brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သားသားမီးမီးတို့နဲ့ လိုင်ဆင်းဓာတ် (Lysine)

လိုင်ဆင်းဓာတ် (Lysine) ဆိုတဲ့ စကားလုံးကို TV ကြော်ငြာတွေကနေတဆင့်တော့ မေမေတိုင်းလိုလို ရင်းနှီးနေနိုင်ပါတယ်။ ဒီရင်းနှီးပြီးသား စကားလုံးလေးဖြစ်တဲ့ လိုင်ဆင်း (Lysine) လေးကဘာလဲ။ သားသားမီးမီးတွေအတွက် ဘယ်လို အကျိုးပြုပေးလဲ။ ဘယ်အရွယ်တွေဆို သောက်လို့ ရပြီလဲဆိုတာတွေကို ဆောင်းပါးလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်လား …..

သားသားမီးမီးတို့နဲ့ လိုင်ဆင်းဓာတ် (Lysine)

လိုင်ဆင်းဓာတ် (Lysine) ဆိုတာ ဘာလဲ။

လိုင်ဆင်း (Lysine) ဆိုတာက အမိုင်နိုအက်ဆစ် တစ်မျိုးပါ။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပေါ့။ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် နေ့စဉ် စားသုံးမှုတွေကနေဆင့် ရယူနေရတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပေါ့။

လိုင်ဆင်းက အစားစားချင်စိတ်ကို တိုးစေနိုင်ပြီး သားသားမီးမီးတို့ကို အစားများများ စားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါတွေအပြင် လိုင်ဆင်းက အူတွေရဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကို ကောင်းမွန်စေပြီး အရိုးတွေ ကြံ့ခိုင်စေဖို့ ထောက်ကူပေးပါတယ်။ သားသားမီးမီးတို့ကို ကြီးထွားဖွံ့ဖြိုးစေဖို့နဲ့ ကိုယ်အလေးချိန် တိုးစေဖို့လည်း ထောက်ကူပေးပါသေးတယ်။

လိုင်ဆင်းဓာတ် (Lysine) ကို ဘယ်သားသားမီးမီးတွေ အဓိက သောက်သင့်လဲ။

လိုင်ဆင်းဓာတ်ကို အဓိကသောက်သင့်တဲ့ သားသားမီးမီးတွေကတော့ အစားရွေးတဲ့ သားသားမီးမီးတွေပါ။ အကြောင်းကတော့ လိုင်ဆင်းက အစားစားချင်စိတ်ကို တိုးစေနိုင်တာကြောင့် အစာရွေးတဲ့ သားသားမီးမီးတွေကို အာဟာရ ပြည့်ဝလုံလောက်စွာ ရရှိစေဖို့အတွက် တိုက်ပေးသင့်တာပါ။

ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတွေက အစာအုပ်စုတွေကို ပြည့်ပြည့်ဝဝ စားမိပြီး လုံလောက်တဲ့ အာဟာရကို ရရှိမှ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးမှာ ဖြစ်သလို ကိုယ်ခံအားလည်း ကောင်းမှာပါ။ ဖျားနာမှု ကင်းပြီး ကျန်းမာပျော်ရွှင်စွာနဲ့ အရွယ်ရောက် ကြီးပြင်းလာမှာပါ။

ဘယ်အရွယ်ဆိုရင် လိုင်ဆင်း သောက်လို့ရပြီလဲ။

လိုင်ဆင်း (Lysine) နဲ့ ကျန်းမာရေး

အရမ်းငယ်သေးရင် သားသားမီးမီးတွေကို လိုင်ဆင်း တိုက်လို့ မရသေးပါဘူး။ သားသားမီးမီးလေးတွေက အသက် ၂ နှစ် ပြည့်ပြီးမှ လိုင်ဆင်းကို တိုက်ပေးသင့်ပါတယ်။ အသက်၂နှစ်ကနေစလို့ လူ​ကြီးတွေအထိ လိုင်ဆင်းကို သောက်ပေးလို့ ရပါတယ်။

လိုင်ဆင်းက သားသားမီးမီးတို့အတွက် ဘယ်လို အကျိုးပြုပေးလဲ။

လိုင်ဆင်းက သားသားမီးမီးတို့ကို ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးသလို fatty acidsကို စွမ်းအင်အဖြစ် ပြောင်းလဲပေးပြီး သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်တဲ့ carnitine ထွက်ရှိစေဖို့ လုပ်ဆောင်ပေးပါတယ်။ ကော်လာဂျင် ထွက်ရှိစေဖို့ ထောက်ကူပေးသလို သားသားမီးမီးတို့ သွားတွေနဲ့ အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့လည်း ထောက်ကူပေးပါတယ်။

သားသားမီးမီးတို့က ငယ်စဉ်မှာ လိုင်ဆင်းကို ပြည့်ပြည့်ဝဝ မရရှိဘူးဆိုရင် ပင်ပန်းလွယ်တာ၊ မအီမသာဖြစ်တာ၊ မူးဝေတာ၊ အစားစားချင်စိတ် မရှိတာ၊ ကြီးထွားမှု နှေးတာတွေကို ခံစားရနိုင်ပါတယ်။

လိုင်ဆင်းဓာတ် (Lysine) ရရှိနိုင်တဲ့ အာဟာရ အရင်းအမြစ်တွေက ဘာတွေလဲ။

လိုင်ဆင်းကို ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် အစားအစာတွေကနေပဲ ရယူရပါတယ်။ သားသားမီးမီးတို့ကို လိုင်ဆင်း ပြည့်ပြည့်ဝဝ ရရှိစေဖို့ဆိုရင် ပရိုတင်း ကြွယ်ဝတဲ့

လိုင်ဆင်း (Lysine)ကို ငယ်စဉ်ကတည်းက ပြည့်ဝလုံလောက်အောင် ကျွေးမွေးတာက ကျန်းမာဖွံ့ထွားတဲ့ သားသားမီးမီးတွေ အဖြစ် ကြီးပြင်း အရွယ်ရောက်လာစေမှာပါ။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/02/2025 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။