backup og meta

အမျိုးသမီးတစ်ယောက်ရာသီလာစဉ်တွင် ကိုယ်ဝန်ရနိုင်သလား


Dr . Phyu Mon Latt မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးတစ်ယောက်ရာသီလာစဉ်တွင် ကိုယ်ဝန်ရနိုင်သလား

    လူသိများတဲ့ ယုံတမ်းစကားတစ်ခုကတော့ အမျိုးသမီးတွေဟာ ရာသီလာချိန်မှာ ကိုယ်ဝန်မရနိုင်ဘူးဆိုတာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရနိုင်စွမ်းဟာ ပုံမှန်အချိန်ထက် ရာသီလာချိန်မှာ ပိုနည်းတတ်ပေမယ့် အမျိုးသမီးတွေဟာ ရာသီလာချိန်မှာ ကိုယ်ဝန်ရှိနိုင်ပါတယ်။

    ရာသီလာခြင်းဆိုတာ ဘာလဲ။

    ရာသီလာခြင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓါက မလိုအပ်တော့တဲ့ တစ်ရှူးတွေကို ထုတ်လုပ်လိုက်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီတစ်ရှူးတွေဟာ ကလေးငယ် အမျိုးသမီးကိုယ်ခန္ဓါအတွင်း ဖွံ့ဖြိုးနိုင်တဲ့ သားအိမ်အတွင်းက လာတာဖြစ်ပါတယ်။

    လတိုင်းမှာ အမျိုးသမီးရဲ့ သားအိမ်ဟာ မျိုးအောင်တဲ့ မျိုးဥကို လက်ခံဖို့ ထူလာတတ်ပါတယ်။ တကယ်လို့ မျိုးဥဟာ မျိုးမအောင်ဘူးဆိုရင်တော့ အမျိုးသမီးဟာ ကိုယ်ဝန်မရရှိပဲ ဒီနံရံတွေဟာ ကိုယ်ခန္ဓါအတွင်းကနေ သွေးအဖြစ် မိန်းမကိုယ်မှ ဆင်းလာနိုင်ပါတယ်။

    ဒီဖြစ်စဉ်ကို ရာသီလာခြင်းလို့ ခေါ်ပြီး ဒါဟာ လစဉ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက်ဟာ ရာသီလာနေပြီဆိုရင် ဒါဟာ သွေး သေးငယ်တဲ့ ပမာဏနဲ့ မလိုအပ်တဲ့ တစ်ရှူးတွေကို ကိုယ်ခန္ဓါက ထုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ မိန်းကလေးတွေ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ရင့်ကျက်လာတာနဲ့ အမျှ ပုံမှန်ဖြစ်စဉ် တစ်ခုသာ ဖြစ်ပါတယ်။

    အမျိုးသမီးတွေဟာ ရာသီလာနေစဉ် ကိုယ်ဝန်ရရှိနိုင်ပါသလား။

    လူအတော်များများက ရာသီလာစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန် မရရှိနိုင်ဘူးလို့ ထင်ကြပါတယ်။ အမှန်ကတော့ သူမ ရာသီလာနေစဉ်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။

    ဒါဟာ အောက်ပါ အကြောင်းရင်းနှစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။

    • မိန်းမကိုယ်မှ သွေးထွက်ခြင်း အကုန်လုံးဟာ ရာသီသွေးမဟုတ်ပါဘူး။ တခါတရံမှာ မိန်းကလေးတစ်ယောက်ဟာ သားဥကြွေချိန်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။ ဒီအချိန်ဟာ ကိုယ်ဝန်အများဆုံးရနိုင်ချိန် ဖြစ်ပါတယ်။ သားဥကြွေခြင်းကြောင့် သွေးဆင်းခြင်းကို ရာသီသွေးနဲ့ မှားတတ်ကြပါတယ်။
    • တခါတရံမှာ ရာသီလာပြီးပြီးချင်း (သို့) ရာသီလာပြီး ရက်အနည်းငယ်အတွင်းမှာ သားဥကြွေခြင်း ဖြစ်နိုင်ပါတယ်။ မိန်းကလေး အားလုံးဟာ သားဥကြွေတဲ့အချိန်မတူညီတာကြောင့် ဘယ်အချိန်မှာ ကိုယ်ဝန်ရရှိမှု အများဆုံးဖြစ်နိုင်မလဲဆိုတာ မသိရှိဖို့ မဖြစ်နိုင်ပါဘူး။ သုက်ပိုးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ခန္ဓါအတွင်းမှာ ၁ ရက် ၂ ရက်ကနေ ၅ ရက်အထိ နေနိုင်တာမို့ သုက်လွှတ်ပြီး ၇၂ နာရီကျော်ကြာတဲ့အထိ ကိုယ်ဝန်ရှိနိုင်တာမို့ ရာသီလာနေစဉ် အချိန်မှာ ကိုယ်ဝန်ရှိခြင်းဟာလည်း ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
    • ရာသီလာစဉ်မှာ ကိုယ်ဝန်ရှိနိုင်ခြေဟာ နည်းပေမယ့် ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ဒီအချိန်ဟာ ကိုယ်ဝန်ရလိုရင် လိင်ဆက်ဆံရမယ့် အချိန်တော့ မဟုတ်ပါဘူး။ ဒါ့အပြင် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဟာ အချိန်တိုင်းမှာ အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ရှိနိုင်ခြေနဲ့ အတူ သင့်မှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါ တွေ ဖြစ်တဲ့ ကလက်မိုင်ဒီယား၊ လိင်အင်္ဂါ ကြွက်နို့တွေနဲ့ HIV ရောဂါ ကူးစက်ခံရနိုင်ပါတယ်။ ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။ လိင်ဆက်ဆံမယ်ဆိုရင်လည်း မမျှော်လင့်ပဲ ကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါရရှိမှုကနေ ကာကွယ်ဖို့ ကွန်ဒုံးကို အချိန်တိုင်း အသုံးပြုသင့်ပါတယ်။

    တကယ်လို့ သင်ဟာ ကိုယ်ဝန်ရလိုပြီး တစ်နှစ် (သို့) တစ်နှစ်ကျော်ကြာအောင် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး မရဘူးဆိုရင်တော့ ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

    ဆရာဝန်တွေက သင့်သားဥကြွေချိန်ကို ဆန်းစစ်ခြင်း၊ စစ်ဆေးမှုတွေ ပြုလုပ်ခြင်းနဲ့ ကိုယ်ဝန်ရရှိဖို့ ရာနှုန်းများစေတဲ့ ကုသမှုတွေ ပြုလုပ်ခြင်းကို အကြံပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement