backup og meta

စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေနဲ့ ထိတွေ့ခြင်းဟာ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေသလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေနဲ့ ထိတွေ့ခြင်းဟာ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေသလား

    စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေနဲ့ ထိတွေ့ခြင်းဟာ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး မူမမှန်တဲ့ အပြောင်းအလဲတွေကို ဖြစ်လာစေပါတယ်။

    သန္ဓေသားနဲ့ ပိုးသတ်ဆေးထိတွေ့ခြင်း

    စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတွေနဲ့ ထိတွေ့မှုများတဲ့ သန္ဓေသားလေးတွေဟာ ဦးနှောက်ရဲ့ cortex လို့ခေါ်တဲ့ အစိတ်အပိုင်းမှာ မူမမှန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ဦးနှောက်ရဲ့ အပြင်ဖက်အခြမ်းဖြစ်တဲ့ cortex ဟာ ဉာဏ်ရည်ဉာဏ်သွေး၊ကိုယ်ရည်ကိုယ်သွေး၊ကြွက်သားလှုပ်ရှားမှုနဲ့ တခြားသော လုပ်ငန်းတာဝန်အမျိုးမျိုးကို ထိန်းချုပ်လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

    organophosphates လို့ လည်းခေါ်တဲ့ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေကို ယာခင်းထဲမှာ အဓိကအသုံးပြုတာဖြစ်ပေမယ့် တချို့ပိုးသတ်ဆေးတွကို အိမ်ကဥယျာဉ်ထဲ၊ခြံထဲမှာလည်း အသုံးပြုလေ့ရှိကြပါတယ်။

    ဒီပိုးသတ်ဆေးတွေဟာ အင်းဆက်ပိုးမွှားတွေနဲ့ လူတွေမှာ အာရုံကြောတွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့လိုအပ်တဲ့ အင်ဇိုင်းမ်တမျိုးကို ပိတ်ဆို့ခြင်းအားဖြင့် အာနိသင်ပြပါတယ်။ ဒါကြောင့် သူတို့ဟာ အာရုံကြောဆဲလ်တွေကို ထိခိုက်မှုရှိစေပြီး ဦးနှောက်ဆဲလ်တွေ ပုံမှန်အလုပ်လုပ်တာကိုလည်း နှောင့်ယှက်ပါတယ်။

    ပိုးသတ်ဆေးတွေဟာ ကလေးတွေအတွက် အရမ်းအန္တရာယ်များတဲ့အတွက် စိုက်ပျိုးရေးသုံးမဟုတ်ဘဲ အိမ်သုံးအဖြစ် အသုံးပြုခြင်းကို ပိတ်ပင်တားဆီးထားပါတယ်။ ပိုးသတ်ဆေးတွေရဲ့ အဆိပ်သင့်နိုင်စွမ်းဟာ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးဆဲဦးနှောက်ကို အပြင်းအထန် ထိခိုက်စေနိုင်ပါတယ်။

    ဒီလိုမျိုး ပိုးသတ်ဆေးတွေနဲ့ ထိတွေ့ပြီး ဦးနှောက်ဖွဲ့စည်းပုံ မမှန်မကန်နဲ့ မွေးလာတဲ့ကလေးတွေကို အစားအသောက်ကောင်းကောင်းကျွေး၊ပညာတွေကောင်းကောင်းသင်ပေးလို့လည်း ဘာမှ အကျိုးထူးလာတော့မှာ မဟုတ်ပါဖူး။

    ပိုးသတ်ဆေးအဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေက ပျို့အန်မအီမသာဖြစ်ခြင်း၊မူးဝေခြင်း၊စိတ်ရှုပ်ထွေးခြင်း၊အသက်ရှုကြွက်သားတွေအလုပ်မလုပ်ခြင်းတွေ ဖြစ်ပေါ်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

    Chlorpyrifos ဟာ organophosphate ပိုးသတ်ဆေးတမျိုးဖြစ်ပြီး ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းကို ပြင်းထန်စွာ အဆိပ်သင့်စေ၊ပျက်စီးစေပါတယ်။ မိခင်ရဲ့ ဝမ်းဗိုက်ထဲ သန္ဓေသားဘဝမှာ Chlorpyrifos နဲ့ ထိတွေ့ခြင်းကြောင့် ကာလတိုမှတ်ဉာဏ်ထိခိုက်တာဟာ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုဆိုးစေတာကို လေ့လာချက် အသစ်တခုအရ သိရှိရပါတယ်။ ဒါ့ကြောင့် ယောက်ျားလေးတွေဟာ ပိုးသတ်ဆေးအဆိပ်သင့်မှုဒါဏ်ကို မိန်းကလေးတွေလောက် ခံနိုင်ရည်မရှိတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

    ကိုယ်ဝန်ဆောင်စဉ်ကာလ ပိုးသတ်ဆေး အန္တရာယ်

    မိခင်ရဲ့ ဗိုက်ထဲရှိနေစဉ်ကာလမှာ ပိုးသတ်ဆေးတွေနဲ့ ထိတွေ့မှုရှိတာဟာ ကလေးရဲ့ ဦးနှောက်ကို ထိခိုက်စေတဲ့အတွက် ဉာဏ်ရည်ကိုပါ နိမ့်ပါးစေပါတယ်။ အသက်ခုနှစ် နှစ်အရွယ်မှာ အိုင်ကျူ(IQ)လို့ ခေါ်တဲ့ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးခြင်းဟာ သန္ဓေသားဘဝက ပိုးသတ်ဆေးတွေ ထိတွေ့တာနဲ့ ဆက်စပ်မှုရှိတာကို လေ့လာချက်အားလုံးက ညွှန်ပြနေပါတယ်။ ဒီနေရာမှာ သိထားရမှာက ဆက်စပ်တယ်လို့ သုံးထားတဲ့ အသုံးအနှုန်းကို ဖြစ်ပါတယ်။

    ပိုးသတ်ဆေး ထိတွေ့မှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးထိခိုက်တာဟာ ဆက်စပ်မှုရှိတာသာ ဖြစ်ပြီး တိုက်ရိုက် ဖြစ်စေတဲ့ အကြောင်းအရင်းတော့ မဟုတ်ပါဖူး။ ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးထားတဲ့ အစားအစာတွေကို စားသုံးမိတာဟာလည်း သန္ဓေသားနဲ့ ပိုးသတ်ဆေးတွေကို ထိတွေ့စေတဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။

    မိခင်ဗိုက်အပြင်ကို ထွက်လာပြီးတဲ့ အခါမှာတော့ ပိုးသတ်ဆေးထိတွေ့မှုနဲ့ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးတို့ အကြားမှာ ဆက်စပ်မှု မရှိတော့ပါဖူး။ ဆိုလိုချင်တာကတော့ သန္ဓေသားဘဝမှာ ပိုးသတ်ဆေးနဲ့ ထိတွေ့ခြင်းဟာ ကလေးဘဝမှာ ထိတွေ့တာထက် အများကြီးပိုပြီး အန္တရာယ်ကြီးတယ်ဆိုတာပါပဲ။

    အစားအစာကတဆင့်သာမက အိမ်မှာ၊ကျောင်းမှာနဲ့ အခြားအဆောက်အဦးတွေကနေတဆင့်လည်း ပိုးသတ်ဆေးတွေကို ထိတွေ့စေနိုင်ပါတယ်။ လယ်ယာလုပ်သူတွေ၊ဥယျာဉ်စိုက်ပျိုးသူတွေနဲ့ ပန်းအလှပြင်သူ၊ပန်းစိုက်သူတွေဟာ အခြားသူတွေထက် ပိုးသတ်ဆေးနဲ့ ထိတွေ့နိုင်ချေ ပိုပြီးများပါတယ်။

    အိမ်နဲ့ ပန်းခြံထဲက ပိုးမွှားတွေကို ပိုးသတ်ဆေးအပြင်းစားတွေ သုံးစရာမလိုဘဲ ထိန်းချုပ်နိုင်တဲ့အတွက် အဆိုပါ ပိုးသတ်ဆေးတွေကို အိမ်မှာ အသုံးမပြုရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အကြံပြုချက်

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာလယ်ယာစိုက်ပျိုးတာနဲ့ ပတ်သက်တဲ့ အလုပ်တွေကို မလုပ်သင့်ပါဖူး။ အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေကို စားသုံးတဲ့အခါမှာလည်း မစားခင် ရေအသေအချာဆေးပြီးမှ စားပါ။

    အော်ဂဲနစ်အစားအစာတွေကို စားရင်တော့ အကောင်းဆုံးဖြစ်ပေမယ့် ဒီအစားအစာတွေဟာ ဈေးအရမ်းကြီးပြီး သာမန်လူတန်းစားတွေ လက်လှမ်းမမှီနိုင်တဲ့အတွက် လက်တွေ့မှာ ထင်သလောက်တော့ မလွယ်ပါဖူး။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement