backup og meta

အယ်ကိုဟောနှင့် ကဖင်းတွေဟာ ကလေးရနိုင်ခြေကို လျော့နည်းစေပါတယ်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အယ်ကိုဟောနှင့် ကဖင်းတွေဟာ ကလေးရနိုင်ခြေကို လျော့နည်းစေပါတယ်။

    ချောကလက်၊ ကိုလာ၊ ကော်ဖီ၊ ကပချီနို၊ အက်စ်ပရက်စို၊ လက်တီ မဆုံးနိုင်တော့ ပါဘူး။ ကဲ…… ဒါဆို ကျွန်တော်တို့ ကဖင်းတွေ ကြိုက်တယ်ဆိုတာ ဝင်ခံလိုက်ပါပြီ။ ကဖင်းဓါတ်ဆိုတာ ယေဘုယျအားဖြင့် စိတ်ကို သက်တောင့်သက်သာ ဖြစ်စေတဲ့ ဆေးတစ်မျိုးပါ။ coffeeresearch.org ဆိုတဲ့ ဝက်ဆိုက်က ၅၀ရာခိုင်နှုန်းသော လူငယ်တွေဟာ ကော်ဖီကို နေ့တိုင်းသောက်ကြပြီး ၂၅ရာခိုင်နှုန်ုးသော လူငယ်တွေဟာ အခါအားလျော်စွာ သောက်တတ်ကြပါတယ်။ ကဖင်းပါတဲ့ သောက်စရာများ သောက်သုံးသူ ၁၀၀၀၀ကို ကောက်ထားတဲ့ နောက်ဆုံးစစ်တမ်းတွေအရ မျိုးပွားနိုင်သောအရွယ်ရှိ မိန်းမတွေ သောက်သုံးတဲ့ ပျမ်းမျှ ကဖင်းမမာဏက တစ်ရက်ကို 100mg ရှိပြီး အမြင့်ဆုံးတစ်ရက်ကို 229mg ထိ ရှိကြပါတယ်။

    ကဖင်းဓါတ်က တခြား ကိုယ်အင်္ဂါတွေကို ထိခိုက်နိုင်ပါတယ်။

    ကဖင်းဓါတ် မှီဝဲမှု သိသိသာသာ တိုးပွားလာနဲ့အမျှ ကဖင်းဓါတ်က ကျန်းမာရေးအပေါ်မှာ ဘယ်လို သက်လောက်သက်ရောက်နေမယ်ဆိုတာကို လျော့တွက်လို့ မရပါဘူး။ ကဖင်းဓါတ်ရဲ့ ဦးနှောက်ကို လှုံ့ဆော်ပေါ်ခြင်း၊ နေ့ကောညကော အလုပ်လုပ်ဖို့၊ စာလုပ်ဖို့ တက်ကြွနေခြင်း စတဲ့ စွမ်းရည်တွေကြောင့် လူတော်တော်များများ ကြိုက်နှစ်သက်ရခြင်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကဖင်းဓါတ်က အခြားသော ကိုယ်အင်္ဂါစနစ်တွေကို သက်ရောက်မှု ရှိပါတယ်။ ကဖင်းဓါတ်က နှလုံးခုန်နှုန်းကို မြန်စေခြင်း၊ သွေးပေါင်ချိန်ကို တက်စေခြင်း၊ ဇီဝဖြစ်စဉ်တွေကို မြှင့်တင်ပေးခြင်းနှင့် ဆီးများများ သွားစေခြင်း တွေအတွက် တရားခံပါ။

    ကဖင်းဓါတ်က ကလေးပျက်ကျစေနိုင်သလို ဗိုက်ထဲက ကလေးကိုလည်း ဥပါဒ်ဖြစ်စေပါတယ်။

    ကဖင်းဓါတ်က ကလေးပျက်ကျနိုင်မှုရာခိုင်နှုန်းကို မြင့်မားစေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ တစ်နေ့ကို 200mg ထက်ပိုပြီး မှီဝဲတဲ့ မိန်းမတွေဟာ မမှီဝဲတဲ့ မိန်းမတွေမှာ ရှိတဲ့ ကလေးပျက်ကျနိုင်ခြေ ၁၂.၅ရာခိုင်နှုန်းရဲ့ ၂ဆ ၂၅.၅ရာခိုင်နှုန်းထိ မြင့်တက်သွားကြပါတယ်။ ကဖင်းဟာ အချင်းကို ဖြတ်သွားနိုင်ပြီး ဖွံ့ဖြိုးဆဲကလေးလေးကို ဆိုးကျိုးဖြစ်စေတယ်ဆိုတာ နောက်ထပ်သုသေတနတွေအရ သိရှိရပါတယ်။

    ကဖင်းဓါတ်က ကိုယ်ဝန်ရနိုင်ခြေကို အလွန်နည်းပါးသွားစေပါတယ်။

    ကဖင်းဓါတ်ဟာ ကိုယ်ဝန်ရနိုင်ခြေကိုနည်းစေသလို ကိုယ်ဝန်ရဖို့ ကြာလည်းကြာစေတယ်လို သိရှိရပါတယ်။ တစ်နေ့ကို ကော်ဖီတစ်ခွက်ထက် ပိုသောက်တဲ့မိန်းမတွေဟာ ကိုယ်ဝန်ရနိုင်ခြေ ၅၀ရာခိုင်နှုန်းပဲ ရှိတော့တာကို လေ့လာမှုတစ်ခုအရ သိရှိရပါတယ်။ ဖန်ပြွန် သန္ဓေသား ယူထားတဲ့ မိန်းမတွေကို လေ့လာတဲ့အခါမှာ ပျမ်းမျှတစ်နေ့ကို 50mg ပဲသောက်တဲ့ မိန်းမတွေမှာတောင်မှ ကိုယ်ဝန်ရနိုင်ခြေ နည်းနေတာကို တွေ့ရပါတယ်။ ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတာကိုတော့ ယခုထိ သေချာမသိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ ကဖင်းက မမျိုးဥဖွံ့ဖြိုးမှုကို နှောက်ယှက်နေတာနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ထင်ရပါတယ်။ မျောက်တွေနဲ့ ကြွက်တွေနဲ့ကို စမ်းသပ်တဲ့ အခါမှာတော့ ကဖင်းက မမျိုးဥဖွံ့ဖြိုးမှုကို နှောက်ယှက်နေတယ်လို့ တွေ့ရပါတယ်။

    မရင့်မာသေးတဲ့ မမျိုးဥဟာ မတည်မငြိမ်ဖြစ်နေပြီး မျိုးမအောင်နိုင်ပါဘူး။

    လေ့လာတွေ့ရှိချက်အများစုက ကဖင်းဓါတ်ရဲ့ ဆိုးကျိုးတွေဟာ ကဖင်းဓါတ်ဘယ်လောက်မှီဝဲလဲပေါ်မှာ မူတည်နေတယ်လို့ ဖော်ပြနေပါတယ်။ ဒါကြောင့် မိန်းမတွေဟာ ကော်ဖီ လျော့သောက်ဖို့ စဉ်းစားသင့်ပါတယ်။ ကဖင်းဓါတ်ကို ကော်ဖီ၊ လက်ဖက်ရည်၊ အချို့အအေးတွေနဲ့ ချောကလက်တွေက ရရှိပါတယ်။ ကဖင်းပါတဲ့ အရည်တွေ များများသောက်လေ့ရှိတဲ့ မိန်းမတွေဟာ ခေါင်းကိုက်တာ၊ စိတ်မသက်မသာဖြစ်တာ၊ ဂနာမငြိမ်ဖြစ်တာနဲ့ မအီမသာဖြစ်တာကို ရှောင်ရှားဖို့ ဖြည်းဖြည်းခြင်း ဖြတ်သင့်ပါတယ်။ နောက်ဆုံးတော့ ဆိုးကျိုးတွေ မဖြစ်အောင် ကဖင်းဘယ်လောက် မှီဝဲသင့်တယ်ဆိုတာ မရှိပါဘူး။ အဲဒါကြောင့် သင်တို့ဟာ ကလေးယူဖို့ အစီအစဉ် ရှိမယ်ဆိုရင်တော့ ကဖင်းဓါတ် မှီဝဲခြင်းကို ရပ်တန့်သင့်ပါပြီ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Phyo Wai Yan မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement