backup og meta

အက်စ်ပရင် ဟာ ဘာကြောင့် ကလေးတွေနဲ့ မသင့်လျော်ရတာလဲ

လူကြီးတွေအတွက်တော့ အက်စ်ပရင်တို့ Acetaminophen တို့လို OTC အကိုက်အခဲပျောက်ဆေးမျိုးဟာ ဆေးညွှန်းနဲ့အညီ သတိပေးချက်တွေကို လိုက်နာလို့ သုံးစွဲရင် အတော်ကို ထိရောက်မှုရှိစေပါတယ်။

အက်စ်ပရင် ဟာ ဘာကြောင့် ကလေးတွေနဲ့ မသင့်လျော်ရတာလဲ

အကိုက်အခဲပျောက်ဆေး၊ နာကျင်တာကိုပျောက်စေနိုင်တဲ့ဆေးအများစုဟာ ကလေးတွေအတွက် အန္တရာယ်ကင်းပေမယ့် ဒီထဲမှာ အက်စ်ပရင် မပါပါဘူး။

ဒါဟာကလေးငယ်တွေမှာ Reye’s syndrome ရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ရဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ဆရာဝန်ရဲ့ ညွှန်ကြားမှုမရှိဘဲ ကလေးတွေကို အက်စ်ပရင် လုံးဝမတိုက်ပါနဲ့။

အက်စ်ပရင် ပါဝင်ပစ္စည်းတွေလိုပဲ တူညီတဲ့ပမာဏပါဝင်တဲ့ အခြားသော ဆေးတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့်

Pepto- Simol

Kaopectate

ဆီသို့မဟုတ် wintergreen ပါဝင်တဲ့ ထုတ်ကုန်တွေ

ဒီပစ္စည်းတွေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကလေးတွေကို တိုက်ကျွေးလို့မရပါဘူး။ ဒါတွေက ဗိုင်းရပ်စ်ဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်တော့ Reye’s syndrome ပေါ့။ ဒါဆိုရင် ဒီ Reye’s syndrome ဆိုတာဘာလဲ။ ကလေးတွေအတွက် ဘယ်လောက်တောင် အန္တရာယ်ကြီးနေလို့ပါလဲ။

Reye’s syndrome နဲ့ ၎င်း၏ လက္ခဏာများ

ဒီရောဂါဟာ ဘယ်အသက်အရွယ်မှာမဆိုဖြစ်နိုင်ပေမယ့် ရေကျောက်လို ဒါမှမဟုတ် တုပ်ကွေးလို ဗိုင်းရပ်စ်ပိုးဝင်ထားတဲ့ကလေးငယ်တွေ၊ အက်စ်ပရင်လိုဆေးတွေကို သောက်ထားရတဲ့ ကလေးငယ်တွေမှာ ပိုပြီးတွေ့ရများပါတယ်။ ဒါတွေဟာ Reye’s syndrome ဖြစ်နိုင်ချေတွေကို ပိုပြီးမြင့်မားစေတာပါပဲ။

ဆိုလိုချင်တာကတော့ တုပ်ကွေးနဲ့ ရေကျောက်တွေဟာ ခေါင်းကိုက်ခြင်းကိုဖြစ်စေပါတယ်။ ပြီးတော့ ဒါတွေကို ကုသနိုင်ဖို့အတွက် အက်စ်ပရင်ကို မသုံးဖို့လည်း တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။

ရောဂါရဲ့ ပထမဆုံးသော လက္ခဏာကတော့ ထိန်းချုပ်မရအောင် ဒေါသထွက်၊ သောင်းကျန်းပြီးတဲ့နောက်မှာ အန်တာပါ။ ကလေးငယ်တွေဟာ မူးမိုက်တာမျိုးဖြစ်တတ်ပြီး ရုတ်တရက် သတိလစ်သွားနိုင်ပါတယ်။

Reye’s Syndrome ကို ဘယ်လိုကာကွယ်ရမလဲ။

ယနေ့ခေတ်မှာတော့ ဆရာဝန်တွေဟာ ကလေးတွေကို အက်စ်ပရင်မပေးကြတော့ပါဘူး။ ဒါကြောင့် ဒီရောဂါကလည်း အဖြစ်နည်းလာပါတယ်။

ကလေးတွေ ခေါင်းကိုက်တဲ့အခါမှာတော့ Tylenol (acetaminophen) ဟာ အကောင်းဆုံးကုသမှုတစ်ခုပါပဲ။ ဆရာဝန်ညွှန်ကြားတဲ့ ပမာဏအတိုင်း သေချာတိုက်ပါ။

တကယ်လို့များ ကလေးရဲ့အခြေအနေမတိုးတက်လာဘူးဆိုရင် ဆရာဝန်ဆီက အကြံဉာဏ်တောင်းပါ။

Reye’s Syndrome ဟာ အန္တရာယ်များသလား။

Reye’s syndrome ကတော့ သေလောက်တဲ့ရောဂါမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ မှန်မှန်ကန်ကန်မကုသနိုင်ဘူးဆိုရင်တော့ ကလေးတွေမှာ ရာသက်ပန်ဦးနှောက်ထိခိုက်မှုမျိုးဖြစ်သွားစေနိုင်ပါတယ်။ ကလေးတွေမှာ အောက်ပါလက္ခဏာတွေထဲက တစ်ခုခုတွေ့နေရပြီဆိုရင်ဆေးရုံကို ချက်ချင်းခေါ်သွားပါ။

– တွေဝေမှိန်းမောခြင်း

– အားအင်မရှိ တက်ကြွမှုမရှိခြင်း (Lethargy)

– စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ

ဒါပေမဲ့ ကလေးတွေက သူတို့ရဲ့အပြုအမူတွေအပေါ်မှာ မထိန်းချုပ်နိုငတော့ဘူးဆိုရင် ဒါမှမဟုတ် အသိစိတ်လွတ်သွားပြီဆိုရင်တော့ အနီးစပ်ဆုံး အရေးပေါ်ဌာနကို အကြောင်းကြားပါ။ ဒါဟာ Reye’s Syndrome ပိုဆိုးလာတာလို့ ယူဆလို့ရပြီး ကလေးမှာလည်း အန္တရာယ်တော်တော်များနေပါပြီ။

Reye’s Syndrome ကို ဘယ်လိုရောဂါအတည်ပြုမလဲ။

ကလေးတွေမှာ Reye’s Syndrome ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ရပါမယ်။ ဒီစမ်းသပ်မှုတွေထဲမှာတော့

CT Scan : ဦးနှောက်ရောင်မရောင်စစ်ဆေးခြင်း

Lumbar Puncture : အပ်ကို အသုံးပြုပြီး ကိုယ်တွင်းအရည် နမူနာအနည်းငယ်ယူကာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် စစ်ဆေးခြင်း။

အသည်းဓါတ်ခွဲစမ်းသပ်ခြင်း : အသည်းတစ်သျှူး နမူနာအနည်းငယ်ယူပြီး ဆဲလ်တွေထဲမှာ ပြောင်းလဲမှုရှိမရှိဆိုတာရယ်၊ Reye’s syndrome နဲ့ ဆက်စပ်မှုရှိမရှိဆိုတာရယ် ဆရာဝန်တွေ စစ်ဆေးပါတယ်။

Reye’s Syndrome အတွက် ကုသမှု

ကုသမှုနည်းလမ်းတွေဟာ ရောဂါလက္ခဏာတွေလျော့ကျသွားဖို့ နဲ့ ရာသက်ပန် ဦးနှောက်ပျက်စီးထိခိုက်မှု ဖြစ်ခြင်းကို လျှော့ချနိုင်ဖို့အတွက်သာ ရည်ရွယ်ပါတယ်။

အချို့သောဆေးတွေကို သွေးကြောထဲ တိုက်ရိုက်သွင်းရပါတယ်။ ဥပမာ-

Electrolytes and fluids (ဓါတ်ဆား) – သကြား၊ ဆား၊ သတ္တုဓါတ်တွေနဲ့ အာဟာရဓါတ်တွေ ညီမျှဖို့အတွက်

Diuretics – ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ထုတ်ပေးပြီး ဦးနှောက်ရောင်ခြင်းကို လျှော့ချပေးပါတယ်။

Ammonia detoxicants- အမိုးနီးယားလယ်ဗယ်ကို လျှော့ချ (ဖြတ်ချ)ပေးပါတယ်။

Anticonvulsants – ရောဂါတိုးမြင့်လာမယ့် အခြေအနေကို ထိန်းချုပ်ပေးပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.healthline.com/health/headache-reyes-syndrome#Overview1

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ