ရှောင်ကြဉ်ရမှာလား။

    မဟုတ်ပါဘူး.။ သင့် ကိုယ်ဝန်ဟာ သွေးဆင်းတာ.. အချင်းရှေ့ရောက်တာ…စတဲ့ ပြသနာတခုခု ဘာမှမရှိတဲ့ ကိုယ်ဝန် ဆိုရင် လိင်ဆက်ဆံမှုကို မဖြစ်မနေ ရှောင်စရာမလိုပါဘူး…။

    ဒါပေမယ့် မွေးခါနီး အရမ်းလရင့်လာတဲ့ အချိန်မျိုးဆိုရင်တော့ သတိထားသင့်ပါတယ်..။ ဘေးတိုက်ဆက်ဆံတာ.. အမျိုးသမီးအပေါ်ကနေတာ… စတဲ့ပုံစံတွေက ပိုအန္တရာယ်ကင်းစေပါတယ်..။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Seinn Moe Satt မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement