backup og meta

ကျန်းမာပြီးပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ဖို့ အကြံပြုချက် (၈)ချက်

ကျန်းမာပြီးပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ဖို့ အကြံပြုချက် (၈)ချက်

ကိုယ့်ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့ ရင်သွေးလေးကိုတောက်ပတဲ့အနာဂတ် မပိုင်ဆိုင်စေချင်တဲ့ မိဘမရှိပါဘူး။ သားသမီးတွေကို အကောင်းဆုံးဖြစ်လာဖို့ကိုပဲ မျှော်လင့်ပြီး အကောင်းဆုံးအရာတွေကိုပဲ ပေးချင်တာက မိဘတိုင်းရဲ့ စိတ်ကူးဆန္ဒပါ။ ကလေးတွေဟာ ငယ်ရွယ်စဉ်မှာ ဖယောင်းလေးတွေလိုပဲ ပုံသွင်းလို့ရပါတယ်။ ငယ်စဉ်မှာ အကောင်းဆုံးသော ဂရုစိုက်ပျိုးထောင်မှုတွေပြုလုပ်ပေးမယ်ဆိုရင် ကျန်းမာပျော်ရွှင်ဉာဏ်ကောင်းစွာနဲ့ အရွယ်ရောက်လာမှာပါ။ ကျန်းမာပြီး ပျော်ရွှင်တဲ့ကလေးတစ်ယောက်ဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတဲ့ အကြံပြုချက် (၈)ချက်ရှိပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းစေဖို့

(၁) ချစ်ခင်မှုကို ခံစားရပါစေ –ကလေးကို မချစ်တဲ့ မိဘရယ်လို့မရှိလောက်ဘူးဆိုပေမယ့် ချစ်တာကိုဖော်ပြပေးဖို့မေ့မနေပါနဲ့။ အချို့မိဘတွေကချစ်တာကိုဖော်မပြဘဲ ရင်ထဲမှာ သိမ်းထားတတ်ကြပါတယ်။ ကလေးကိုမြင်သာအောင်ချစ်ပြဖို့ မမေ့ပါနဲ့။ ချစ်ခြင်းမေတ္တာဆိုတာ နွေးထွေးနူးညံ့တဲ့အရာတစ်ခုပါ။ အဲဒါကို ကလေးခံစားရပါစေ။

(၂) ကလေးနဲ့အတူတူ အချိန်ဖြုန်းပေးပါ။ ကစားပေးပါ –ကလေးက ကစားစရာအဖော်တွေရှိနေတယ်ဆိုပေမယ့်တောင်မှ မိဘတွေအနေနဲ့ပျော်ရွှင်စရာ ကစားနည်းလေးတွေကို ကလေးနဲ့ အတူတူကစားပေးလို့ရပါတယ်။ ဒါမှ ကလေးနဲ့မိဘကြားမှာ ချစ်ခြင်းမေတ္တာတိုးလာပြီး ကလေးရဲ့ ခန္ဓါကိုယ် နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံး အထောက်အပံ့ဖြစ်စေမှာပါ။

(၃) ကလေးရဲ့ ရင်ဖွင့်တိုင်ပင်ဖော်ဖြစ်ပေးပါ – ကလေးလေးမို့ စိတ်ညစ်စရာမရှိဘူးလို့ မထင်လိုက်ပါနဲ့နော်။ သူ့အရွယ်လေးနဲ့သူစိတ်ညစ်စရာ ၊စိုးရိမ်စရာကတော့ ရှိစမြဲပါ။ဖေဖေကိုပြောပြခွင့်မရရင်တောင်မေမေ့ကိုရင်ဖွင့်ချင်မှာတော့ အမှန်ပါပဲ။ ဒါကြောင့် အလုပ်များနေရင်တောင် အချိန်လေးနည်းနည်းလေးဖဲ့ပေးပြီးဘေဘီလေးရဲ့ တစ်နေ့တာအတွေ့အကြုံတွေကို နားထောင်ပေးပါ။ ဝမ်းနည်းမှုတွေ ပျော်ရွှင်စရာတွေစသဖြင့် သူ့ခံစားချက်တွေကို နားထောင်ပေးပါ။

(၄) ကလေးကို ဂရုစိုက်ကြောင်းသိအောင်ပြပေးပါ – ကလေးတိုင်းမှာ မိဘတွေရဲ့ ဂရုစိုက်အလေးထားမှုကိုအပြည့်အဝရရှိခွင့်ရှိနေပါတယ်။ ကလေးလေးကမေမေဖေဖေတွေရဲ့ ဂရုစိုက်မှုကိုရမှလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုပြည့်ဝပြီး ကိုယ်ရောစိတ်ပါကျန်းမာပျော်ရွှင်မှာပါ။ သူ့ကိုဂရုစိုက်တယ်ဆိုတာ ချစ်ခင်မြတ်နိုးအလေးပေးကြတယ်ဆိုတာကို သူလေးသိပါစေ။

(၅) ကလေးနဲ့အတူ စာအုပ်ဖတ်ပါ၊ သီချင်းဆိုပါ – ကလေးလေးတွေကို စာအုပ်ဖတ်ပြတာ၊ ကလေးနဲ့အတူ သီချင်းအတူတူဆိုတာမျိုးရောင်စုံစာအုပ်မှာ အရောင်ခြယ်တာ၊ လက်ချောင်းလေးတွေကို သုံးပြီး လုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေကိုတူတူလုပ်ဆောင်ပေးပါ။ ဒီလိုလုပ်ပေးတာကကလေးကို စိတ်ပျော်ရွှင်စေပြီး စိတ်ကူးဉာဏ်ရင့်သန်စေမှာ အသေအချာပါ။

(၆) ကလေးကို အတွေ့အကြုံသစ်တွေသင်ပေးပါ – ကလေးရဲ့ လက်ဦးဆရာတွေကမိဘတွေပါ။ ကလေးကို လူမှုဘဝနေထိုင်ရေးမှာလိုအပ်တာတွေကို သင်ပေးရမှာက မိဘတွေရဲ့တာဝန်ပါ။ ကလေးကို အစားအသောက်ကိုဘယ်လိုစားမယ်။ ဘယ်လိုနေထိုင်သွားလာရမယ်၊ပြုမူဆက်ဆံရမယ်ဆိုတာတွေအပြင် အသက်အရွယ်အလိုက် သိထားဖို့လိုမယ့် အချက်လေးတွေကို မိဘတွေက သင်ကြားပေးဖို့လိုပါမယ်။ ဒါက ကလေးတစ်ယောက်ကောင်းမွန်စွာကြီးပြင်းလာစေဖို့မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပါ။

(၇) အာဟာရသတိပြု – မိဘတွေရဲ့ တာဝန်တွေအများကြီးမှာ ကိုယ့်ရဲ့ကလေးရဲ့ အစားအသောက်အာဟာရနဲ့ ကျန်းကျန်းမာမာ စားသုံးတတ်တဲ့သူတွေတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးဖို့လည်းပါပါတယ်။ အာဟာရပြည့်ဝစွာ စားသုံးတတ်အောင် သင်ကြားပေးဖို့နဲ့ အာဟာရပြည့်ဝတဲ့အစားသောက်တွေနဲ့ ကျွေးမွေးပြုစုပေးဖို့လိုပါတယ်။ ကလေးက ဘာစားစား ကျွေးနေတာမျိုး ဒါမှမဟုတ် သူစားချင်တာစားလွှတ်ပေးထားတာမျိုးမဟုတ်တာကို သတိထားဖို့လိုအပ်ပါတယ်။ အစားတွေစားနေပေမယ့် ကျွေးမွေးနေပေမယ့် အာဟာရပြည့်ဝတဲ့ ဦးနှောက်နဲ့ ခန္ဓါကိုယ်ဖွံ့ဖြိုးကျန်းမာစေတဲ့အစားအသောက်တွေမဟုတ်ဘူးဆိုရင် ကလေးကကောင်းကောင်းမွန်မွန်ပျော်ပျော်ရွှင်ရွှင် ဖွံ့ဖြိုးကြီးထွားနိုင်မှာမဟုတ်ဘဲ အဝလွန်နေတာ ဒါမှမဟုတ် ပိန်လှီနေတာတွေဖြစ်နိုင်ပါတယ်။

ကလေးတစ်ယောက်ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေရေးအတွက် ကလေးနေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေ ပြည့်ပြည့်ဝဝနဲ့ အချိုးကျမျှတနေဖို့ လိုအပ်ပါတယ်။ ကလေးကိုနေ့စဉ်အစားအစာပြင်ဆင်ပေးတဲ့အခါ အသား၊ ငါး၊ အသီးအရွက်တွေသမမျှတမှ ကလေးကျန်းမာစေဖို့လိုအပ်တဲ့အာဟာရဓါတ်တွပြည့်ဝမှာပါ။ ဒီလိုမျိုးပြင်ဆင်ပေးဖို့က အလုပ်များတဲ့မေမေတေအတွက် အမြဲအဆင်မပြေနိုင်တာတော့ အမှန်ပဲနော်။ ဒါပေမယ့် ကလေးကို အခြားကလေးတွေလိုပဲ ကျန်းမာပျော်ရွှင်စွာနဲ့ကြီးပြင်းလာစေတဲ့ဆန္ဒကလည်းရှိနေမယ်ဆိုရင်တော့မေမေတို့အဆင်ပြေစေဖို့အတွက်ဖြည့်စွက်အာဟာရတွေကို အားကိုးလို့ရပါတယ်။ အခုနောက်ပိုင်းကဈေးကွက်ထဲမှာ ကလေးအတွက်ရော၊ လူကြီးအတွက်ပါ အာဟာရဖြည့်တင်းပေးနိုင်တဲ့အရာတွေကအတော်များသားနော်။သောက်စရာအနေနဲ့သောက်မလား။ ဒါမှမဟုတ် စားမလားပေါ့။ ခက်တာက ဖြည့်စွက်အာဟာရတွေဆိုပေမယ့်လည်း ကလေးကြိုက်အောင်လုပ်ရင်း သကြားတွေအရမ်းများနေတာ၊ အာဟာရအမှန်တကယ်မပြည့်တာတွေဖြစ်နိုင်ပါတယ်။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးကြောင့်လေး နေရတာမျိုး မဖြစ်ချင်ဘူးမလား။ ဒီတော့ များပြားလှတဲ့ ဖြည့်စွက် အာဟာရတွေထဲက ကိုယ့်ကလေးလေး အတွက် ဘာရွေးရမှန်မသိဘူးဖြစ်နေရင်တော့ ကလေးတွေကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ပြည့်ဝဝပါဝင်နေတဲ့ BRAND’S NutriChamp လေးကို ညွှန်းပါရစေBRAND’S NutriChamp မှာဆိုရင် ကလေးတွေကျန်းမာစေဖို့နဲ့ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်၁၈ မျိုးပါဝင်နေပြီး အရည်အသွေးမြင့်အာဟာရဖြစ်တာကြောင့် သားသားမီးမီးတို့အတွက် စိတ်ချစွာနဲ့အားကိုးလို့ရပါတယ်။။ အားဖြည့်အချိုရည်တွေ၊ သကြားဓါတ်ကဲတဲ့သောက်စရာတွေအစား ရေနွေးထဲဖြစ်ဖြစ် နို့ပူပူလေးတစ်ခွက်ထဲရောစပ်လို့ဖြစ်ဖြစ်နေ့လယ်နေ့ခင်း အဆာပြေသောက်ပေးလို့ရပါတယ်။ အာဟာရဓါတ်လည်း ပြည့်ဝတဲ့အပြင် ပြုလုပ်ရတာလည်း လွယ်ကူတော့ မိဘတွေအတွက်ရော ကလေးတွေအတွက်ရော အရမ်းကိုအဆင်ပြေပါတယ်။

(၈) အိပ်စက်ချိန်ဂရုစိုက်ပါ – ကလေးတစ်ယောက်ကျန်းမာပျော်ရွှင်ဖို့နောက်ဆုံးသတိထားပေးရမယ့်အချက်က ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန်ကမဖြစ်မနေထားရှိသင့်တာပါ။ ဒါကြောင့်ကလေးကို ညစဉ် ၈ နာရီပြည့်အောင် အိပ်စက်နိုင်ဖို့ သတိထားပေးပါ။ အိပ်ရာဝင်ပုံပြင်ပြောပြတာ၊ သီချင်းဆိုပြတာတွေက ကလေးကိုကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

ကဲ လက်တွေ့ကျကျနဲ့ ကလေးကိုပျိုးထောင်ကြည့်လိုက်ပါ။ နည်းစနစ်မှန်မှန်ပျိုးထောင်မှုနဲ့အတူ ကလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းခွင့်ပေးလိုက်ပါ……..

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References

What Makes Kids Intelligent? https://www.webmd.com/baby/features/what-makes-kids-intelligent#3 Accessed Date 26 February 2019

Top 10 Parenting Tips https://www.webmd.com/parenting/guide/top-ten-parenting-tips#3 Accessed Date 26 February 2019

How to Raise a Smart Baby https://www.webmd.com/parenting/baby/features/brain-development#4 Accessed Date 26 February 2019

7 Brain Foods for Kids https://www.webmd.com/add-adhd/childhood-adhd/features/brain-foods-kids#2 Accessed Date 26 February 2019

Help Your Child Grow Up Healthy and Strong https://www.webmd.com/parenting/child-healthy-strong#1 Accessed Date 26 February 2019

How to raise a happy baby and child (birth to 12 mo.) https://www.babycenter.com/0_how-to-raise-a-happy-baby-and-child-birth-to-12-mo_1490882.bc Accessed Date 26 February 2019

7 Secrets to Raising a Happy Child https://www.parents.com/toddlers-preschoolers/development/fear/raising-happy-children/ Accessed Date 26 February 2019

25 Scientific Tips For Raising Happy (& Healthy) Kids https://www.livescience.com/17894-10-scientific-parenting-tips.html Accessed Date 26 February 2019

10 Ways to Raise a Happy Child https://www.psychologytoday.com/us/blog/litlife/201307/10-ways-raise-happy-child Accessed Date 26 February 2019

ယခုပုံစံ

18/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement