backup og meta

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ဒေါက်မြင့်ဖိနပ်တွေဟာ တကယ်ပဲ ဆိုးရွားသလား။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ဒေါက်မြင့်ဖိနပ်တွေဟာ တကယ်ပဲ ဆိုးရွားသလား။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ဒေါက်မြင့်ဖိနပ် (High heels)တွေဟာ တကယ်ပဲ ဒီလောက်ဆိုးရွားသလား။

ဒေါက်မြင့်ဖိနပ်တွေဟာ မိန်းကလေးတွေရဲ့ အကောင်းဆုံးသူငယ်ချင်းတွေပါ။ 72%နဲ့အထက်သော အမျိုးသမီးတွေဟာ အချိန်တိုင်းလိုလို ဒေါက်မြင့်ဖိနပ်ကိုစီးတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာဒေါက်မြင့်ဖိနပ်စီးတာကတော့ ဒီအကြောင်းအရာတွေနဲ့ မတူတော့ပါဘူး။ အချို့ကတော့ ကိုယ်ဝန်ဆောင်တဲ့အချိန် ဒေါက်မြင့်စီးတာမကောင်းဘူးလို့ပြောကြပေမယ့် အချို့ကတော့ ဘာမှမဖြစ်ပါဘူး စီးလို့ရပါတယ်လို့ ဆိုကြပါတယ်။ ဒါဆိုရင် ဒီဒေါက်မြင့်ဖိနပ်တွေဟာ တကယ်ပဲ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် တကယ်ပဲ မကောင်းဘူးလား။

ဒေါက်မြင့်ဖိနပ်တွေက သင့်ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှုပေးသလဲ။

လူအများစုကတော့ ဒေါက်မြင့်စီးလိုက်တာနဲ့ ကိုယ်နေဟန်ထားတွေ ပြောင်းလဲသွားတာကို သတိပြုမိကြပါတယ်။ ဒါဟာ ဖိအားသက်ရောက်တဲ့နေရာပြောင်းလဲသွားတာကြောင့်ဖြစ်ရတာပါ။ သင့်ရဲ့ခန္ဓာကိုယ်အလေးချိန်ဟာ ခြေဖဝါးတစ်ခုလုံးကနေပြီး ခြေဖနောင့်ဆီရောက်သွားပါတယ်။ ဒီပြောင်းလဲမှုကို ညီမျှစေဖို့ ခန္ဓာကိုယ်တစ်ခုလုံးက လိုက်ပြောင်းပေးရပါတယ်။ ဒေါက်မြင့်တွေဟာ ခန္ဓာကိုယ်အောက်ပိုင်းကို ရှေ့ကိုတွန်းပြီး ခါးနဲ့တင်ပါးကိုတော့ နောက်ကိုတွန်းပါတယ်။ ခြေထောက်ကြွက်သားတွေ ပိုတင်းလာပါလိမ့်မယ်။ အထူးသဖြင့် သင့်ရဲ့ ခြေသလုံးကြွက်သားတွေပေါ့။ ဒေါက်မြင့်ဖိနပ်တွေကို ကြိမ်ဖန်များစွာ စီးခြင်းဟာ ခြေသလုံးကြွက်သားတွေကို သေးသွားစေပြီး ကြွက်သားကြောတွေကို ထူလာစေတာကြောင့် ခြေသလုံးနာကျင်ခြင်းနဲ့ ကြွက်တက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

ဒေါက်မြင့်ဖိနပ်မကြာခဏစီးခြင်းကရလာတဲ့ ကျောရိုးalignmentလွဲချော်မှုဟာ နောက်ကျောနာကျင်မှုတွေကိုဖြစ်စေပြီး ပိုပြီးပြင်းထန်တဲ့ကိစ္စရပ်တွေမှာ ကျောရိုးတစ်ခုနဲ့ တစ်ခုထပ်သွား၊ ချော်သွားတာမျိုးဖြစ်စေတတ်ပါတယ်။ ဒီအဖြစ်ဟာ Foraminal stenosis(အရိုးချပ်တွေကြားကနေရာလွတ်တွေ ကျဉ်းသွားခြင်း) ဖြစ်စေနိုင်ပြီး ဒီအခြေအနေမှာ နောက်ကျောအောက်ပိုင်းက ကျောရိုးမထဲမှာရှိတဲ့အာရုံကြောတွေဟာ ကျောရိုးတွေကြားမှာညှပ်သွားတတ်ပါတယ်။

ဒေါက်မြင့်ဖိနပ်တွေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် တကယ်ပဲဆိုးသလား။

ဒေါက်မြင့်တွေဟာ ယေဘုယျအားဖြင့်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်မသင့်လျော်ပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ် ဒေါက်မြင့်စီးတာဟာ နောက်ကျောနာကျင်ခြင်းနဲ့ ခြေထောက်နာကျင်ခြင်းတွေကို ပိုလို့တောင်ဆိုးစေပါတယ်။ ပုံမှန်အခြေအနေတွေမှာတောင် ဒေါက်မြင့်တွေက သင့်ရဲ့ကျောရိုးမနဲ့ ကိုယ်နေဟန်ထားကို ပြောင်းလဲပေးခဲ့ပြီးပါပြီ။

သင့်ရဲ့ကိုယ်ဝန်ဆောင်ကာလ ပထမ၃လမှာတော့ ဒေါက်မြင့်တွေဟာ ကိုယ်ဝန်ကို ထိခိုက်စေနိုင်မှာမဟုတ်ပါဘူး။ မတော်တဆချော်လဲနိုင်တာကိုတော့ သတိထားပေးပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလကြာလာလေ၊ ကလေးရဲ့အလေးချိန်ပိုတိုးလာလေဖြစ်ပြီး balance ဖြစ်ဖို့ (ညီမျှဖို့)အတွက် ပိုပြီးအားစိုက်ထုတ်ရပါလိမ့်မယ်။

ဒုတိယ၃လမှာ ခန္ဓာကိုယ်က သင့်ရဲ့ အရိုးတွယ်ဆက်တစ်သျှူးတွေကို လျော့နည်းစေတဲ့ဟော်မုန်းတွေကိုထုတ်ပေးပါလိမ့်မယ်။ ဒါမှသာ သင့်ကလေးငယ်ဟာ ဆီးစပ်ကိုဖြတ်ဖို့ပိုပြီးလွယ်ကူမှာပါ။ ဒါပေမယ့် ဒါကဘာကိုရည်ညွှန်းနေသေးသလဲဆိုရင် သင့်ရဲ့ ဆီးစပ်၊ ခါးနဲ့ နောက်ကျောအဆစ်တွေဟာ ပိုပြီးတော့ misalignment ဖြစ်နိုင်ချေရှိတာကို ပြပါတယ်။

အဆစ်တွေပေါ်မှာ ဖိအားအပိုပေးတာဟာ နောက်ကျောအောက်ပိုင်းတွေကိုနာကျင်စေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလတွေမှာ ဖောရောင်ခြင်း(edema)က အလွန်ကိုအဖြစ်များပါတယ်။ အထူးသဖြင့်သင့်ရဲ့ တတိယ၃လမှာပေါ့။ ဒါတွေကဖနောင့်ကို ပိုပြီးမသက်မသာဖြစ်စေပါတယ်။

ဒါကြောင့် အန္တရာယ်ကင်းစိတ်ချရအောင်နဲ့ ချော်လဲမှု၊ လဲကျမှု စသဖြင့် ဖြစ်နိုင်တဲ့အခြေအနေတွေနည်းသွားအောင်လို့ သင့်ရဲ့ဒေါက်မြင့်တွေကိုသိမ်းထားလိုက်ပါ။ ကိုယ်ဝန်ဆောင်နေစဉ် လဲကျတာဟာ သင့်ကိုရော သင့်ကလေးကိုပါ ထိခိုက်စေနိုင်တာကြောင့် ဒေါက်ဖိနပ်မစီးခင် ၂ကြိမ်လောက်သေချာစဉ်းစားပါဦး။

တကယ်လို့သင်က အနည်းငယ်စိတ်ပျော်ရွှင်နေပြီး ဒေါက်ဖိနပ်စီးချင်စိတ်တွေဖြစ်နေမယ်ဆိုရင် စီးပြီးတဲ့အချိန်မှာ ခြေသလုံးကြွက်သားတွေကိုကောင်းကောင်းနှိပ်နယ်ပေးပြီး ဆန့် (အကြောလျှော့)ပေးပါ။ ကိုယ်ဝန်ဆောင်ကာလမှာ ဒေါက်ဖိနပ်စီးခြင်း မစီးခြင်းဟာ သင့်အပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမယ့် ယေဘုယျသဘောတူညီချက်တွေကတော့ ဖက်ရှင်ထက် အန္တရာယ်ကင်းမှုက ပိုအရေးကြီးတယ်ဆိုတာပါပဲ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Is it true that I shouldn’t wear high heels while I’m pregnant? http://www.babycentre.co.uk/x563001/is-it-true-that-i-shouldnt-wear-high-heels-while-im-pregnant. Accessed August 22, 2016.

Is it safe to wear high heels now that I’m pregnant? http://www.parents.com/advice/pregnancy-birth/my-pregnant-body/is-it-safe-to-wear-high-heels-now-that-im-pregnant/. Accessed August 22, 2016.

Is it safe to wear high heels when I’m pregnant? http://www.babycenter.com/404_is-it-safe-to-wear-high-heels-when-im-pregnant_1246881.bc. Accessed August 22, 2016.

Is It Safe To Wear High Heels During Pregnancy? http://www.thebump.com/a/high-heels-pregnant. Accessed August 22, 2016.

What effect does wearing shoes with high heels have during pregnancy? http://www.thepregnancycentre.com.au/pregnancy/tips/what-effect-does-wearing-shoes-with-high-heels-hav. Accessed August 22, 2016.

How high heels affect your body. http://www.thespinehealthinstitute.com/news-room/health-blog/how-high-heels-affect-your-body. Accessed August 22, 2016.

 

ယခုပုံစံ

23/09/2022

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဟော်မုန်း မညီမျှမှု ဖြစ်နေပြီလား?

အမျိုးသမီးနဲ့ သိုင်းရွိုက်ကျန်းမာရေး



Wathun Myat Chal မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement