အောက်ပါလေ့ကျင့်ခန်းအချို့သည် ကိုယ်ဝန်ကို ထိခိုက်စေနိုင်သည်။
အပန်းဖြေပန်းခြံများရှိ စီးနင်းနိုင်သည့် အရာများ–
ရေလွှာလျှော နှင့် အပန်းဖြေပန်းခြံရျိ အခြားစီးနှင်းစရာများသည် ကိုယ်ဝန်ဆောင်မိခင်များအတွက် လုံးဝမသင့်တော်ပေ။ အရှိန်ဖြင့် ဆင်းသက်ခြင်း နှင့် ရုတ်တရက် သွားခြင်း နှင့် ရုတ်တရက်ရပ်တန့်ခြင်း များသည် ရင်သွေးကို ထိခိုက်စေနိုင်သည်။
စက်ဘီးစီးခြင်း-
ကိုယ်ဝန်ဆောင်မိခင်များ စက်ဘီးစီးခြင်းသည် မွေးလာ်မည့် ရင်သွေးငယ်အတွက် မသင့်တော်ပေ။ အတွေ့အကြုံရင့်သော စက်ဘီးစီးသမား ကိုယ်ဝန်ဆောင်မိခင်သည် ပထမသုံးလပါတ်ထိ စီးနင်းနိုင်သည်။ ဟန်ချက်ထိန်းနိုင်စွမ်း အားလျော့လာခြင်းသည် ကိုယ်ဝန်ဆောင်မိခင်များ စက်ဘီးစီးခြင်းကို အန္တရာယ်ဖြစ်စေသည်။ သို့သော် အိမ်တွင်း (သို့) အားကစားရုံအတွင်း စက်ဘီးစီးသည့် လေ့ကျင့်ခန်းများသည် အန္တရာယ်ကင်းသော လေ့ကျင့်ခန်းဖြစ်သည်။
ထိခိုက်စေနိုင်သေ အားကစားများ-
ဘောလုံး၊ ဘတ်စကတ်ဘော၊ ဘောလီဘော၊ ဟော်ကီ စသည့်အားကစားတို့သည် ဘောလုံးနှင့် ထိခိုက်ခြင်း၊ ရိုက်တံ နှင့် ထိခိုက်ခြင်း ၊တယောက်နှင့် တယောက်ထိခိုက်တတ်ခြင်း နှင့် လဲကျစေနိုင်ခြင်း စသည်တို့ ဖြစ်တတ်သောကြောင့် ကိုယ်ဝန်ကို အန္တရာယ်ရှိစေသည်။
ဒိုင်ဗင်ထိုးခြင်း-
ရေနှင့် ပြင်းထန်စွာ ထိခိုက်နိုင်သောကြောင့် ရင်သွေးငယ်အတွက် အန္တရာယ်ရှိသည်။
နှင်းလျှောစီးခြင်း-
နှင်းလျှောစီးခြင်းသည် ပြင်းထန်သော ဒဏ်ရာများကို ဖြစ်စေနိုင်သောကြောင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း လုံးဝမပြုလုပ်သင့်ပါ။ ပြုလုပ်မည်ဆိုပါက ပြေပြစ်သော လျှောစောင်းများကိုသာ ရွေးချယ်သင့်သည်။ သို့မဟုတ် ပြင်ညီနှင်းလျှောစီးခြင်းကိုသာ ပြုလုပ်သင့်သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။